ရေဖြူမြို့နယ် အလယ်စခန်းရွာအနီးတွင် ပစ်ခတ်မှု နေ့စဥ်ဖြစ်ပွားနေ

ရေဖြူမြို့နယ် အလယ်စခန်းရွာအနီးတွင် ပစ်ခတ်မှု နေ့စဥ်ဖြစ်ပွားနေ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတွင် ဇူလိုင်လ ၁၈ ရက်နေ့ကစတင်ပြီး ယနေ့အချိန်ထိ ပစ်ခတ်မှုများ နေ့စဥ် ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

အလယ်စခန်းကျေးရွာ အနီးတဝိုက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင်လ ၁၈ ရက်နေ့က ပစ်ခတ်မှု စတင် ဖြစ်ပွားခဲ့သည်။

“တိုက်ပွဲဖြစ်ပြီးကတည်းက နေ့တိုင်း ပစ်ခတ်နေတာ။ တစ်ရက်မှာ ၃/၄ ခါလောက် ပစ်လိုက် ရပ်လိုက်နဲ့ လက် နက်ကြီးရော လက်နက်ငယ်ရော ဗုံးသံတွေရော ကြားနေရတာ။ နှစ်ဖက်ပစ်ခတ်တဲ့အသံရော တစ်ဖက်တည်း ပစ်နေတဲ့အသံရော ၄/၅ ရက်လောက်ရှိပြီး ဆက်တိုက်ကြားနေရတယ်” ဟု ဒေသခံတစ်ဉီးက ပြောသည်။

အင်အား ၂၀၀ နီးပါးရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းခန့်က အလယ်စခန်း ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ယနေ့အထိ ကျေးရွာအနီးတဝိုက်တွင် တပ်စွဲထားဆဲ ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

ထိုတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တိုက အုပ်ချုပ်ရေးမှူးမှတဆင့် ကျေးရွာသားများကို စားနပ်ရိက္ခာ လာပို့ခိုင်းသည်များလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။

“အုပ်ချုပ်ရေးမှူးကနေ သူတို့ဆီကို စားနပ်ရိက္ခာတွေ ပို့ခိုင်းတယ်။ အုပ်ချုပ်ရေးမှူးက ဘယ်သူမှ မသွားရဲဘူး ပြောတော့။ လာမပို့ရင် သူတို့ဘာသာ သူတို့ ကြိုက်တဲ့လူကို ခေါ်ပြီး ပို့ခိုင်းမယ် အဲ့လို ခြိမ်းခြောက်ပြီး ပြော တယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေသည့် ဒေသတဝိုက်ရှိ ကျေးရွာတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က ခြံမသွားကြရန် သတိပေးထားသည့်အတွက် ဒေသခံတို့က ယနေ့အထိ ခြံမသွားရဲကြဘူးလို့လည်း ဒေသခံများက ဆိုသည်။

အလယ်စန်းကျေးရွာအနီး ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်မှု ဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်မှု၊ သေ ဆုံးမှုရှိခဲ့သလို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှု အချို့ရှိကြောင်း သို့သော် အရေအတွက်ကို မူ အတိအကျကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ရေးပြောက်ကျားတပ်ဖွဲ့ (Ye Guerrilla Force) က အလယ်စခန်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃၅ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားသည်။

အလယ်စခန်းကျေးရွာအနီး တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ် သက်ပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မေလကုန်ကလည်း ရေဖြူမြို့နယ်၊ အလယ်စခန်းရွာနှင့် လော့သိုင်းရွာ အရှေ့ဘက်ခြမ်းရှိ သာယာဝတီ ကျေးရွာအနီးတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ရေဖြူမြို့နယ်၊ အလယ်စခန်းဒေသသည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေဒေသဖြစ်ပြီး စစ် ကောင်စီတပ်များ၊ ကရင်လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့်အပြင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့လည်း လှုပ်ရှားသွားနေကြသည်။

October 31, 2024
မွန်ပြည်နယ်ကမ်းရိုးတမ်းတစ်လျှောက် အလုပ်လုပ်ကိုင်နေသည့် ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု...
October 30, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဝဲပတန်နှင့် အလှပ်ကျေးရွာတို့မှ ရေလုပ်သားများ ၅၀ ကျော်...
October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...
October 24, 2024
တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း...