ရေး-ထားဝယ်ကားလမ်း ကလော့ရွာအနီး တိုက်ပွဲဖြစ် ကလေးငယ်တစ်ဦးအပါ ၄ ဦး ဒဏ်ရာရ

ရေး-ထားဝယ်ကားလမ်း ကလော့ရွာအနီး တိုက်ပွဲဖြစ် ကလေးငယ်တစ်ဦးအပါ ၄ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာအနီး ရေး-ထားဝယ်ကားလမ်းမတွင် ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ကလော့ကျေးရွာ ပေလေးဆယ်တံတားအနီး စစ်ကောင်စီတပ်ကားတစ်စီးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ရန်ကုန်မှ ထားဝယ်သို့ မောင်းနှင်လာသည့် အိမ်စီးကားတစ်စီး ကြားညှပ် ကျည်ထိမှန်သွားခဲ့ပြီး ကားပေါ် စီးနင်းလိုက်ပါလာသည့် တစ်နှစ်ခွဲအရွယ်ကလေးငယ်တစ်ဦး၊ အမျိုးသမီး ၂ ဦးနှင့်  အမျိုးသား ၁ ဦးတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်ဒဏ်ရာရသူများကို ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းအနက်မှ ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးတစ်ဦးကိုတော့ ရေးမြို့ပြည်သူ့ဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထား ကြောင်းလည်း ဆိုသည်။

KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က နယ်မြေစိုးမိုးနိုင်ရေးအတွက် ရေးကားလမ်းတလျှောက်ကို ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကစပြီး ခရီးသွားပြည်သူများ၊ ကားများကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ စစ်ကောင်စီတပ်တို့နှင့် နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ် ၃၊ တောင်ပိုင်းတိုင်း PDF က သတင်းထုတ်ပြန်ထားချက်အရ ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ရေးမြို့နယ် အောင်သာယာ ကျေးရွာနှင့် ကနင်ကမော့ကျေးရွာကြား ပရယ်သားကျေးရွာအနီးတွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီခန့်က ဘေး လမိုင်းနှင့် အေးကမ္ဘာကြားတွင် တစ်ကြိမ်၊ နေ့လည် ၁၁ နာရီ ၅၀ မိနစ်ခန့်က စံပြကျေးရွာနှင့် နှင်းစုံကျေးရွာကြား တွင် တစ်ကြိမ် တစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

ထို့အပြင် ဇွန်လ ၂၆ ရက်နေ့ ညကလည်း ပရယ်သားကျေးရွာအနီးတွင်း စစ်ကောင်စီတပ်နှင့် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ရေး-ထားဝယ် ကားလမ်းတလျှောက်တွင် ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီ တပ်နှင့် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိနှစ်ဦးအပါအဝင် ၁၆ ဦးထက်မနည်း သေဆုံးသွားသည်ဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးတလျှောက်သွားလာနေကြသည့် ခရီးသွားပြည်သူများ၊ ကား များအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့် ပတ်သက်သည့် ပစ္စည်းများ တင်ဆောင်ခြင်း လုံးဝမပြုရန် အပါအဝင် အချက် ၄ ချက်ပါ ထုတ်ပြန်ချက်တစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၆) တပ်မဟာက ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် အမှတ် ၈ လမ်းမကြီးတလျှောက် သွားလာနေသော ခရီးသွားပြည်သူများ၊ မော်တော်ယာဉ် များ အနေဖြင့် KNLA မှ ရပ်တန့်သည့်အခါ ကြည်ဖြူစွာ ရပ်တန့်၍ အစစ်ဆေးခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်ဝတ္ထုပစ္စည်းဖြစ်စေ တင်ဆောင်ခြင်း လုံးဝ မပြုလုပ်ရန်၊ ခရီးသွား ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဥ်ပေါ်စီးနင်းလိုက်ပါခြင်း လုံးဝမပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များအနေနှင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေးခံ ရန် ပါရှိသည်။

ထုတ်ပြန်ချက်အတိုင်း စစ်ဆေးသွားမည်ဖြစ်ပြီး အများပြည်သူအနေဖြင့် တိတိကျကျ လိုက်နာကြရန်နှင့်  လိုက် နာခြင်းမရှိဘဲ တစုံတရာ ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့် ကိစ္စမျိုးကိုမဆို KNLA အနေ ဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

November 7, 2024
မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်...
အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ် MOU လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးနေကြစဉ်  ပုံခရက်တစ် - မွန်အမျိုးသားကောလိပ်
November 6, 2024
မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားကောလိပ်အနေဖြင့် ၂၀၂၄...
November 6, 2024
စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်းတွင် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၁ ဦး...
November 5, 2024
စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းပြီး...