KIA နှင့် ပြည်သူ့စစ် တိုက်ပွဲ ဖြစ်နေသည့် တနိုင်းဒေသတွင် ဒေသခံ ၅ ဦးအား ပြည်သူ့စစ်ဖမ်းဆီး

KIA နှင့် ပြည်သူ့စစ် တိုက်ပွဲ ဖြစ်နေသည့် တနိုင်းဒေသတွင် ဒေသခံ ၅ ဦးအား ပြည်သူ့စစ်ဖမ်းဆီး
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တယ်လီဂရမ်ချန်နယ်
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တယ်လီဂရမ်ချန်နယ်

ကချင်ပြည်နယ်၊ တနိုင်း-လီဒိုလမ်းပေါ်ရှိ ရှဒူးဇွပ်ကျေးရွာတွင် ဖြစ်ပွားနေသည့် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ် လပ်ရေး တပ်မတော် KIA တို့အကြားက တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများအကြား ဒေသခံ ၅ ဦးအား ပြည်သူ့စစ် အဖွဲ့က ဖမ်းဆီးသွားခဲ့သည်။

ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးမင်းဇေသန့်၏ နေအိမ်နှင့် တပ်စခန်း ၃ခုကို KIA က ဇူလိုင်လ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံ ၅ ဦးခန့်ကို ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ဒေသခံ ၅ ယောက်ကို ဖမ်းသွားတယ်။ ပီတာကိုဆို လက်နောက်ပြန်ကြိုးတုတ်ပြီး ဖမ်းသွား တယ်။ သတင်းပေးလို့ဆိုပြီးတော့။ နောက် အမျိုးသမီးတစ်ယောက်လည်းပါတယ်။ သူတို့နှစ်ယောက်ကို တနင်္ဂ နွေနေ့ မနက်က ဖမ်းသွားတယ်။ အိမ်မှာရှိတဲ့ ဖုန်းတွေလည်း အကုန်သိမ်းသွားတယ်။ ပီတာတို့အိမ်က ဖုန်းဆက် လို့ရတဲ့ အိမ်ဟုတ်တယ်။ အဲ့ဒါကို သတင်းပေးလို့ဆိုပြီး ဖမ်းတာ။ နောက် အမျိုးသမီး တစ်ယောက်ကိုတော့ ဖေ့ ဘုတ်မှာ ‘အောင်ပြီ’ တင်လို့ဆိုလားပဲ ဖမ်းတာဟုတ်တယ်။ အကုန်လုံးကို သူတို့ အိမ်တွေကနေ ဖမ်းသွားတာ” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများထဲတွင် အမျိုးသမီးများလည်း ပါဝင်သည်ဟု ဆိုသော်လည်း မည်သူမည်ဝါဖြစ်သည်ကိုမူ အတိအကျ အတည်မပြုနိုင်သေးပေ။

ဖမ်းဆီးခံထားရသူများ အနက် အချို့ကို ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုရန် လုပ်နေကြပြီး ၎င်းတို့အား စံပြကျေး ရွာရှိ ပြည်သူ့စစ်အဖွဲ့၏ တပ်စခန်းထဲတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်ပွားသည့်နေ့တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးလည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက ပြောသည်။

KIA တပ်မဟာ ၂ တပ်ဖွဲ့ဝင်များက ရှဒူးဇွပ်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းနှင့် ၎င်း တို့ စုပေါင်းထိုင်ကာ အခွန်ကောက်နေသည့်ဂိတ်၊ စံပြကျေးရွာရှိ တပ်စခန်းနှင့် ရွှေမှော်သွားရာ လမ်းပေါ်ရှိ တပ် စခန်း နေရာတစ်ခုတို့ကို ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်တိုက်ပွဲများဖြစ်ပြီးနောက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နှင့် KIA တပ်ဖွဲ့တို့အကြား ယနေ့ (ဇူလိုင်လ ၁၂ ) ရက်နေ့အထိ နှစ်ဖက်ကြား တင်းမာမှုများရှိနေသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုများရှိခဲ့သည့်အပြင် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၏ အစ်ကိုအရင်းဖြစ်သူလည်း သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်း လုံခြုံမှု မရှိတော့သည့်အတွက် ရွာသားအချို့မှာ ဘေးလွှတ်နိုင်မည့် နေရာများသို့ တစ်စတစ်စ ထွက်လာနေကြပြီဟု ဆိုသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “စဖြစ်ကတည်းက ထွက်ဖို့ဟုတ်တယ်။ ထွက်မရလို့။ အခုတော့ ရွာသားတွေက လစ်လာကြပြီ။ ကျန်တာဆိုလို့ သူ့တို့ ပြည်သူ့စစ်အဖွဲ့တွေပဲ ကျန်မယ်။ တချို့တွေကိုဆို မထွက်ခိုင်းဘူး။ ပြည် သူ့စစ်တွေက ခေါ်ထားတာလေ။ နောက်ပြီး ဒီပြည်သူ့စစ်အဖွဲ့တွေက တနေကုန် ဒရုန်းသုံးပြီး လိုက် Check နေတာ။ ရွာသားတွေကိုလည်း ခြိမ်းခြောက်တယ်။ ဒရုန်းနဲ့ Check တာတော့ အခုမှ မဟုတ်ဘူး။ အာဏာ သိမ်း ကတည်းကပဲ အခုတော့ ပိုဆိုးလာတာပေါ့” ဟု ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲထဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှဒူးဇွပ်ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အပြင် အနီးအနားရှိ နေအိမ်အချို့လည်း ထိမှန်ကာ ပျက်စီးမှုများ ရှိခဲ့သည်ဟု ဒေသခံအချို့က အတည်ပြုပြောသည်။

ထိုနေ့ နံနက် ၄ နာရီမှ နံနက် ၈ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း KIA ဘက်တွင်လည်း ထိမှန် သေဆုံးမှုများ ရှိခဲ့သည့်အပြင် ပြည်သူ့စစ်အဖွဲ့ဘက်က ၅ ဦးနှင့် ပြည်သူ တစ်ဦး သေဆုံးခဲ့သည်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့၏ တယ်လီဂရမ်ချန်နယ်တွင်လည်း ဇူလိုင်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင် သုံးဦး၏ ရုပ်အလောင်းနှင့် သိမ်းဆည်းရမိသော လက်နက်များပုံကို မျှဝေထားပြီး ၎င်းတို့ ပြည်သူ့ စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...