ဖယ်ခုံအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ လူဦးရေထက်ဝက်ကျော် ရာသီတုပ်ကွေးဖြစ်ပွား

ဖယ်ခုံအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ လူဦးရေထက်ဝက်ကျော် ရာသီတုပ်ကွေးဖြစ်ပွား

ရှမ်းပြည်နယ်၊ ဖယ်ခုံအနောက်ဘက်ခြမ်းမှ လူဦးရေ ၂၀၀ နီးပါးရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ လူဦးရေ ထက်ဝက် ကျော်လောက်က ပြီးခဲ့တဲ့ ဇွန်လကစပြီး ရာသီတုပ်ကွေး ဖြစ်နေကြတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစလို့ ကလေးငယ်တွေကနေ စတင်ဖျားနာကြတာ ဖြစ်ပြီး၊ တစ်ဦးနဲ့တစ်ဦး ကူးစက်တာကြောင့် စခန်းတစ်ခုလုံးနီးပါး ဖျားနာကြတယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတစ်ဦးက “ကလေးငယ်တွေ အဖြစ်များတယ် ၆ လ ၇ လ၊ တစ်နှစ်ကျော် ကလေးတွေ လည်း အဖြစ်များတယ်။ အကြီးပိုင်းတော့ ဘယ်လိုဖြစ်လဲ မသိဘူး လည်ချောင်းနာတာလား ဘယ်လိုတုန်း၊ အဲ့ လိုဖြစ်တာများတယ် လူကြီးပိုင်းတော့။ ပြီးတော့ အန်တာတို့ အဲလိုမျိုး ဘယ်လိုလဲ မသိဘူး။ ဖြစ်တာ အများ ကြီး” လို့ ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ကျန်းမာရေး ဝန်ထမ်း‌တွေ မရှိတဲ့အပြင်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ရှိနေတဲ့ ဆေးဝါးတွေနဲ့ စခန်းအတွင်း ဆေးဝါးအကြောင်း အနည်းငယ်တတ်သိတဲ့ သူကပဲ ကုသပေးနေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းမှ ကော်မတီဝင် တစ်ဦးက “တချို့ဆရာနဲ့ ဆက်သွယ်ပြီးတော့ ဆေးတော့ ယူလာခိုင်းတယ်ပေါ့ နော်။ အပြင်မှာရနိုင်တဲ့ဆေး ပမာဏ ဘယ် လောက်ရှိနိုင်လဲ ဆိုတာ အဲဒီဆေးကနေ ကျနော်တို့ အဆောင်အထိ ယူလာပေးတယ်။ ဒါပေမယ့် ယောက်တိုင်း တော့ မရကြဘူးပေါ့နော်။ တချို့တော့လည်း အပြင်မှာ ဆေးခန်းပို့ပေး တယ်ဗျ” လို့ ပြောပါတယ်။

ထို စစ်ရှောင်စခန်းမှ စစ်ရှောင်တွေဟာ မေလအတွင်း မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကပျာကယာ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ မိုးဗြဲပြည်သူတွေ ဖြစ်ကြပါတယ်။

လက်ရှိမှာတော့ စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ စောင်၊ ခြင်ထောင်တွေ အဓိက လိုအပ်တယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတစ်ဦးက “ခြင်ထောင်ကတော့ မရှိသေးဘူး။ အဝတ်အစားခါကျတော့ သူများလာလှူပေး တာတော့ ရှိပါတယ်” လို့ ပြောပါတယ်။

ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး စတဲ့ ရောဂါတွေဟာ ခြင်ကနေတစ်ဆင့် ကူးစက်တတ်တာကြောင့် ခြင်ကိုက် မခံရအောင် အဓိက ကာကွယ်ပေးရမှာဖြစ်တယ်လို့ ဆရာဝန်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထား ပါတယ်။

“ကျနော်တို့နိုင်ငံ အနေအထားနဲ့ ကာကွယ်နိုင်ဖို့ ဆိုတာကတော့ ဒီခြင်ကိုက်မခံရ‌အောင် ကာကွယ်ခြင်းက နံပါတ် တစ် အရေးကြီးဆုံးပဲ။ ကလေးတွေကို ခြင်ထောင်နဲ့ အိပ်ဖို့ပေါ့နော်။ ခြင်ထောင်နဲ့အိပ်ဖို့ ခြင်နှိမ်နင်းဖို့ ‌ပေါ့နော်။ ခြင်နှိမ်နင်းဖို့ဆိုတာ ပိုးလောက်လန်း အဆင့်ကတည်းက နှိမ်နင်းနိုင်ဖို့ လိုတာပေါ့” လို့ အဆိုပါ ဆရာဝန်က ပြောပါ တယ်။

ကရင်နီပြည်နဲ့ ရှမ်း- ကရင်နီနယ်စပ်က စစ်ရှောင်လူဦးရေ ၂ သိန်းခွဲကျော်ဟာ လက်ရှိအချိန်ထိ တောတောင်တွေ ထဲ စစ်ဘေးရှောင်နေရကြပြီး၊ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေဆဲဖြစ် တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...