ဦးနေဦးနှင့် ဦးကုလား ကိုပစ်ခတ်သွားသည့် ကျည်ဆံခွံနှင့် မီးရှို့ခံထားရသည့် ဆိုင်ကယ်

ဦးနေဦးနှင့် ဦးကုလား ကိုပစ်ခတ်သွားသည့် ကျည်ဆံခွံနှင့် မီးရှို့ခံထားရသည့် ဆိုင်ကယ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်နှင့် ကာကွယ်ရေးခေါင်းဆောင်တို့ကို စစ်တပ်မှ သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ဦးနေဦးနှင့် ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ဦးကုလားတို့ကို စစ်ကောင်စီတပ်မှသတ်ဖြတ်ခဲ့သဖြင့် ကျဆုံးသွားကြသည်။

အရပ်ဖက်အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ကိုယ်စားပြု မုံရွာလူထု သပိတ်ဦးဆောင် ကော်မတီ ဝင်နှင့် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တို့သည် မုံရွာမြို့နယ်အတွင်း တော်လှန်ရေး တာဝန်များ ထမ်းဆောင်နေ စဉ် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရ ခြင်း ဖြစ်သည်။

“ကိုနေဦးကျဆုံးသွားတဲ့ အတွက် အခုတော်လှန်ရေး လုပ်ငန်းတွေ သာမက တော်လှန်ရေးပြီးလို့ မုံရွာမြို့ အတွက် ရော ဒေသတွင်းအတွက်ပါ ပြန်လည်ထူထောင်ရေးတွေထိအတွက်ပါ အားလျော့တာပေါ့ဗျာ။ ဒါနဲ့ ပတ်သက်လို့ တော်တော်ကြီးမားတဲ့ဆုံးရှုံးမှုလို့ မှတ်ချက်ပေးချင်ပါတယ်” ဟု အရပ်ဖက် အဖွဲ့အစည်းများတွင် လုပ်ဖော်ကိုင် ဖက် တစ်ဦးဖြစ်ခဲ့သူ ကိုစိုးဝင်းဆွေက မဇ္စျိမကိုပြောသည်။

ဦးနေဦးနှင့် ၎င်း၏ မိသားစုသည် စားဝတ်နေရေး ပြေလည်ရုံအတွက်သာ လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ပြီး နိုင်ငံ ရေး နှင့် ပရဟိတလုပ်များကို ပျော်မွေ့စွာလုပ်ကိုင်ခဲ့သူများဖြစ်ကြသည်။

မဇ္စျိမကလက်ခံရရှိသည့် ဦးနေဦးနှင့် ဦးကုလားတို့၏ ရုပ်အလောင်းဓာတ်ပုံများတွင် အနီးကပ် ဦးခေါင်းကို ပစ်ခဲ့ သည့် ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး ၎င်းတို့၏ ဆိုင်ကယ်အား မီးရှို့ထားသည်ကို တွေ့ရပြီး ဖြစ်စဉ် အသေးစိတ်ကိုမူ မသိရသေးပေ။

ဦးနေဦးသည် ချင်းတွင်းမေတ္တာ လူမှုကယ်ဆယ်ရေးအသင်းတာဝန်ခံဖြစ်ပြီး ရပ်ရွာ အခြေပြုလုပ်ငန်းများ ကို ဆောင်ရွက်ရာမှ ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးအရေးတော်ပုံကြီးတွင် တော်လှန်ရေးတပ်ဦးမှ စစ်အာဏာ ရှင်ကို တွန်းလှန်ခဲ့သူ တစ်ဦးဖြစ်ကြောင်း မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ၎င်း ကျဆုံးခြင်း အတွက် ဝမ်းနည်းကျေကွဲခြင်းကို ဇူလိုင်လ ၁၇ ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။

၎င်းသည် ၂၀၂၁ ခုနှစ် မတ်လတွင် အဖမ်းဆီးခံခဲ့ရပြီး မုံရွာထောင်၊ မြင်းခြံထောင်များတွင် ထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လွတ်မြောက်ခဲ့ကြသည်။

အကျဉ်းကျခံနေစဉ် အတွင်း ၎င်း၏ သားဖြစ်သူ မုံရွာ PDF တပ်ဖွဲ့ဝင် ရဲဘော်ထင်ရှားသည်လည်း စစ်ကောင်စီ တပ်ဖွဲ့ များ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

အကျဉ်းထောင်မှ လွတ်မြောက်ပြီးချိန်မှစတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး လုပ်ငန်း များ ကို ရဲရဲရင့်ရင့် ဆက်လက်လုပ်ကိုင်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်သဖြင့် အသက်ပေးလှူသွားသော ဦးနေဦးအား “ဒီမိုက ရေစီတိုက်ပွဲဝင် သူရဲကောင်းအာဇာနည်” အဖြစ် မော်ကွန်းတင်ကြောင်း မုံရွာမြို့နယ် ပြည်သူ လူထုကိုယ်စား မုံရွာ လူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဦးနေဦးသည် မုံရွာမြို့ အလယ်ရပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးကော်မတီဥက္ကဋ္ဌဖြစ်ပြီး တစ်မြို့နယ် လုံးမှ ရပ်ကျေးကော်မတီများနှင့်ဆက်သွယ်ရေးကောင်းမွန်ပြီး လေးစားခံရသူတစ်ဦး ဖြစ်သောကြောင့် ရွေး ကာက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများတွင် ပါတီ၏ အားကိုးရသူတစ်ဦးလည်း ဖြစ်သည်။

ဦးနေဦးနှင့်အတူ ကျဆုံးခဲ့သည့် ဦးကုလားသည် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တဦးဖြစ်ပြီး တော်လှန် ရေးတာဝန်များ ထမ်းဆောင်စဉ် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရပြီး ၎င်း၏ ကိုယ်ရေးအချက်အလက်များ ကို မဇ္စျိမအနေဖြင့် သိရှိနိုင်ခြင်း မရှိသေးပေ။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...