ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်က ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးမှုဟာ စစ်ရေးအရ စစ်ကောင်စီတပ် ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တာဖြစ်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် က ကျုံအိတ်တံတားကို ဇွန် ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ် ဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။
မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတခြမ်း ပြိုကျပျက်စီးခဲ့ပြီး ကုန်တင်ကားတွေ သွားလာလို့မရတဲ့ အခြေ အနေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။
KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့် “အဓိက ရည်ရွယ် ချက်ကတော့ ကျွန်တော်တို့တွေ ဒီရန်ကုန်- မော်လမြိုင်ကနေပြီးတော့ ဘားအံ- မြဝတီပေါ့။ ဟိုဘက်ကရေးတို့ ထားဝယ်တို့အထိပေါ့။ လမ်းမကြီးကို စကစကနေပြီးတော့ သူတို့တွေထောက်ပို့နဲ့ပတ်သက်ပြီးတော့ အဲဒီလမ်း ကြောင်းကို ဖြတ်တောက်ချင်တဲ့ရည်ရွယ်ချက်နဲ့ပဲ။ တံတားကလည်း မိန်းလမ်းမကြီး မော်လမြိုင်နဲ့-ရန်ကုန် သွား လို့ရတယ်။ မော်လမြိုင်နဲ့ ဘားအံကနေပြီးတော့ မြဝတီအထိပေါ့ သွားလို့ရတယ်” လို့ ပြောပါတယ်။
ကျုံအိတ်တံတား မိုင်းဖောက်ခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေ အပါအဝင် ၃ ဦးထက် မနည်းသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီတံတား ပြိုကျပျက်စီးမှုကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ အရာရှိတွေကို တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၁၀ လုံးချပြီး ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု များပြားခဲ့ တာပါ။
ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း သထုံခရိုင်လမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦး၊ အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းတစ်ဦး သေဆုံးပြီး တံတားဖောက်ခွဲခံရတဲ့ ဖြစ်စဉ်မှာတော့ ဥပဒေအရာရှိ တစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း အပါအဝင် စစ်ကောင်တပ်၊ ရဲတပ်ဖွဲ့ အရာရှိတွေအပြင် ဌာနဆိုင်ရာတာဝန်ရှိသူ ၂၆ ဦး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ ၄ ဦး ထက်မနည်း ရှိနေပါတယ်။
ကျုံအိတ်တံတားဟာ ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်နဲ့ မြဝတီတို့ကို အဓိကသွားလာနေတဲ့ လမ်းပိုင်းတစ်ခုဖြစ်ပြီး အဲဒီဖြစ်ကြောင့် အိမ်စီးကားလောက်သာ သွားလာလို့ရပြီး ကုန်တင်ကားတွေ သွားလာလို့ မရတဲ့အတွက် ကား အစီးရေ ရာနဲ့ချီပိတ်မိတာပါ။
ကျုံအိတ်တံတား ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီဘက်က လုံခြုံရေး အထူးတင်းကြပ်ထားသလို တံတားပြင် ဆင်ဖို့လည်း လုပ်ဆောင်တာတွေ ရှိနေပါတယ်။
အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီ အခြေစိုက် တပ်ရင်းတွေကနေ သထုံခရိုင်ထဲက ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါ တယ်။
စစ်ရေး အကဲခတ်တွေက အခုဖြစ်စဉ်ကြောင့် မွန်ပြည်နယ် သထုံခရိုင်ထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင် တယ် လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
ဓာတ်ပုံ-CJ