ရွာသစ်မှာ အရပ်သား ၆ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရွာသစ်မှာ အရပ်သား ၆ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
၂ဝ၂၁ ခုနှစ်မှာ ရိုက်ကူးထားတဲ့ ရွာသစ်မြို့ရှိ ဘုန်းကြီးကျောင်း
၂ဝ၂၁ ခုနှစ်မှာ ရိုက်ကူးထားတဲ့ ရွာသစ်မြို့ရှိ ဘုန်းကြီးကျောင်း

ကရင်နီပြည် ဘောလခဲခရိုင် ရွာသစ်မြို့မှာ အရပ်သား ၆ ဦးဟာ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်မှု ခံရတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

ဇွန်လ နောက်ဆုံးအပတ်ထဲမှာ ရွာသားတွေ ပစ်သတ်ခံလိုက်ရတာ ဖြစ်ကြောင်း ဒေသခံတွေက ကန္တာရဝတီ တိုင်း(မ်) ပြောပါတယ်။

“ရွာသစ်ပြည်သူ ၆ ယောက်ကို စစ်တပ်က ပစ်သတ်သွားတာ။ မြို့ထဲမှာလည်း တော်တော်များများ နေရာယူထား တယ်။ ၂၈ ရက်နေ့လောက်က ပြည်သူ ငါးယောက်ကိုလည်း ဖမ်းသွားသေးတယ်။ ပြန်တော့လွှတ်ပေးတယ်။ အမျိုးသားတွေ။ ၂၇ ရက်နေ့က ၄ ယောက်၊ ၂၉ ရက်နေ့လောက်မှာ ၂ ယောက် အသတ်ခံထားရတာ။ ပြည်သူ တွေနေကြတဲ့ ဘုန်းကြီးကျောင်းအနီးနားမှာပဲ ပစ်သတ်တာ၊ ဘုန်းကြီးကျောင်းအပြင် ထွက်လို့တဲ့။ ၆ ယောက် ထက်လည်း ပိုနိုင်မယ်။ တောင်ယာက ပြန်လာတဲ့သူတွေလည်း ပစ်ခံရတယ်လို့ ပြောတယ်။ အတည်ပြုနိုင်တာက တော့ ၆ ယောက်ပါ” လို့ ရွာသစ်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၂၇ ရက်နေ့က ၄ ဦး၊ ၂၉ ရက်နေ့မှာ ၂ ဦး ပစ်သတ်ခံထားရတယ်လို့ ရွာသစ်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ပစ်သတ်ခံရတဲ့ သူတွေဟာ ရွာသစ်ဒေသခံတွေဖြစ်ပြီး ၎င်းတို့ တိမ်းရှောင်နေကြတဲ့ ဘုန်းကြီးကျောင်းထဲ ကနေ အပြင်ကို ထွက်သွားတဲ့အတွက် ပစ်သတ်လိုက်တာလို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းထဲကိုလည်း တစ်နေ့ကို နှစ်ခေါက် ဝင်ရောက် စစ်ဆေးတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဘုန်းကြီးကျောင်းရဲ့ အပြင်ဘက်ကို ပြန်ပေးထွက်တာ နှစ်ရက်လောက်တော့ ရှိနေပြီလို့ ဒေသခံ တွေက ပြောပါတယ်။

ရွာသစ်မြို့တွင်းမှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေမယ့် အနီးအနားဝန်းကျင်မှာ ဖြစ်ပွားနေတာတွေ ရှိတယ် လို့ ဒေသခံတွေက ပြောပါတယ်။

“အခုကတော့ အခြေအနေ ငြိမ်တယ်ဆိုပေမယ့် တော်တော်များများကို သူတို့ လိုက်ပတ်စစ်တယ်။ အင်အားတော့ ရာနဲ့ချီ ရှိလောက်မယ်။ တိုက်ပွဲတော့ မဖြစ်ဘူး မြို့ထဲမှာ။ စိုးရိမ်တာကတော့ လူသားဒိုင်းနဲ့ ပေါ်တာပဲ” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ -၂၇ ရက်နေ့မှာ ရွာသစ်မြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြီး ထပ်မံ တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်လူထု (၅၀၀) ဝန်းကျင်ရှိနေတယ်လို့ ရွာသစ်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိမှာ မိုးရာသီဖြစ်တဲ့အတွက် အဆိုပါ စစ်ရှောင်တွေအတွက် မိုးကာတွေ နဲ့ စားနပ်ရိက္ခာတွေ အထူးလိုအပ် ချက်ရှိနေတယ်လို့လည်း ဒေသခံ စစ်ရှောင်တွေက ပြောပါတယ်။

ရွာသစ်မြို့အနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီ က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

November 6, 2024
ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအချင်းချင်းကြားမှာ ညီညွတ်မှုနဲ့ အနာဂတ် ဖက်ဒရယ်...
November 6, 2024
ဆောင်းတွင်းကာလရောက်ရှိလာပြီဖြစ်တာကြောင့် ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအများစုမှာရှိနေတဲ့...
November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...