ဘီးလင်းတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံး၊ ဆယ်ဦးဒဏ်ရာရ

ဘီးလင်းတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံး၊ ဆယ်ဦးဒဏ်ရာရ

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ မွန်ပြည်နယ်၊ ဘီး လင်းမြို့ရှိ အလူးလေးကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၇) ဦး သေဆုံးပြီး (၁၀)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ သည်။

တိုက်ပွဲက ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုဘက်က ပြော သည်။

တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးက “ပထမက ကျနော်တို့ မိုင်းချထားတဲ့နေရာမှာ ပြည်သူ့ ကားလာ ရပ်ထားတော့ မဆွဲတော့ဘူး။ ပြန်မယ်ဆိုပြီး လုပ်နေတုန်း ကားထွက်သွားပြီးတော့ စစ်တပ်ဘက်က ကားက လာ ရပ်တာပဲ။ မိုင်းနှစ်လုံးဆွဲ လိုက်တာ တစ်စီးပျက်စီးသွားတယ်။ အရင်တုန်းကဆို သူပစ် ကိုယ်ပစ်ပဲ အခုက ကျနော်တို့ဘက်က ပစ်ခတ်မှုပြီးလို့ ပြန်ဆုတ်တော့မှ သူတို့ပြန်ပစ်နိုင်တယ်” ဟု ပြောသည်။

ထိုနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် KNLA တပ်ရင်း - ၃၊ ဘီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျိုက်ထို တော် လှန်ရေး အင်အားစု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF တို့ ပါဝင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်သို့ ဖြတ်သန်း လာသော စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့သို့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပူးပေါင်းတပ်ဘက်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်ခန့် အကြာတွင် တိုက်ပွဲဖြစ်ပွားရာ အနီးသို့ ပိုင်ရှင်မသိ ဟွန်ဒါဖစ် (Honda Fit)  အနက် ရောင် ကားတစ်စီး ရောက်ရှိလာပြီး ကားလမ်းမကြီးဘေးရှိ နေအိမ်များသို့ သေနတ်ဖြင့် ၅ ချက်စီခန့် ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြေပြင်သတင်း အရင်းအမြစ်များက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့ကလည်း KNLA ပူးပေါင်းတပ်များ၏ မိုင်းခွဲမှုကြောင့် ပျက်စီးသွားသော သထုံနှင့်ဘီးလင်းမြို့အကြားရှိ ကျုံအိတ်တံတား (ရွှေရောင်ပြတံတား) အား စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်၊ ရဲဘက်နှင့်ဌာနဆိုင်ရာမှ ဝာာဝန်ရှိသူများက လာရောက်ကြည့်ရှုစဉ် ဒရုန်းဗုံးဖြင့်ကြဲချတိုက်ခိုက်ခံရ၍ ဝန်ထမ်းတစ်ဦးသေဆုံးသလို အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ‌စစ်ရေးသတင်း အရင်းအမြစ်ဘက်က ပြောဆိုထားသည်။

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...