ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသူ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံ ၆ ဦးတို့ ၃ နှစ်ကျော်အကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီ တရားရုံးတစ်ခုက ထောင်ဒဏ် ၄ နှစ်စီ ချလိုက်သည်ဟု မိသားစုဝင်များက ပြောသည်။
ထောင်ဒဏ် ချခံလိုက်ရသူများမှာ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှ ကိုကျော် တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြို့မှ ညီအစ်ကိုနှစ်ဦးဖြစ်သော ကိုသန်းဇော်ဌေးနှင့် ကိုသန်းဇော် ဇော် တို့ ဖြစ်သည်။
၎င်းတို့ကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-ကဖြင့် ယမန်နေ့ ဇူလိုင် လ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် တောင်ကုတ်မြို့နယ် တရားရုံးက စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အမှု အား လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက နိရဉ္စရာကို အတည်ပြုပြောသည်။
ထိုသူ ၄ ဦးကို စတင် ဖမ်းဆီးတရားစွဲခဲ့စဉ်က AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖောက်ခွဲရေးပစ္စည်းများနှင့် သက် ဆိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ-စျနှင့် ၅ဝ-ည တို့ဖြင့်ပါ စွဲဆိုထားခဲ့သော်လည်း တရား ရုံးတွင် စစ်ဆေးသည့်အခါ ယင်းပုဒ်မနှင့် ငြိစွန်းးမှု မရှိ၍ ပုဒ်မ ၅၂-ကဖြင့်သာ ပြောင်းလဲ တရားစွဲဆိုကာ ထောင် လိုက်ရခြင်းဖြစ်သည်ဟု ဦးတင်ညိုက ပြောသည်။
ဦးတင်ညိုက “သူတို့ကို မူလစွဲဆိုတယ်ဆိုတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့တော့ မဆိုင်တော့ဘူးပေါ့ဗျာ။ အခုဟာက AA နဲ့ ဆက် နွယ်ပ တ်သက်တယ်ဆိုတဲ့ သဘောနဲ့ပေါ့နော်။ ပုဒ်မ ၅၂-ကအရ ထောင်ဒဏ် ၄ နှစ်ချလိုက်တဲ့သဘော ပါ”ဟု ပြောသည်။
ချုပ်ရက်များပါ ခံစားခွင့်ရှိသည့်အတွက် ၎င်းတို့သည် လာမည့်နှစ်တွင် ပြန်လည် လွတ်မြောက်လာတော့မည်ဟု လည်း ဆိုသည်။
တောင်ကုတ်တွင် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရသူ ၆ ဦးအနက် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်သည် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျန် ၅ ဦးမှာ ဇွန်လတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ် အရာရှိအချို့၏ တရားလိုပြုလုပ်ကာ တရားစွဲဆိုခံခဲ့ရခြင်းလည်း ဖြစ်သည်။