သိုင်းငင်တိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၄ ဦးကျဆုံး၊ စစ်တပ်ဘက်လည်း ထိခိုက်သေဆုံးမှုများဟုဆို

သိုင်းငင်တိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၄ ဦးကျဆုံး၊ စစ်တပ်ဘက်လည်း ထိခိုက်သေဆုံးမှုများဟုဆို

ချင်းပြည်နယ် တီးတိန်မြို့နယ် စီးယင်းဒေသအတွင်းရှိ သိုင်းငင်ကျေးရွာက စစ်ကောင်စီ တပ်စခန်းကို ချင်းကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ် အတွင်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက်ပိုင်း ၅ နာရီမှ နေ့လယ်ပိုင်း ၁၂ နာရီအထိ ဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် ချင်းကာ ကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု CDM Siyin က ထုတ်ပြန် သည်။

CDM Siyin ပြောခွင့်ရပုဂ္ဂိုလ်က “ကျွန်တော်တို့ဘက် ရဲဘော် ၄ ဦးကျဆုံးတယ်၊ ၂ ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာ ရတယ်ပေါ့နော်။ သူတို့ဘက်လည်း အထိအခိုက်များမယ်။ ၂ ပွင့် ဗိုလ်တစ်ယောက်ဆို သူ့ပစ္စည်းတွေလည်း သိမ်းမိတယ်။ သူတို့ဘက် banker ခလုတ်ကျင်း ၂ ခုထဲက ရာထူးကြီးတဲ့ သူတွေ အချို့အပါအဝင်ပေါ့ အားလုံးပါ သွားလောက်တယ်။ banker တကျင်းမှာ ၅ ယောက် လောက်ရှိတယ်ဆိုတော့ သူတို့ဘက် ၅ ယောက်ကနေ ၁၀ ယောက် အကြားသေဆုံးနိုင်တယ်။ ထိခိုက်ဒဏ်ရာကတော့ တော်တော်များမယ်၊ ဘာလို့လဲဆိုတော့ RPG ရော ဗုံးရောနဲ့ ထုထားတာဆိုတော့” ဟု ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း အမြောက်အများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ၎င်းတို့ထံမှ လက် နက်ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသည့် အတွက် တိုက်လေယာဉ်ဖြင့် ၃ ကြိမ် လာရောက် ဗုံးကြဲတိုက် ခိုက်ခဲ့သည့်အပြင် ကလေးမြို့ကနေလည်း လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့သည်ဟု ဆို သည်။

“ကျွန်တော်တို့ဘက်က စခန်းထဲဝင်ပြီး ပစ်တယ်။ banker တွေသိမ်းနိုင်တာလည်း ရှိတယ်။ စခန်းသိမ်းဖို့ ရည် ရွယ်ပေမဲ့ ရဲစခန်းဘက်တော့ သိမ်းလိုက်နိုင်တယ်လို့ ပြောလို့ရတယ်။ ၉ နာရီလောက်မှာ ဂျက်လေယာဉ်က ကျွန် တော်တို့ ရှိမယ်လို့ ထင်တဲ့နေရာတွေ ၆ ကြိမ်လောက် ပျံဝဲပြီးတော့ ဗုံးလာကြဲတော့ စခန်းတစ်ခုလုံးတော့ မသိမ်း လိုက်နိုင်ဘူးပေါ့။ ပြီးတော့ ကလေးဘက်ကနေလည်း ၁၂၀ မမ နဲ့ လှမ်းထုတယ်။ ကျွန်တော်တို့ နေ့ခင်း ၁၂ လောက်မှာ တပ်ဆုတ်တယ်” ဟု CDM Siyin ပြောခွင့်ရကပြောသည်။

သိုင်းငင်တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ပေါင်းစု (CDF CDM SIYIN, PDF Zoland+ B5 ME, CNDF, TCDF, KKG B7, PDA) နှင့် PDF Kalay, S2 အဖွဲ့တို့ပါဝင်ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြသည်ဟု ဆိုသည်။

သိုင်းငင်ကျေးရွာသည် ကလေးမြို့မှ ချင်းတောင် တီးတိန်-ရိခေါဒါရ် နှင့် ဖလမ်း-ဟားခါးဘက်သို့သွားသည့် လမ်းဆုံလမ်းခွတွင် တည်ရှိပြီး ယင်းနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲကာ ခရီးသွားပြည်သူများအား စစ်ဆေးဖမ်းဆီးမှုများ မကြာခဏပြုလုပ်သည့်အတွက် ယခုကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည် ဟု တာဝန်ရှိသူများက ပြောသည်။

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...