မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်စွဲထားဆဲ၊ ဒေသခံတွေ နေရပ်မပြန်နိုင်သေး

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်စွဲထားဆဲ၊ ဒေသခံတွေ နေရပ်မပြန်နိုင်သေး

ရှမ်း - ကရင်နီ နယ်စပ် မိုးဗြဲမြို့မှာ မေလ နောက်ဆုံးပတ်ကစပြီး အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ထဲမှာ တပ်စွဲထားတာ တစ်လကျော်ကြာနေပြီ ဖြစ်ပြီး တိမ်းရှောင်နေတဲ့ မိုးဗြဲ ဒေသ ခံတွေကတော့ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါ တယ်။

မိုးဗြဲမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြည်ထောင်စုလမ်းမကြီးတလျောက် ထိန်းချုပ်ထားတဲ့ အတွက် ပြည်သူတွေ အသွားအလာမရှိဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ပြည်သူတွေလည်း အသွားအလာမရှိဘူးပေါ့နော်။ ပြည်သူတချို့တော့ ပြန်နေတယ်ပေါ့နော တချို့ရပ်ကွက်တွေ တော့ရှိတယ်။ စစ်ကောင်စီနဲ့ဝေးတဲ့နေရာတွေပေါ့နော။ မိန်းလမ်းတစ်ကြောကတော့ ပြည်သူတော့မရှိဘူး နေတာ တွေ မရှိသေးဘူး။ စစ်ကောင်စီတော့ တချို့နေရာတွေတော့ရှိသေးတယ်။ သူတို့ရဲ့ တပ်စခန်းနဲ့နီးတဲ့နေရာတွေမှာ တပ်စွဲထားနေတုန်းပါပဲ” လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက် ခိုက်ခဲ့ပြီး တစ်လတာအတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား (၂၀) ကျော် သေဆုံးခဲ့ ပါတယ်။

မိုးဗြဲမြို့ တိုက်ပွဲအတွင်း အရပ်သား ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ကျည်စ ထိမှန်တာ၊ နေအိမ်ထဲပိတ်မိပြီး စစ်ကောင်စီက ဖမ်းဆီးပစ်သတ်တာ၊ လမ်းသွားလမ်းပြည်သူတွေကို ပစ် ခတ်တာ စတဲ့ အကြောင်းအရင်းတွေကြောင့် သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။

မိုးဗြဲမြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့ နေရာအပြင် စစ်ရှောင်စခန်း ရှိရာနေရာတွေကိုလည်း ဗုံးကြဲ တိုက် ခိုက်ခဲ့တာကြောင့် ပျက်စီးမှုလည်း များပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က မကြာခဏ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတာ ကြောင့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။

သို့ပေမယ့် လက်ရှိ မိုးဗြဲမြို့တိုက်ပွဲဟာ အရင်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် ပိုမိုပြင်းထန်ပြီး အရပ်သား ထိခိုက်သေဆုံးမှုကလည်း ပိုများတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

“ပိုဆိုးတာက အရင်ကထက်ပိုဆိုးတာပေါ့နော ဒေသခံတော်တော်များများက အရင်ကဆိုရင် တိုက်ပွဲဖြစ်နေ ပေ မယ့် ကိုယ့်အိမ်ထဲမှာ ကိုယ်နေကြပြီး တိုက်ပွဲငြိမ်သွားရင် ပြန်ထွက်ကြ ပုံမှန်အတိုင်းပေါ့နော်။ ဒါပေမယ့် အခုက မြင်မြင်သမျှ ရမ်းသန်းပြီး ပစ်ခတ်သလိုပုံစံဖြစ်နေတယ်ပေါ့ စစ်ကောင်စီက။ ဒေသခံတော်တော်များများကလည်း မနေရဲကြတော့ဘူး မြို့ကိုစွန့်ခွာပြီး ရှောင်တဲ့သူ များတယ်” လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ကုန်သွယ်ရေး လမ်းကြောင်းအပြင် ဆက်သွယ်ရေးပါ အရေးပါတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက အပြည့်အဝ ထိန်း ချုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ဘေးရှောင်တွေရဲ့ ရိက္ခာကို ဖြတ်တောက်ဖို့ လုပ်ဆောင်နေတာ ဖြစ်သလို အင် အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းတင်ပို့ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ် ကြပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အကြား နှစ်ဘက် စစ်ရေးတင်းမာနေဆဲ အခြေအနေ ဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် လူထုတွေအနေနဲ့ အထူးသတိထား နေကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...