လှိုင်းဘွဲမြို့ထဲ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုများလာ

လှိုင်းဘွဲမြို့ထဲ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုများလာ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့တွင်းတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့် (BGF) တပ်သားများ၏ လှည့်ပတ်သွားလာမှုမှာ ဇူလိုင်လအတွင်း များပြားလာနေသောကြောင့် ဒေသအတွင်း တိုက်ပွဲဖြစ်လာမည်ကို ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်နေကြသည်။

ယခု ဇူလိုင်လဆန်းမှ စတင်၍ လှိုင်းဘွဲမြို့တွင်းနှင့် ပိုင်ကျုံမြို့နယ်ထဲတွင် စစ်ကောင်စီနှင့် ၎င်းတို့၏ လက် အောက်ခံ BGF တပ်များက တစ်ရက်လျင် နှစ်ကြိမ်ခန့် လှည့်ပတ်သွားလာနေသည်ဟု လှိုင်းဘွဲမြို့နေ ပြည်သူ တစ်ဦးက ကေအိုင်စီသို့ ယခုကဲ့သို့ ပြောသည်။

ဒေသခံတစ်ဦးက “မြို့ထဲမှာ တစ်နေ့ကို နှစ်ခါလောက် သွားနေကြတာ။ ကားကိုလည်း အကြမ်းမောင်းတယ်။ တခါသွားရင် လေးယောက် ငါးယောက်ပဲ သေနတ် အပြည့်အစုံနဲ့ ကျနော်တို့ ဆိုင်ကယ်တွေဆို ဘေးချထားပေး ရ တယ်” ဟု ပြောသည်။

ယင်းသို့ နေ့စဉ် သွားလာရာတွင် စစ်ကားကြီးများဖြင့် မဟုတ်ဘဲ ကင်းလှည့်စစ်ကားအငယ်များဖြင့် အနည်းဆုံး ကား ၅ စီးတွင် စစ်ယူနီဖောင်းနှင့် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများစု ပါဝင်သည်ဟုလည်း မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက အတည်ပြု ပြောဆိုခဲ့သည်။

အဆိုပါဒေသမှာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေထဲတွင်ရှိပြီး နှစ်ဖက် စစ်ရေး တင်းမာမှု မရှိသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် BGF တပ်သားများက လက်နက်ကိုင်ဆောင်ပြီး မြို့နယ် အတွင်း လှည့်လည် သွားလာနေသည့် အပေါ် ဒေသခံများမှာ သွားလာရေး အခက်အခဲ ဖြစ်ရသည်ဟု ပိုင်ကျုံမြို့ ခံ တစ်ဦးက ပြောသည်။

ပိုင်ကျုံမြို့နေ ဦးစန်းဝင်းက “မြို့ထဲမှာ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ စစ်ရေးလည်း မတင်းမာဘူး။ ပြည်သူကို သတ် မယ့် ဖြတ်မယ့် ရုပ်တွေနဲ့ လက် နက်ကိုင်ပြီး မြို့ထဲပတ် ကားဟွန်းတီး အမြန်မောင်းတယ်။ ဆိုင်ကယ်သုံးဘီး တစ် စီးဆို သူတို့ကားရှေ့က ဖြတ်မောင်းလို့ ဆဲဆိုသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကေအဲန်ယူ၊ ဖားအံခရိုင်ထဲတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း စစ် ကောင်စီမှ လှိုင်းဘွဲမြို့ အဝင်အထွက် နေရာများ၌ ဂိတ်ဘန်ကာများ တည်ဆောက်ကာ ကင်းချထားပြီး သွားလာ နေသည့် ပြည်သူများကို ငွေကြေးတောင်းခံခြင်း၊ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်သည်ဟု ဖြတ်သန်းသွားလာ သူများ၏ ပြောပြချက်အရ သိရသည်။

November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...