ညောင်တုန်းမြို့နယ် ကရင်စာ/ယဥ် တွဲဖက်အတွင်းရေးမှူးအား ပုဒ်မ (၃)ခု ဖြင့် စစ်ကောင်စီ တရားစွဲ

ညောင်တုန်းမြို့နယ် ကရင်စာ/ယဥ် တွဲဖက်အတွင်းရေးမှူးအား ပုဒ်မ (၃)ခု ဖြင့် စစ်ကောင်စီ တရားစွဲ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရသော မြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့် ယဥ်ကျေးမှု အသင်း၏ တွဲဖက်အတွင်းရေးမှူး စစ်ကောင်စီ က ပုဒ်မ (၃) ခုတပ်စွဲ၍ တရားစွဲဆိုထားကြောင်း နီးစပ်ရာသူများက ပြောသည်။

ညောင်တုန်းမြို့နယ် ကရင်စာ/ယဥ် တွဲဖက်အတွင်းရေးမှူး စမြကြီးအား စစ်ကောင်စီက တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

နီးစပ်သူတစ်ဦးက “သူ့ကို အကြမ်းဖက်ပုဒ်မ(၃)ခုနဲ့ စစ်တပ်က တရားစွဲထားတယ်။ သူက လူပျိုကြီး အိမ်မှာ တစ် ယောက်ထဲပဲနေတော့ အဲဒီ PDF လို့ စွပ်စွဲပြီး ဖမ်းခံလိုက်ရတဲ့လူငယ်တွေက သူ့အိမ်မှာ အိပ်အိပ်စားစား လုပ် တယ်။ ပြီးတော့ လက်နက်မိတဲ့ အိမ်က လက်နက်တွေထားတဲ့ ထမ်းစင်ကို ဆောက်တုန်းကလည်း သူသွား ကူ ဆောက်ပေးသေးတယ်။ အဲ့လိုနဲ့သူပါရောပြီး တရားစွဲခံရတာ” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ဇွန်လ (၉) ရက်နေ့ မှ (၁၁)ရက်နေ့း အတွင်းတွင် ညောင်တုန်းမြို့နယ်ရှိ လူငယ်အချို့အား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု ဆိုကာ လိုက်လံဖမ်းဆီးခဲ့စဉ် ဇွန်လ (၁၀) ရက်နေ့က စမြကြီး၏ အိမ်အနီးဝန်း ကျင်ရှိ နေအိမ်မှ လူငယ်တစ်ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်ကောင်စီက စမြကြီးအား ဆက်လက်ဖမ်းဆီး၍ ယခုကဲ့သို့သော အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁-က၊ ၅၂-ဂနှင့် ၄၉-ကတို့ဖြင့် တရားစွဲဆိုထားခြင်းသည်ဟု အဆိုပါ နီးစပ်သူက ပြောသည်။

ဖြစ်စဉ်မှာ စမြကြီးအား စစ်ကောင်စီက မှားယွင်းဖမ်းဆီးခြင်းသာ ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံလိုက်ရသည့် နေ့ နောက်ပိုင်းကစပြီး ယနေ့အချိန်ထိ ၎င်းနှင့်တွေ့ခွင့်မပေးတော့ဘဲ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

ထိုသို့ စမြကြီးနှင့် အဆက်အသွယ်ပြတ်သွားသည့်နောက်ပိုင်းမှ ယခုကဲ့သို့ အကြမ်းဖက်ဥပဒေပုဒ်မများ တပ်၍ တရားစွဲဆိုခံလိုက်ရခြင်း ဖြစ်သည်ဟု ၎င်းနှင့်နီးစပ်ရာအသိုင်းအဝိုင်းက ဆိုသည်။

ယခုဇွန်လအထိ ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီက ညောင်တုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -NPDF နှင့် ဆက်စပ်သူများဟု စွပ်စွဲ၍ ဖမ်းဆီးခြင်းခံလိုက်ရသော လူငယ်များမှာ စမြကြီး အပါအဝင် အယောက် ၂၀ ထက်မနည်းရှိနေသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူများ၏ နေအိမ်များအားလည်း ချိပ်ပိတ်ခြင်းနှင့် ရှာဖွေဖမ်းဆီးခြင်းများ ဆက်လက် လုပ်ဆောင်နေသောကြောင့် ညောင်တုန်းမြို့နေ ပြည်သူများ စိုးရိမ်ကြောက်လန့်စွာ နေထိုင်နေရသည် ဟု မြို့ခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း။
November 7, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက...
November 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ကရင်နီပြည်နယ်စပ်မှစ၍ သူးမွဲထအထိ...
November 6, 2024
ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများကြား တူညီသော ဦးတည်ချက်ဖြင့် မူဝါဒအရ...