အဘစ် စစ်ကောင်စီ အမြောက်တပ်မှ အရပ်သားများအား ဖမ်းဆီးပြီး ပစ္စည်းများသယ်ခိုင်း

အဘစ် စစ်ကောင်စီ အမြောက်တပ်မှ အရပ်သားများအား ဖမ်းဆီးပြီး ပစ္စည်းများသယ်ခိုင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၈) တပ်ရင်းမှ ဒေသခံ အရပ်သား ၈ ဦးကို ဖမ်းဆီးပြီး ပစ္စည်းများ သယ်ဆောင်ခိုင်းသည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောသည်။

အမြောက်တပ် (၃၁၈) တပ်ရင်းမှ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အဘစ်-ခလယ်တံခွန်တိုင်ကြားတွင် ခြံလုပ် နေသည့် ကလော့သော့ရွာသား ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ခလယ်တံခွန်တိုင်ဘက်သို့ တောလမ်းအတိုင်း ပစ္စည်းများ သယ်ဆောင်ခိုင်းစေခဲ့သည်။

၎င်းတို့နှင့်အတူ ရွှေ့ပြောင်းလုပ်သား ၄ ဦးလည်း ပါဝင်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားများက ဇူလိုင်လ ၉ ရက်နေ့ က ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ကလော့သော့ကျေးရွာသား ၄ ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၄ ဦးတို့ကို ဇူလိုင်လ ၁၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့ (စစ်တပ်) ခေါ်ပြီးတော့ ပစ္စည်းပေးထမ်းခိုင်တယ်။ မနက် ၆ နာရီခွဲကနေ ၁ဝ နာရီခွဲလောက်အထိပေါ့ သူတို့ သွားတဲ့နေရာရောက်တော့ ပေးပြန်တယ်။ သူတို့ သတိပေးတာက ခြံထဲမှာ မနေနဲ့အုံးပေါ့နော်။ ဖုန်းပါသွား တဲ့ သူတွေက ဖုန်းဆင်းကဒ်တွေကို သိမ်းလိုက်တယ်။ ရိုက်နှက်တာတို့တော့ မရှိဘူး။ ဘယ်အထိ ရောက်သွားလဲ ဆိုတာကတော့ လမ်းမဟုတ်တော့ မသိကြဘူး” ဟု ပြောသည်။

အဘစ်-ခလယ် တံခွန်တိုင်လမ်းတွင် အဘစ်ဘက်ခြမ်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ရှိပြီး ခလယ်တံခွန်တိုက် ဘက်ခြမ်းက KNU၊ PDF ပူးပေါင်းတပ်ဖွဲ့ ဂိတ်များရှိနေပြီး လတ်တလော ဖြစ်ပွားနေသည့် ဖမ်းဆီးခံရမှုဖြစ်စဥ်၊ ပစ်ခတ်မှုဖြစ်စဥ်များကြောင့် လူအသွားအလာ နည်းပါးသွားသည်ဟု ဒေသခံများက ပြောသည်။

“အဲလမ်းတစ်လျှောက်မှာ ဂိတ်တွေ အများကြီးရှိတယ်။ ဒီဘက် (အဘစ်ဘက်) မှာ စစ်ကောင်စီဂိတ်၊ ဟိုဘက် ခြမ်း (ခလယ်တံခွန်တိုင်ဘက်) ကျတော့ ကရင်နဲ့ PDF တွေ ရှိတယ်။ ဟိုဘက်လဲစစ် ဒီဘက်လဲစစ်နေတော့ အဲ့ လမ်းကို ဘယ်သူမှ မသွားကြတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဘစ်-ခလယ်တံခွန်တိုင် လမ်းသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်ဘက်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့ နယ်ဘက်သို့ ဆက်သွယ်ထားသည့် လမ်းတစ်ခုဖြစ်ပြီး သွားလာရေးလွယ်ကူပြီး လမ်းခရီးတိုသည့်အတွက် ဒေသ ခံများ အဓိကထား သွားလာနေကြသည့်အပြင် ဒေသခံခြံလုပ်သားများအတွက် အရေးပါသည့် လမ်းတစ်ခု လည်းဖြစ်သည်။

အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံ ခွန်တိုင် ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဥ်လိုလို ပစ်ခတ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က အမြောက်တပ် (၃၁၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် တံခွန်တိုင် ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့သေးသည်။

အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်  (၃၁၈) မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းနှင့် စစ် ကြောင်းထိုး ဝင်ရောက်လာနေခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်း သိုင်းထွန်း အစရှိသည့် ကျေးရွာများမှ ထောင်နှင့်ချီ ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေ ကြ ရသည်။

Most read this week

November 5, 2024
စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းပြီး...
November 5, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက ရော်ဘာလုပ်ငန်း လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားနှင့်...
November 4, 2024
ဂျိုင်းမြစ်ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ အင်အားအများအပြားဖြင့် လှုပ်ရှားနေသလို...
November 4, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဝဲပတန်နှင့် အလှပ်ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောကူးစက်မှု...