မိုခါမုန်တိုင်းဒဏ်ခံရသူ ၁.၆ သန်းကို ကူညီဖို့ ဒေါ်လာ ၂၄.၂ သန်း ရရှိထားကြောင်း UNOCHA ထုတ်ပြန်

မိုခါမုန်တိုင်းဒဏ်ခံရသူ ၁.၆ သန်းကို ကူညီဖို့ ဒေါ်လာ ၂၄.၂ သန်း ရရှိထားကြောင်း UNOCHA ထုတ်ပြန်

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် လူဦးရေ ၁ ဒသမ ၆ သန်းကို ကူညီဖို့အတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂၄ ဒဿမ ၂ သန်း ရရှိထားပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေး (United Nations OCHA Myanmar) က ဇွန်လ ၂၂ ရက် မနေ့က ထုတ်ပြန်လိုက်သည်။

ဆိုင်ကလုန်း မုန်တိုင်းအလွန် တစ်လကျော်အကြာတွင် စစ်ကောင်စီဖက်က ကူညီကယ်ဆယ်ရေး အဖွဲ့များ ကို ခရီးသွားခွင့်ယာယီဆိုင်းငံ့ ကန့်သတ်ထားသည့်အတွက် မုန်တိုင်းဒဏ်ခံပြည်သူများ ကူညီမှုလုပ်ငန်းများကို ထိခိုက်လျက် ရှိနေသေးကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါကန့်သတ်ချက်များကြောင့် မုန်တိုင်းဒဏ်သင့်ဒေသခံလူထု၏ ဆိုးရွားနှင့်ပြီးသား စားဝတ်နေရေး ပိုမို ဆိုးရွားစေသလို မိုးတွင်းကာလ ရေကြီးရေလျှံဖြစ်ပွားမှုတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများရှိ နေကြောင်း ထောက်ပြထားသည်။

အဆိုပါကိစ္စများဖြေရှင်းနိုင်ရေးအတွက် နေပြည်တော်နှင့် ပြည်နယ်အဆင့်ရှိ စစ်ကောင်စီတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေပြီး ကန့်သတ်ချက်များ ဖြေလျော့ပေးဖို့ တောင်းဆိုထားကြောင်းလည်း ဖော်ပြထားသည်။

ရခိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အစိုးရကပေးနေတဲ့ ကူညီကယ်ဆယ်ရေးအနေအထားတွေနဲ့ လက်လှမ်း မမီတဲ့နေရာမှာ ရှိနေတဲ့သူတွေ ရယ်၊ UN Agency တွေရဲ့ ကူညီကယ်ဆယ်ရေးတွေက အခြေအနေအရ တော် တော်လေးကို နှောင့်နှေး နေတာ တွေ့ နေရတယ်။ အခြေခံလူတန်းစားတွေအတွက် အားကိုးရာမဲ့ အနေအထား ဖြစ်သွားတယ်။ ရခိုင် လူထုအသိုင်းအဝိုင်းထဲမှာလည်း လူထုထဲကပဲ ကူညီစောင့်ရှောက်ရမယ့် အခြေအနေ တစ် ရပ် ထူထောင်ဖို့လိုတယ်” ဟု သုံးသပ် ပြောဆိုသည်။

စစ်ကောင်စီ၏ ကန့်သတ်ချက်များရှိနေပေမယ့်လည်း ရခိုင်ပြည်နယ်ထဲက လူပေါင်း ၃၈၀,၀၀၀ နီးပါးကို စားနပ် ရိက္ခာများ ထောက်ပံ့ပေးထားပြီး လူပေါင်း ၁၄၄,၀၀၀ ကျော်အတွက် အမိုးအကာနှင့် ကယ်ဆယ် ရေးပစ္စည်းများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ လူဦးရေ ၁၂,၅၀၀ နီးပါးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ပေးနိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် (၈) မြို့နယ်မှ အသက် ၅ နှစ်အောက်ကလေး ၇,၀၀၀ ကျော်ကို အစာအာဟာရများ ပံ့ပိုးနိုင်ခဲ့ ကြောင်း၊ ရခိုင်ပြည်နယ် မြို့နယ် (၃) မြို့နယ်ရှိ မုန်တိုင်းကြောင့် ညစ်ညမ်းသွားသည့် ရေကန်ပေါင်း ၇၀ ကိုလည်း သန့်ရှင်းပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

မုန်တိုင်းအလွန် တစ်လအတွင်း ရခိုင်ပြည်နယ်ထဲမှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် United Nations OCHA ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယခုကဲ့သို့ ဖြည့်ဆည်းပေးနိုင်ခဲ့သည်ဟု ဆိုသည်။

United Nations OCHA သည် မိုခါမုန်တိုင်းပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ (၃၃၃) သန်းခန့် လိုအပ်မည်ဖြစ်ကြောင်း မေတ္တာ ရပ်ခံထားပြီး လက်ရှိ ကန်ဒေါ်လာ ၂၄ ဒဿမ ၂ သန်း လက်ခံရ ရှိထားပြီ ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်က စစ်တွေမြို့အနီး ဦးတည်တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်များရှိ နေအိမ် (၂၁၆၆၈၁) ဆောင် ပျက်စီးခဲ့ပြီး လူပေါင်း တစ်သန်း ကျော် ထိခိုက်နစ်နာခဲ့ရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ထုတ်ပြန်ထားသည်။

မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာအသီးသီးမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီ ကယ် ဆယ်ရေးအတွက် ဆေးဝါးများ၊ စားနပ်ရိက္ခာများနှင့် အမိုးအကာများ ကို စစ်ကောင်စီထံသို့ တဆင့်ခံ လှူဒါန်း ထားသော်လည်း မုန်တိုင်းသင့်ပြည်သူများထံ ထိထိရောက်ရောက် မရောက်သေးကြောင်း ဒေသခံ ပြည်သူများနှင့် ကယ်ဆယ်ရေး အဖွဲ့အစည်းများက ပြောကြသည်။

Photo: UN OCHA

ဓာတ်ပုံ-Mgkhine Aung facebook
November 7, 2024
ရခိုင်ပြည်တွင် နှစ်စဉ်ရေရှားပါးမှုကိုကာကွယ်ရန်အတွက်...
ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...