ဒေါ့ဖုန်းယန်နဲ့ ဒိန်ဂါကြား စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲပြင်းထန်နေ

ဒေါ့ဖုန်းယန်နဲ့ ဒိန်ဂါကြား စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲပြင်းထန်နေ
ရှေ့တန်းတစ်နေရာက KIA, PDF တပ်ဖွဲ့ဝင်များ
ရှေ့တန်းတစ်နေရာက KIA, PDF တပ်ဖွဲ့ဝင်များ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာဌာနချုပ်အနီးရှိ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်နဲ့ KIA တပ်တို့ကြား ဇူလိုင်လ ၁၃ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်ကနေ တိုက်ပွဲပြင်းထန်နေတယ်လို့  KIA ရှေ့ တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်ဟာ ဗန်းမော်ဘက်ကနေ ဇူလိုင်လ ၄ ရက်နေ့ နမ်ဆန်ယန်ဘက်ကို စစ်အင်အား ဖြည့်တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ ခလရ ၂၆၇ တပ်ဖြစ်ပြီး ဇူလိုင်လ ၉ ရက်နေ့ ဒေါ့ဖုန်းယန်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီကနေ့ မနက် အောင်ဂျာဘက်ကို အင်အားဖြည့်ဖို့ ဆက်ထိုးလာချိန်မှာ KIA ဘက်က စောင့် ကြို တိုက်ခိုက်ရာကနေ တိုက် ပွဲ ပြင်းထန်‌နေတာ ဖြစ်တယ်လို့ KIA ရှေ့တန်း သတင်း အရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“ဒီနေ့ဖြစ်တဲ့ အဖွဲ့က အောင်ဂျာမှာအင်အား ထပ်ဖြည့်ဖို့တက်လာတာ။ အောင်ဂျာကနေဆို ဒီဘက် သိပ်မဝေး တော့ဘူးလေ။ အဲ့ဒါ အောင်ဂျာ မရောက်ခင် ခလားကဒေါင်နားမှာ ဒီဘက်က KIA က ကြားဖြတ်တိုက်နေတာ ဟုတ်တယ်။ ဒီမနက်ကတည်းက အခု နေ့လည်အထိ ပစ်နေကြတုန်း” လို့ ပြောပါတယ်။

လက်ရှိ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ဗန်းမော်မြို့နယ်မှာ အခြေစိုက်ထား တဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် ၂၁ အောက် ခြေလျင်တပ်ရင်းနဲ့ ခြေမြန်တပ်ရင်း ၁၀ ရင်း ကျော်ရှိတဲ့ ထဲက ခလရ ၂၃၆၊ ၂၃၇၊ ခမရ ၃၁၉ နဲ့ မိုးမောက်ဘက်က ခမရ ၄၃၈၊ ၄၃၇ တွေ ဖြစ်ပြီး ဗန်းမော်မြို့ကနေ တော လမ်းဘက် တချို့၊ ဟူးလီယန်ကနေ မြို့သစ်၊ ကုန်းလော လမ်းကနေ ဒေါ့ဖုန်းယန်ဘက်တောက်လျှောက် စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

နမ်ဆန်ယန်ကျေးရွာဟာ ၂၀၁၂ ခုနှစ် စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲကြောင့် ဆယ်စုနှစ်တစ်စုကြာ စစ်ဘေးရှောင်နေရာ ကနေ ၂၀၁၈ မှာ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသခံပြည်သူတွေ လုံခြုံစွာ နေရပ်ပြန်လည် နေထိုင်နိုင်ဖို့ လက်နက်ကိုင် နှစ်ဖွဲ့လုံးက နမ်ဆန်ယန်ရွာ အနီးမှာ တပ်စွဲနေထိုင်တာတွေ မလုပ်ကြဖို့ နှုတ်ကတိနဲ့ သဘောတူညီထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်က ဒီကတိတွေကို ချိုးဖောက်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တစ်ကြိမ် ဝင်ရောက်လာဖို့ ကြိုးစားခဲ့ သလို ဒီနှစ် ဇွန်လ ၂၆ ရက်နေ့က စပြီး ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်လာရာကနေ ထိတွေ့တိုက်ပွဲ ဖြစ်နေ တာပါ။

လက်ရှိမှာ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို KIA ဘက်က ကြားဖြတ် တိုက်ခိုက်နေ တာကြောင့် နေ့စဉ်ဆိုသလို တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

နမ်ဆန်ယန်ကျေးရွာဟာ မြစ်ကြီးနား- ဗန်းမော်သွားရာ လမ်းမပေါ်မှာရှိတဲ့ကျေးရွာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသ ခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်တဲ့အပြင် မြစ်ကြီးနား- ဗန်းမော်ကားလမ်းမလည်း ပိတ်ပင်ထား ပြီး စစ်ကောင်စီတပ်က ဗန်းမော်၊ မြစ်ကြီးနားဘက်ကနေ နမ်ဆန်ယန်ဘက်ကို စစ်အင်အား တောက်လျှောက် ဖြည့်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့မှာတော့ မနေ့ညကစပြီး မာရှယ်လောထုတ်ပြန်လိုက်ပါတယ်။

“အခြေနေကြည့်တာက ဒီထက်ပိုဆိုးလာဖို့ပဲ ရှိနေတယ်။ အခုဆို ကျနော်တို့ ပြေးနေရတာ ဆယ်ရက်ကျော်လာ ပြီ။ စစ်သားတွေက နမ်ဆန်ယန်ဘက်ကို လာနေတုန်းဘဲလို့ကြားနေရတယ်” လို့ နမ်ဆန်ယန်ရွာကနေ လိုင်ဇာ ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

နမ်ဆန်ယန် အနီးတစ်ဝိုက် စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ အခုဆို ၂ ပတ်ဝန်းကျင် ရှိလာပြီ ဖြစ်ပါတယ်။

ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...