လွိုင်ကော်မြို့က စစ်တပ်လက်အောက်ခံ စာသင်ကျောင်းပေါင်း ၅၀ ကျော်တွင် ပညာရေးဝန်ထမ်း မလုံလောက်

လွိုင်ကော်မြို့က စစ်တပ်လက်အောက်ခံ စာသင်ကျောင်းပေါင်း ၅၀ ကျော်တွင် ပညာရေးဝန်ထမ်း မလုံလောက်

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်အတွင်း စစ်ကောင်စီလက်အောက်ခံ ကျောင်းပေါင်း (၅၅) ကျောင်း ဖွင့်လှစ် ထားပေမယ့် ကျောင်းသားကျောင်းသူ ဦးရေများနေပြီး သင်ကြားပေးမယ့် ဆရာ/ဆရာမ မလုံလောက်ဘူးလို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။

အာဏာမသိမ်းခင် လွိုင်ကော်မြို့နယ်အတွင်း အစိုးရကျောင်း (၁၂၅) ကျောင်း ရှိခဲ့တဲ့အနက် လက်ရှိမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တာရား လည်ပတ်နိုင်တဲ့ မြို့ပေါ်တွေမှာသာ ကျောင်းဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်။

ကျောင်းတွေဖွင့်လှစ်ထားပေမယ့် ဆရာ/မ မလုံလောက်မှုကြောင့် G- 10 အတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ/သားတွေကို မူလတန်း အတန်းတွေဖြစ်ကြတဲ့ KG နဲ့ G-1 အတန်းတွေကို တစ်ဆင့် ပြန်သင်ကြားခိုင်း တာတွေရှိတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်က ကျောင်းသားမိဘတစ်ဦးက “ကျောင်းဆရာ၊ ဆရာမတွေလည်း မလုံလောက်ဘူးလို့ ပြော တယ်။ ကလေးတွေတအားများတော့ ဆရာ၊ ဆရာမ မလုံလောက်တဲ့အတွက် အခန်းထဲ ဆရာမ တခါဝင်ရင် စာပဲ ရေးထားခိုင်းတယ်။ သူတို့ စောင့်ကြည့်ဖို့ အချိန်မရှိဘူး။ အငယ်တန်းတွေကို အတန်းကြီးတွေနဲ့ သွားကြည့် ခိုင်း တာမျိုး လုပ်တယ်လို့ အငယ်ဆုံးသားက ပြန်ပြောပြတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြို့ခံတော် တော်များများက စစ်ဘေးရှောင်ကြပြီး ကျောင်းမနေလိုက်ရတဲ့ ကလေးတွေဟာ လက်ရှိကျောင်းပြန်တက်တဲ့ အခါမှာ အရင်တက်ခဲ့ဖူးတဲ့ အတန်းကိုပဲ ပြန်တက်ရတာကြောင့် ကျောင်းသားဦးရေများတာ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီ ပညာရေးကို လေ့လာသူတစ်ဦးက ပြောပါတယ်။

“G -1 ကလေးတွေက အရမ်းများတော့ ကျောင်းတိုင်းကျောင်းတိုင်းမှာ ၆ နှစ်ပြည့်တဲ့ ကလေးတွေရယ် စစ် ရှောင်က အသက်အရွယ်အလိုက် အတန်းတက်ခွင့်မရဘဲနဲ့ ပြန်လာြပီးတော့ G -1 ကနေ ပြန်လာ နေရတဲ့ ကလေး တွေရှိတာပေါ့နော်။ အဲတော့ ကျောင်းနေတဲ့ ရာခိုင်နှုန်းက များပါတယ်။ အတန်းတက်ခွင့် မရတဲ့အတွက် နေခဲ့ရ တဲ့ (ကျောင်းမတတ်တဲ့) ကလေးတွေလည်း ၂၀ ရာခိုင်နှုန်းလောက်ရှိတာပေါ့” သူက ပြောပါတယ်။

ဒါ့အပြင် ငွေကြေးတတ်နိုင်တဲ့ မြို့ခံတွေဟာ ၎င်းတို့ရဲ့သားသမီးတွေကို စစ်ကောင်စီ လက်အောက်ခံ ကျောင်းတွေ မှာ ကျောင်းမတက်ခိုင်းကြပဲ ကိုယ်ပိုင်ကျောင်းနဲ့ အွန်လိုင်းမှ နိုင်ငံတကာကျောင်း (International School) တွေ ကိုပဲ တက်ခိုင်းကြတာရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကျောင်းတွေမှာ တက်တဲ့သူအများစုက ငွေးကြေးမတတ်နိုင်တဲ့ လူလတ်တန်း စားတွေနဲ့ စစ်ရှောင်တွေဖြစ်တယ်လို့ စစ်ကောင်စီပညာရေးကို လေ့လာသူက ဆက်ပြောပါတယ်။

ကရင်နီ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ အာဏာမသိမ်းခင်အထိ အစိုးရကျောင်း (၄၅၉) ကျောင်းရှိတဲ့အနက် လက်ရှိ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှာ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုခရိုင်၊ ဘောလခဲခရိုင် နဲ့ မယ်စဲခရိုင် မှ မြို့နယ် ပေါင်း ကျောင်းပေါင်း (၁၀၉) ကျောင်းဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၉၀၀၀) ကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ စာရင်းအရ သိရပါတယ်။

Most read this week

November 7, 2024
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ...
November 7, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုဖြစ်ပြီးနောက်ပိုင်းကစလို့...
November 6, 2024
ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအချင်းချင်းကြားမှာ ညီညွတ်မှုနဲ့ အနာဂတ် ဖက်ဒရယ်...
November 6, 2024
ဆောင်းတွင်းကာလရောက်ရှိလာပြီဖြစ်တာကြောင့် ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအများစုမှာရှိနေတဲ့...