လွိုင်ကော် - မိုးဗြဲ လမ်းမကြီးတစ်လျှောက် တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ၂၀ဦးထက် မနည်းသေဆုံး

လွိုင်ကော် - မိုးဗြဲ လမ်းမကြီးတစ်လျှောက် တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ၂၀ဦးထက် မနည်းသေဆုံး

လွိုင်ကော် - မိုးဗြဲလမ်းမကြီးတစ်လျှောက်မှာ ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ပြီး ဇူလိုင်လ ၂၈ရက်နေ့အထိ ၈ ရက် တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း နဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ၈ ရက်တာ တိုက်ပွဲထဲ စစ်သုံးကား နှစ်စီးလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် - KNDF မှ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ယာဉ်တန်းကတော့ (၅၄) တပ်ထဲကို ဝင်သွားတယ်လို့လည်း ပြောတယ်ပေါ့နော်။ စစ်ယာဉ်တန်းတွေကတော့ လွိုင်ကော်မြို့ထဲ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေထဲကို ရောက်သွားပြီလို့ပြောပါတယ်။ လွိုင်ကော်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဖက်က ၂၀ဦးထက်မနည်းသေဆုံးခဲ့တယ်ပေါ့နော။ ၂၄ရက်နေ့မှာ ကျနော်တို့ ပူးပေါင်းတပ်တွေ ဖြတ်တိုက်လိုက်တယ်။ စစ်ကောင်စီဖက်က ကား ၂စီးပျက်စီးသွားတယ်ပေါ့နော။ စစ်ကောင်စီ ဖက်ကတော့ ထိခိုက်တာတွေရှိမယ်။ အကျဆုံးကတော့ ၂၀ဦးခန့်ရှိမယ်ပေါ့နော်“ လို့ KNDFသတင်းနဲ့ ပြန်ကြား ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်တွေကတော့ MA-1 (၅) လက်၊ MA-2 စက်ကလေး (၁)လက်၊ MA-3 (၂)လက် အပါ အဝင် ဆက်စပ် ခဲယမ်းမီးကျောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ပါတယ်။

စစ်ကောင်စီကနေ စစ်ယာဉ်တန်း ၁၀၀ ဝန်းကျင်နဲ့ အင်အားဖြည့်ဝင်ရောက်ခြင်း၊ စစ်ကြောင်းထိုးခြင်းတွေကို လုပ်ဆောင်လာတဲ့အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တန်းတွေကတော့ လွိုင်ကော်မြို့ထဲ စစ်ကောင်စီရဲ့ တပ်စခန်းတွေထဲ ရောက်ရှိတာတွေရှိတယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေး တာ ဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ အတောအတွင်း စစ်ကောင်စီတပ်ဟာ ဖယ်ခုံ - မိုးဗြဲ လမ်းမကြီးမှ တဆင့် လွိုင်ကော် ဖက်ကို ဦးတည်တဲ့ စစ်ယာဉ်တန်းနဲ့ အင်အားဖြည့် ဝင်ရောက်လာခဲ့တဲ့အတွက် မိုးဗြဲမြို့အထွက် လမ်းမကြီး တစ်လျှောက်မှာလည်း KNDF တပ်ရင်း (၃) နဲ့ မိတ်ဖက်တပ်ဖွဲ့ကနေ ကြားဖြတ် ပူးပေါင်းတိုက်ခိုက်ခဲ့ပါသေး တယ်။

ဇူလိုင်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲအတွင်း လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာ ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် နဲ့ မိုးဗြဲဖက်မှ စစ်ယာဥ်တန်းကားများဖြင့် လွိုင်ကော်ဖက်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီတပ်မတော် (KA)၊ KNDF တပ်ရင်း (၂)၊ တပ်ရင်း (၁၂)၊ တပ် ရင်း (၁၄)၊ KNDF ETD၊ Loikaw PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

ကရင်နီပြည်နယ်အတွင်းသို့ စစ်ကောင်စီတပ်ဟာ ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော် လမ်းမကြီးအား အသုံးပြုပြီး စစ် ယာဥ်တန်းကားများ အပြင် အရပ်သားကားများအား အသွင်ယူပြီး အသုံးပြုကာ ဝင်ရောက်နေတဲ့အတွက် လမ်းမ ကြီးတစ်လျှောက် ကရင်နီပူးပေါင်းတပ်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ် ပွားနေပါတယ်။

ထိတွေ့တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့နယ်အတွင်းက နွားလဝိုးကျေးရွာအပြင် အနီးအနားက ကျေးရွာတွေ လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လက်ရှိမှာလည်း လွိုင်ကော် - မိုးဗြဲ - ဖယ်ခုံ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ရေးလှုပ်ရှားမှု ရှိနေသေး လို့ ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တဲ့အတွက် သွားလာနေကြတဲ့ မိဘပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊ သတိရှိစွာနဲ့ သွားလာကြဖို့ KNDF က မေတ္တာရပ်ခံ အသိပေးထားပါတယ်။

October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...