စစ်ကောင်စီ ယာဉ်တန်းတိုက်ခိုက်မှုအတွင်း ကား ၃ စီးပျက်စီးပြီး ၁ ဦးသေဆုံးခဲ့ကြောင်း TPDF ထုတ်ပြန်

စစ်ကောင်စီ ယာဉ်တန်းတိုက်ခိုက်မှုအတွင်း ကား ၃ စီးပျက်စီးပြီး ၁ ဦးသေဆုံးခဲ့ကြောင်း TPDF ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဖြတ်ဝင်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက် နေ့က တိုက်ခိုက်ခဲ့မှု လုပ်ဆောင်သောကြောင့် စစ်ကောင်စီတပ်ကား ၃ စီးပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု - TPDF က ယမန်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

စစ်အင်အား အပြည့်ပါလာသည့် ကား ၁၂ စီးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA၊ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ -PDF၊ ဘီးလင်းကာကွယ်ရေးတပ်ဖွဲ့၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစုနှင့် သူရိယစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များက ကရင်ပြည်နယ်အတွင်း စစ်ကူပေးရန်လာသည့် အဆိုပါ ယာဉ်တန်းကို ဖြတ်တောက်ခြင်း ဖြစ်သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ် ရေးတော်လှန်ရေးအင်အားစု - TPDFမှ ရဲဘော် တစ်ဦးက ပြောသည်။

၎င်းက “ယာဉ်တန်း ၁၂ စီးပါ။ ကား ၃ စီးထိခိုက် မှုရှိပါတယ်။ မျက်မြင် အနေအထားကတော့ တစ်ဦးလဲကျတာကို တွေ့ရပါတယ်။ ယာဉ်တန်းနဲ့အတူပါလာတဲ့ စက်လတ်ပစ်သမားပါ။ ထိခိုက်မှုများနိုင်ပါတယ်။ စကစယာဉ် တန်း တွေက ပဲခူးဘက် ကလာတာပါ။ ဘီးလင်းမြို့နယ်ထဲမှာတော့ တစ်ကြိမ်မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ် တွေနဲ့ ပစ်ခတ်ပါတယ်။ သထုံအဝင်မှာတော့ ယာဉ်တန်းအတွက် ချထားတဲ့ကင်းပုန်းတွေကို ဒရုန်းနဲ့တိုက်ခိုက်တာ ပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ယာဉ်တန်းတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် ဘီးလင်းပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ TPDF ရဲဘော်က ဆက် ပြောသည်။

၎င်းအပြင် မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ ဘီးလင်း၊ ကျိုက်ထိုလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ စစ်အင် အားတိုးမှု နည်းပါးနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှလည်း နယ်မြေစိုးမိုးမှု ပိုမိုလုပ်ဆောင်လာနိုင်သည် ဟု ထို TPDF ရဲဘော်က ဆက်ပြောသည်။

“သူတို့ဘက်ကတော့ အင်အားအများကြီးသုံးပြီး စစ်ကြောင်းထိုးလာတာတွေ နည်းသွားပါပြီး။ သူတို့တပ် စခန်း တွေထဲမှာပဲ ခံစစ်ပြင်ထားကြတာလို့ သိရပါတယ်။ နယ်မြေစိုးမိုးမှုကိုတော့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပိုပြီးလုပ်ဆောင်လာ နေပါပြီ။ လမ်းသွားလမ်းလာတွေကိုကတော့ အထူးမှာချင်ပါတယ်။ စကစယာဉ်တန်းတွေ စကစတွေနဲ့ဆုံရင် ဝေးဝေး ကနေပေးကြဖို့ပါ။ ဒေသအတွင်းပြည်သူတွေအနေနဲ့လည်း လုံခြုံရေးသတိ၊ စစ်ရေး သတိ အပြည့်နဲ့ နေထိုင်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

၎င်းယာဉ်တန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီး ညနေပိုင်းအချိန်တွင် သထုံမြို့နယ် ကမာစိုင်ကျေးရွာရှိ ဆီဆိုင်ဝင်း အတွင်း ကင်းပုန်းဝပ်ချထားသည့် အင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီတပ်ကို KNLA တပ်ရင်း ၂ တပ်ခွဲ ၃ ၊ HRS ဒရုန်းတပ်ဖွဲ့ ၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်)PPDF-KDနှင့် သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ -TPDF တို့ ပူးပေါင်းတပ်ဖွဲ့ကလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု PPDF-KD ရဲဘော်တစ်ဦးက ယခုလိုပြောသည်။

“ကင်းပုန်းနေရာတွေရှိတာသိတဲ့အတွက် ကျနော်တို့ပူးပေါင်းအဖွဲ့တွေအနေနဲ့ ဒရုန်းနဲ့သွားချတာပါ။ အင်အား ၃၀ ခန့်ရှိပါ တယ်။ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေလို့ ထိခိုက်ကျဆုံးမှုမသိရသေးပါဘူး။ ကျနော်တို့ဘက်ကလည်း စကစ ဘက်က စစ်ကြောင်းထိုးဖို့ပြင်ဆင်တာမျိုးတွေလည်း သတိထားစောင့်ကြည့်နေပါတယ်။ သူတို့စခန်းတွေမှာက ခံစစ်ပိုပြင်လာတာ တွေ့ရပါတယ်။ နင်းမိုင်းတွေပိုပြီးတော့ ထောင်လာပါတယ်” ဟု ထို PDF-KD ရဲဘော်က ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင်လည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲဝန်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် ၄ လေ့ကျင့်ရေးတပ်၊ ၃၁၅ အမြောက်တပ်နှင့် ကျားဖြူစစ်ကြောင်း၊ KNLA တပ်ရင်း ၂၇ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး တစ်ဦး ထိခိုက်ဒဏ်ရာရကာ ၅ ဦးသေဆုံးခဲ့သည်ဟုလည်း ကျားဖြူတပ်ခွဲ ၁ က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ် ရေးမြို့နယ်၊ သံဖြူဇရပ်၊ ကျိုက်ထို၊ သထုံ၊ ဘီးလင်း စသည့်လမ်းပိုင်းနှင့် နီးစပ်သည့်ကျေးရွာများ ထဲတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့်် စစ်ကောင်စီတပ်များအကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ ရှိပြီး စစ်ကောင်စီ တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် သထုံမြို့နယ် ရွှေရောင်ပြ၊ ဇီးဝန်း၊ အဝင်းကြီး၊ ခလောက်အင်း၊ မိချောင်း အိုင်၊ မရမ်းကုန်း၊ ဒေါင်းရွာ၊ ပန်းအောင်ကုန်းစသည့် ကျေးရွာများထဲမှ ဒေသခံပြည်သူ စုစုပေါင်း (၂,၈၉၂) ဦးခန့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း ကေအဲန်ယူ ဒူးသထူး (သထုံ) ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...