ကရင်ပြည်နယ်မှာ စစ်ကောင်စီနယ်မြေဆုံးရှုံးမှုပိုများလာ

ကရင်ပြည်နယ်မှာ စစ်ကောင်စီနယ်မြေဆုံးရှုံးမှုပိုများလာ

မြို့ပေါင်း ၇ မြို့နယ်ရှိတဲ့ ကရင်ပြည်နယ်မှာ ကျေးလက်ဒေသတွေအပြင် မြို့အပြင်ဘက်တွေကိုပါ KNU ဦးဆောင် တဲ့ တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးထိန်းချုပ်လာနိုင်ပြီလို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေ က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့စစ်ဆင်ရေးတွေ အဓိက တာဝန်ယူ ဆောင်ရွက်နေရတဲ့ ကရင်ပြည်နယ်ဟာ အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင် အားစု အားကောင်းတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး KNU ဌာနချုပ်စိုက်ရာ ဒေသလည်း ဖြစ်ပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်းမှာ ကရင်ပြည်နယ်ရဲ့ မြို့နယ် (၇) မြို့နယ်ဖြစ်တဲ့ ဘားအံ၊ လှိုင်းဘွဲ၊ သံ တောင်ကြီး၊ ဖာပွန်၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေထဲက ဘားအံမြို့နယ်ကလွဲပြီး ကျန်တဲ့ မြို့နယ်တွေမှာတော့ စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်နိုင်မှုအခြေအနေဟာ တော်တော်လေး အားနည်းလာတယ် လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က တာဝန်ခံ တပ်မှူး အောင်စံရှားကတော့ “ကရင်ပြည်နယ်မှာရှိတဲ့ အဓိက မိန်း လမ်း နယ်မြေစိုးမိုးထားနိုင်မှု အခြေအနေကလည်း တော်လှန်ရေးအင်အားစုတွေဘက်မှာ အများကြီးရှိတယ်။ နောက်ပြီးတော့ ကျေးရွာတွေ၊ ကျေးလက်ဒေသ၊ ကျေးရွာချင်းဆက်လမ်းတွေ၊ နောက်ပြီးတော့ မြို့နဲ့ကျေးရွာ ဆက်တဲ့ လမ်းတွေအားလုံးပေါ့။ ပြောရလို့ရှိရင် မြို့ပေါ်ကွက်ကွက်နေရာလေးတွေလောက်မှာပဲ စကစက နယ် မြေစိုးမိုးထားနိုင်ပြီးတော့ ကျန်တဲ့နေ ရာတွေအားလုံးက တော်လှန်ရေးအင်အားစုတွေပေါ့။ အဓိကကတော့ (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးပေါ့။ ပြီးတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သား တွေ အားလုံးပေါ့။ နယ်မြေစိုးမိုးထားနိုင်တယ်လို့ အပြည့်အဝပြောလို့ရတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ မြို့ပေါ်နေရာလောက်မှာသာ နယ်မြေစိုးမိုးထားနိုင်ပြီး ပြည်နယ်အတွင်းရှိ ကျေးရွာ၊ ကျေးလက် ဒေသ၊ အဓိကလမ်းမကြီးနဲ့ မြို့ကျေးရွာချင်းဆက်လမ်းတွေမှာ တော်လှန်ရေး အင်အားစုတွေဘက်က နယ်မြေ စိုးမိုးလာနိုင်ပြီလို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအ တွင်း KNU အုပ်ချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ်ရေ ၉၀၀၀ ကျော်အထိ ဖြစ်ပွားထား သလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်သားထောင်ချီသေဆုံးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့ပေါ်လောက်သာ ထိန်းချုပ်နိုင်တဲ့ ကရင်ပြည်နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီး နဲ့ ကော့ကရိတ်မြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားရတာပါ။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ် နိုင်မှု အားနည်းလာတာနဲ့အမျှ KNU ရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို ပိုပြီးတိုးချဲ့လုပ်ဆောင်လာနိုင်တယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ် ကို ပြောပါတယ်။

“မြို့နယ် (၇) မြို့နယ်မှာဆိုရင် ဘားအံမြို့နယ်က လွဲပြီးတော့ ကျန်တဲ့မြို့နယ်မှာဆိုရင် သူတို့ရဲ့ထိန်းချုပ်မှုက တော် တော့်ကို အားနည်းသွားပြီလို့ ပြောလို့ရတာပေါ့နော်။ ဒီဘက်က ကျွန်တော်တို့ KNU ကရင်အမျိုးသား အစည်း အရုံးဘက်ကတော့ မြို့မှာရှိတဲ့ဘေးပတ်ဝန်းကျင်တွေမှာ ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးကို ပိုပြီးလက်ခံလာတယ်။ ပိုပြီးတော့ တိုးချဲ့လုပ်ဆောင်လာနိုင်တယ်လို့တော့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

မြေပြင်အခြေအနေအရ စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်အတွင်းရှိ မြို့ပေါ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင် စီ အခြေစိုက်တပ်ရင်းတွေ တိုက်ခိုက်မခံရဖို့နဲ့ သူတို့တပ်ရင်း၊ တပ်စခန်းတွေ မကျအောင် မနည်းရုန်းကန်နေရ တာ ဖြစ်ပါတယ်။

ပဒိုစောကလယ်စေးက “အခြားသော ခြောက်မြို့နယ်ထဲမှာဆိုရင် ခုဏပြောခဲ့သလိုပဲ သူတို့ရဲ့ အုပ်ချုပ်ရေးစနစ်က တော်တော်လေး မရှိသလောက်လည်း ဖြစ်သွားပြီပေါ့နော်။ ဘေးပတ်ဝန်းကျင်ရွာတွေမှာပေါ့နော်။ မြို့ရဲ့ နယ် ဘက်ခြမ်းတွေမှာပေါ့နော်။ ဒီလိုအခြေအနေတွေရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကို ပိုပြီးတော့ ထောက်ခံလာတဲ့ အပေါ်မှာ နယ်မြေစိုးမိုးမှုကလည်းပဲ ပိုပြီးတော့လုပ်ဆောင်လာနိုင်တဲ့ အနေအထားတော့ တွေ့ရ ပါတယ်” လို့ ဆက် ပြောပါတယ်။

တော်လှန်ရေး အင်အားစုတွေ အဆိုအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲ ဖြစ်ပွားမှု ပုံစံပြောင်းလဲလာပြီး စစ်ကောင်စီတပ်ဟာ ထိုးစစ်ကနေ ခံစစ်အသွင် ကူးပြောင်းလာတယ်လို့ ဆိုပါ တယ်။

စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစု မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့တို့ အကြား ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲတွေတိုင်းမှာ လေကြောင်းပစ်ကူ အသုံးပြု တိုက်ခိုက်လာရတဲ့အထိ မြေပြင် စစ်ရေးတွေ ရှုံးနိမ့်လာတာဖြစ်ပါတယ်။

မကြာမီကာလအတွင်း အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးတော့မယ့် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိအချိန်အထိ နိုင်ငံတဝန်းမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဝန်ခံထားပါတယ်။

November 1, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့...
October 31, 2024
ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ...
October 30, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ...
October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...