စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အံတုသွားသော ဆလိုင်းတင်မောင်ဦး၏ သတ္တိ ကို အတုယူ တည်ဆောက်သွားကြဖို့ NUG ယာယီသမ္မတပြော

စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အံတုသွားသော ဆလိုင်းတင်မောင်ဦး၏ သတ္တိ ကို အတုယူ တည်ဆောက်သွားကြဖို့ NUG ယာယီသမ္မတပြော

စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အံတုသွားသော ဆလိုင်းတင်မောင်ဦး၏ သတ္တိသွေးကို မိမိတို့၏ တော်လှန် သော သွေးသားများအဖြစ် အတုယူလေ့ကျင့် တည်ဆောက်သွားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

ဇွန်လ ၂၆ ရက်နေ့သည် ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်ပြီး ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ၏ ဦးဆောင်မှုဖြင့် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း အခမ်းအနားကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့ရာ NUG ယာယီသမ္မတ က မိန့်ခွန်းပြောကြားရာတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “အသက်နဲ့ ခန္ဓာကို ပဓာနမထားဘဲ စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အန် တုသွားတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ သတ္တိသွေးကို ကျွန်တော်တို့ရဲ့ တော်လှန်သောသွေးသားများအဖြစ် အတုယူ လေ့ကျင့်တည်ဆောက်သွားကြဖို့" ပြောဆိုခဲ့သည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုခဲ့သည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းက တိတ်တဆိတ် ကြိုးပေးကွက် မျက်ခဲ့သည်။

ဆလိုင်းတင်မောင်ဦးသည် မြန်မာ့သမိုင်းတွင် ပထမဦးဆုံး ကြိုးပေးကွက်မျက်ခံရသော ကျောင်းသား ခေါင်း ဆောင်ဖြစ်ပြီး ကြိုးပေး ကွက်မျက်ခံရစဉ်တွင် အသက် ၂၅ နှစ်သာရှိသေးသည်။

ဆလိုင်းတင်မောင်ဦးသည် ၎င်းအားကြိုးပေးသတ်ဖြတ်ရန် ပြင်ဆင်နေသည့် စစ်အာဏာရှင်လက်ပါးစေများကို “စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး။ (I will never kneel down under military boots.)၊ မင်းတို့ ငါရဲ့ခန္ဓာ ကိုယ်ကိုသတ်လို့ရချင်ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ မရနိုင်ဘူး (You can kill my body but you can never kill my belief and what I stood for)” ဟု ရဲရဲတောက်ပြောကြားခဲ့သည်။

ဆလိုင်းတင်မောင်ဦး၏ ရုပ်ခန္ဓာသည် ကျဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ ယုံကြည်ချက်နှင့် ရပ်တည်ချက် သည် ယနေ့ချိန်ထိ ရှင်သန်နေဆဲဖြစ်ပြီး ဆလိုင်းတင်မောင်ဦး၏ ပြတ်သားသော ရပ်တည်ချက်ကို အလေးမြတ် ပြု လေးစားစံပြထားကြဖို့လည်း ယာယီသမ္မတက ပြောဆိုသည်။

“ဆလိုင်းတင်မောင်ဦးဟာ ရုပ်ခန္ဓာအားဖြင့် ကျဆုံးသွားပေမယ့် ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ရပ်တည် ချက်ကတော့ မသေဆုံးသေးပါဘူး။ အသက်ငယ်ရွယ်ပေမယ့် မြန်မာတစ်နိုင်ငံလုံး စစ်ဖိနပ်ရဲ့ နင်းပြားအောက်က ရုန်းထွက်နိုင်အောင် ဆလိုင်းတင်မောင်ဦးဟာ သူ့ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသခဲ့သူ ဖြစ်ပါတယ်။ ဒါတွေကို ပြန်လည် အောက်မေ့ပြီး ကျွန်တော်တို့ဟာ ဆလိုင်းတင်မောင်ဦးရဲ့ ပြတ်သားသော ရပ်တည်ချက်ကို အလေးအမြတ် ပြုကြပါစို့…လို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ICNCC ကလည်း ယနေ့ကျရောက်သော ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်ပြည့်မြောက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒ ရယ် ဒီမိုကရေးစီပြည် ထောင်စုတည်ဆောက်ရေးအတွက် နည်းမျိုးစုံဖြင့် ကျရာကဏ္ဍအသီးသီး၌ ပါဝင်ဆောင် ရွက်နေကြသူများ အားလုံးအနေဖြင့် ဆလိုင်းတင်မောင်ဦး၏ ပြောကြားချက်များကို ရင်ဝယ်ပိုက် ချီတက်ကြရန် အလေးအနက် တိုက်တွန်းခဲ့သည်။

စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသရွေ့ ကာလပတ်လုံး ချင်းလူမျိုးအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် လုံခြုံငြိမ်းချမ်းခြင်းများကို ရရှိခံစားနိုင်မည့် အခြေအနေမရှိကြောင်း၊ ပြည်သူ လူထု၏ ကိုယ်ပိုင်ပြဌာန်း ရွေးချယ်နိုင်ခွင့်များ မည်သည့်အချိန်တွင်မျှ ရရှိလာမည် မဟုတ်ကြောင်း ICNCC က ဆိုသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုသူတိုင်း စံနစ်မူနာထားလေးစားအသိ အမှတ်ပြုရန်ထိုက်တန်သည့် ဆလိုင်း တင်မောင်ဦး အထိမ်းအမှတ်နေ့အား ပြည်ထောင်စု မြန်မာနိုင်ငံတဝန်းလုံးတွင် နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန်လည်း ICNCC က တိုက်တွန်းထားသည်။

ဆလိုင်းတင်မောင်ဦးသည် မြေပြန့် အရှိုချင်း တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်တွင် သတ္တဗေဒ အထူးပြုဘာသာရပ်သင်ကြားနေစဉ် ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားလာခဲ့သည်။

၁၉၆၉ ခုနှစ် ပဉ္စမ အကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ ကျောင်းသားများ ဆန္ဒပြလှုပ်ရှား မှု၊ ၁၉၇၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ် ရွှေရတုလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ဇွန်အလုပ်သမားအရေး အခင်း၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတို့တွင် တက်ကြွစွ ာဦးဆောင်ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၇၆ ခုနှစ် သခင်ကိုယ်တော်မှိုင်း (မှိုင်းရာပြည့်) အရေးအခင်းလှုပ်ရှားမှုအတွက် ပြင်ဆင်နေချိန် မတ်လ ၂၂ ရက် နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၉၇၆ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် မဆလ စစ်အစိုးရက သေဒဏ်ချမှတ်ခဲ့သည်။

ထို့နောက် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက် စနေနေ့ နံနက်လင်းအားကြီးအချိန်တွင် အင်းစိန်ထောင်မှာ တိတ်တဆိတ် ကြိုးပေး ကွက်မျက်ခံခဲ့ရသည်။

November 6, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို...
November 6, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို ယနေ့ (နိုဝင်ဘာလ ၆ ရက်နေ့)...
November 5, 2024
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့၏ ...
November 4, 2024
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် ၁...