ဖားအံနှင့် မြဝတီမြို့များတွင် ဌာနဆိုင်ရာဝန်ထမ်းများကို မှတ်ပုံတင်အစား Smart Card ပြုလုပ်ပေးနေ

ဖားအံနှင့် မြဝတီမြို့များတွင် ဌာနဆိုင်ရာဝန်ထမ်းများကို မှတ်ပုံတင်အစား Smart Card ပြုလုပ်ပေးနေ

ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် မြဝတီမြို့ တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများကို နိုင်ငံသားစိစစ်ရေး ကပ်ပြား မှတ်ပုံတင်အစား နိုင်ငံသားစိစစ်ရေး စမတ်ကဒ် (Smart Card)များကို ပြုလုပ်ပေးနေကြောင်း ဌာနဆိုင် ရာဝန်ထမ်းများနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေး စမတ်ကဒ်များကို ကနဦးအနေဖြင့် စစ်ကောင်စီ၏ ဝန်ထမ်းမျာကို ပြုလုပ်ပေးပြီး နောက် ရပ်ကွက်လူကြီးများမှတဆင့် ဒေသခံများကိုပါ လိုက်လံ အသိပေးထားကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းနှင့် နီးစပ်သည့် မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

မြဝတီမြို့တစ်ဦးက “စမတ်ကဒ် ထုတ်ပေးပြီးပြီး ဆိုရင် မှတ်ပုံတင်တွေကို သူတို့သိမ်းမယ်။ အခုဆိုလို့ရှိရင် ဆယ် အိမ်မှူး ရာအိမ်မှူးတွေက လိုက်ပြောနေပြီး။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကတည်းက မြဝတီမှာ စရိုက်နေပြီး။ အမှတ် ၁ ဘက်တွေ အမှတ် ၃ ဘက်ခြမ်းတွေမှာ ရိုက်နေပြီး။ ကျမတို့ ဘက်က မနေ့ကမှ လာပြောတယ် စမတ်ကဒ်တွေ ရိုက်ရ မယ်ဆိုတာ။ ကျမထင်တာက မှတ်ပုံတင်ခိုင်းထားတဲ့ လူနဲ့ စမတ်ကဒ် လုပ်ထားသူနဲ့ ဘယ်ဟာက ဘယ်သူ လဲ ဆိုတာကို ခွဲခြားသတ်မှတ်ဖို့နဲ့တူတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများကို နိုင်ငံငားစိစစ်ရေး စမတ် ကဒ် များ လုပ်ပေးနေခြင်း ဖြစ်သည်။

အဆိုပါ စမတ်ကဒ်များကို မြဝတီမြို့အပြင် ဖားအံမြို့ရှိ ရပ်ကွက်အချို့တွင်လည်း စစ်ကောင်စီ၏ ဌာန ဆိုင်ရာ ဝန်ထမ်းများက စတင် ကိုင်ဆောင် အသုံးပြုနေကြပြီ ဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် အဆိုပါ စမတ် ကဒ်ကို ထုတ်ပေးသည်ကိုမူ သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဖားအံမြို့ခံ တစ်ဦးက “မှတ်ပုံတင်အစား စမတ်ကဒ်လုပ်ရမယ်တဲ့။ အခုက စကစနဲ့ပတ်သက် တဲ့သူတွေ ဌာန ဆိုင် ရာ ဝန်ထမ်းတွေလောက်ပဲ အရင်လုပ်ပေးသေးတယ်။ ရပ်ကွက်အလိုက် အကုန်လုံး လုပ်ရမယ်လို့ ပြောတယ်။ ကဒ်လုပ်ပြီးသွားရင် မှတ်ပုံတင် အဟောင်းတွေ သိမ်းမယ်တဲ့။ တချို့ရပ်ကွက်ရုံးမှာ သွားလုပ်ကြတာတွေတော့ ရှိတယ်။ တရား ဝင်တော့လုပ်ရမယ်လို့တော့ ပြောသံမကြားရသေးဘူး။ ဘယ်သွားသွားအဲ့ကဒ် ကိုင်ပြီးသွားရင် မှတ်ပုံတင်မလို တော့ဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

ထိုသို့ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို ပြန်လည်သိမ်းယူပြီး စမတ်ကဒ်များ အသစ်ထုတ်ပေးမည့် သတင်းများ ထွက်ပေါ်လာခြင်းမှာ မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောင်းလဲ အသုံးပြုရမည်ကို မသိရသောကြောင့် ယခင်မှတ်ပုံ တင် အဟောင်းကိုင်ဆောင်ထားသည့် အရပ်သား ပြည်သူများအနေဖြင့် စမတ်ကဒ်ပြားကို မပြုလုပ်လိုကြ ကြောင်းလည်း မြို့ခံလူထုအချို့က ဆိုသည်။

“မှတ်ပုံတင်အဟောင်းတွေ သိမ်းမယ်ဆိုတော့ သူတို့က ဘယ်လိုအကြံနဲ့ လုပ်နေလဲ မသိရဘူးလေ။ ဘယ်မှမသွား ရရင် နေပါစေ သူတို့ထုတ်ပေးတဲ့ စမတ်ကဒ်သွားမလုပ်ဘူး အဟောင်းပဲသုံးမယ်” ဟု ဖားအံမြို့ခံက ဖြည့်စွက် ပြောသည်။

၎င်း စမတ်ကတ်ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများကို ဖောင်ပေးအပ်ထားပြီးဖြစ်သလို လက်ဗွေရာများ၊ မျက်လုံးကို စကင်ဖတ် မှတ်တမ်းယူခြင်း၊ ကိုယ်ရေးအချက်အလက်များကို ထည့်သွင်း ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်ဟု ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နီးစပ်သည့်သူများထံမှသိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်များကို စမတ်ကဒ်အဖြစ် ပြောင်းလဲရန် ပြီးခဲ့သည့် ၂၀၁၅ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)အစိုးရ လက်ထက်က စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းအစိုးရ သက်တမ်း မကုန်ခင်က ရှေ့ပြေးစမ်းသပ် လုပ်ဆောင်ခဲ့ခြင်းများလည်း ရှိသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...