ကျောက်လုံးကြီး စစ်ကောင်စီစခန်း တစ်လအတွင်း (၃) ကြိမ်တိုက်ခိုက်ခံရပြီး (၁၀) ဦးထက် မနည်းသေဆုံး

ကျောက်လုံးကြီး စစ်ကောင်စီစခန်း တစ်လအတွင်း (၃) ကြိမ်တိုက်ခိုက်ခံရပြီး (၁၀) ဦးထက် မနည်းသေဆုံး

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ လိပ်သိုဒေသ၊ လေလော်ဒေးကျေးရွာအနီးရှိ ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ယခု ဇွန်လအတွင်း (၃) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း တပ်မဟာ (၂) တပ်ရင်း(၅)၏ ယမန်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၄) ရက်၊ (၁၂) ရက်နှင့် (၂၀)ရက်နေ့တို့တွင် KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅) နှင့် ပူးပေါင်းတပ် ဖွဲ့ဝင်များက ထိုစစ်ကောင်စီ တပ်စခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၁၀) ဦး ထက် မနည်းသေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီ၏ ၇ မိုင်တပ်စခန်း၊ ထုံးဘိုကြီးရွာအခြေစိုက် တပ်စခန်း၊ လိပ်သိုမြို့ရှိ အမှတ် (၆၀၃) ဗျူဟာကုန်း တပ်စခန်းအသီးသီးတို့မှ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ပေးခဲ့သလို ဇွန်လ (၂၁) ရက်နေ့တွင် ကျောက်လုံးကြီးတပ်စခန်းမှလည်း အနီးအနားရှိ ရွာသစ်၊ ကွမ်းပင် အစရှိသော ကျေးရွာများသို့ လက်နက်ကြီးများထပ်မံပစ်ခတ်ခဲ့၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန် ချက်တွင် ဆိုထားသည်။

“ကျောက်လုံးကြီးက သံမိုးတောင်ရွာဘက်နဲ့လည်း နီးတယ်။ သံမိုးတောင်မှာလည်း တိုက်ပွဲကြောင့် အကုန် စစ် ရှောင်နေရပြီ။ စစ်တပ်နှင့် ဟိုဘက်(တော်လှန်ရေးအင်အားစု)နဲ့က အပြန်အလှန်ပစ်ခတ်နေကြတာပဲ။ ကျမတို့ ဘက်မှာလည်း တစ်ခါတစ်ခါ စစ်တပ်က ကေအဲန်ယူဘက်ကို လက်နက်ကြီး လှမ်းထုလိုက်တာကြားရင် အကုန် အိမ်အောက်မှာ ဆင်းဝပ်နေရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း အဆိုပါ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များ တော်လှန်ရေး အင်အားစုများ၏မိုင်းဆွဲတိုက်ခိုက်ခံရ၍ (၃)ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြ ချက်အရ သိရသည်။

အလားတူ ယခု ၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ကလည်း ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ ထုံးဘိုကြီး၊ ကျောက်လုံးကြီး၊ သံမိုးတောင်နှင့် ဗဟုန်းတပ်စခန်းတို့ကို လက်နက်ကြီး၊ ငယ်များဖြင့် တစ်ပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့သလို တောင်ငူရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အား လက်နက်ကြီး (၄) လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

အဆိုပါ တိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ဗဟုန်း၊ ထုံးဘိုကြီး အစရှိသော ကျေးရွာများသို့ လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့သဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

Most read this week

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း။
November 7, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက...
November 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ကရင်နီပြည်နယ်စပ်မှစ၍ သူးမွဲထအထိ...
November 6, 2024
ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများကြား တူညီသော ဦးတည်ချက်ဖြင့် မူဝါဒအရ...