ကုန်စည်စီးဆင်းမှု ကန့်သတ်ခံနေရတာကြောင့် ကရင်နီမှာ စားနပ်ရိက္ခာပြတ်တောက်မှာကို စိုးရိမ်နေရ

ကုန်စည်စီးဆင်းမှု ကန့်သတ်ခံနေရတာကြောင့် ကရင်နီမှာ စားနပ်ရိက္ခာပြတ်တောက်မှာကို စိုးရိမ်နေရ

ကယား (ကရင်နီ) ပြည်ကို ဝင်ရောက်လာမယ့် ကုန်စည်တွေနဲ့ စစ်ဘေးရှောင်လူထုတွေ အတွက် စားနပ်ရိက္ခာ တွေကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားတာကြောင့် ကရင်နီပြည်သူတွေ စားနပ်ရိက္ခာ ပြတ်တောက် သွား မှာကို စိုးရိမ်နေရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အဖွဲ့ဝင် ဦးဗညားက ပြောပါ တယ်။

ဒါ့အပြင် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေပိတ်ပြီး စစ်ရှောင်တွေဆီကို ကုန် ပစ္စည်းတွေလည်း မရောက်ရှိနိုင်တော့ဘူးလို့ ဆိုကြပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီး (IEC) အဖွဲ့ဝင် ဦးဗညားက “တဖြည်းဖြည်း ပိုပြီးကြပ်တည်းလာ လိမ့်မယ်။ စားနပ်ရိက္ခာလမ်းကြောင်းလည်း ပိတ်ဆို့ခြင်းခံရတယ်။ လက် ကျန်တွေလည်း ကုန်သွားပြီ။ နိုင်ငံတ ကာ အကူအညီလည်း ထင်သလောက်မဝင်လာဘူး။ UN Agency တွေက လည်း လုံးဝကို မကယ်နိုင်ဘူး မပံ့ပိုးနိုင် ဘူး။ အဲ့ဒီအတွက်ကြောင့်မလို့ ပိုပြီးတော့မှ ခက်ခဲတဲ့ အခြေအနေကို ဒီလ ပိုင်းဆိုရင် တွေ့ရလိမ့်မယ်လို့ ကြို ပြောရဲပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ အဓိက အစားအစာဖြစ်တဲ့ ဆန်၊စပါး စိုက်ပျိုးမှုတွေ တဖြည်းဖြည်း လျော့ကျလာပြီး စုဆောင်းထားတဲ့ လက်ကျန် ဆန်စပါးတွေလည်း ကုန်လုနီးပါး ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ထိန်းချုပ်တဲ့ လွိုင်ကော်မြို့ပေါ်ကို တိမ်းရှောင်ကြတဲ့ စစ်ဘေး ရှောင်ဟာ သောင်းဂဏန်းအထိ ရှိနေပြီး သူတို့အတွက် စားနပ်ရိက္ခာပေးဝေမှုကို UN Agency က ထောက်ပံ့ပေး နေပါတယ်။

သို့သော် စစ်ကောင်စီ ထိန်းချုပ်ရာနေရာတွေမှာပဲ စားနပ်ရိက္ခာကို ပေး‌ဝေနိုင်တာကြောင့် ကရင်နီပြည်တွင်းက ကျေးရွာနဲ့ တောတောင်တွေထဲမှာ စစ်ရှောင်နေကြရတဲ့ စစ်ရှောင်ဦးရေ ၂သိန်းကျော်ကိုတော့ UN Agency တွေက စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်မှု မရှိသေးဘူးလို့ ဦးဗညားက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကုန်စည်စီးဆင်းမှုကလည်း ကန့်သတ်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ကုန်ဈေး နှုန်း မြင့်မားလာတဲ့အတွက် လူထုတွေဟာ အခြေခံစားသောက်ကုန် ဝယ်ယူနိုင်ဖို့ အခက်အခဲရှိနေကြတယ်လို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်တစ်အိတ်ကို ငွေကျပ် အနည်းဆုံး ၈သောင်း ကနေ တစ်သိန်းကျော်အထိ ပေးဝယ်ရတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်အတွက် ကုန်သွယ်ရေးအရ အရေးပါတဲ့ မိုးဗြဲမြို့မှာ လက်ရှိ စစ်ကောင်စီက ပြည်ထောင်စု လမ်းမ ကြီး တစ်လျှောက်ကို နေရာယူ တပ်စွဲထားတဲ့အပြင် ကုန်သွယ်ရေး စီးဆင်းမှုကိုလည်း ကန့်သတ်ထားတယ်လို့ မိုးဗြဲဒေသခံတွေဆီက ပြောပါတယ်။

အလားတူ တောင်ငူ-လိပ်သို- ယာဒို ဖက်ကနေ ကုန်စည်စီးဆင်းမှု လမ်းကြောင်းကလည်း လတ်တလောမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အတွက် စစ်ရှောင်လူထုအတွက် စားနပ်ရိက္ခာရရှိဖို့ ပိုမိုကြပ်တည်းနေတယ်လို့ စစ်ရှောင် တွေကို ကူညီပေးနေသူ ဦးဖိုးဇော်က ပြောပါတယ်။

“လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ဒီလမ်းကြောင်းကို ပိတ်ထားတယ်။ စားနပ်ရိက္ခာတင်တာတောင်မှ အကန့် အသတ်လေးနဲ့ တင်ခွင့်ပေးတယ်ဆိုတော့ အခုလိုမျိုး တိုက်ပွဲတွေဖြစ်လာတယ်။ စစ်ကြောင်းတွေ ထပ်ပြီးတော့ အင်အားတွေထပ် ချဲ့တယ်ဆိုတော့ လမ်းကြောင်းက ပိတ်သထက်ပိတ်သွားပြီပေါ့နော်။ ပိုပိုပြီးတော့ ဆိုးလာ မယ့် အနေအထားရှိတယ်။ ဆန်ရိက္ခာ လမ်းကြောင်းပိတ်ပြီ။ ဒေသခံတွေ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးထားတဲ့ တချို့ စပါး တွေကလည်း ရေရှည်ကျရင် ကုန်မှာပဲလေ။ အခုတောင် တောင်ငူကနေ မှာစားရတဲ့ အနေအထားပေါ့။ အခုဆိုရင် ဒီတိုက်ပွဲကြောင့် ပိုကြပ်လာမယ့် အနေအထားတွေ‌ ဖြစ်နိုင်တယ်။ စစ်ရှောင်တွေ ပိုပြီးခက်ခဲလာနိုင်မယ့် အနေ အထား ရှိပါတယ်” လို့ ဦးဖိုးဇော်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒေသခံလူထု ၂သိန်းကျော်ဟာ မိမိတို့ရဲ့ နေရပ်ကိုစွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေ အရ သိရပါတယ်။

ဓါတ်ပုံ - Tun Myanmar Donation

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...