ချဲထီ ဒိုင်ကိုင်သူ (၃) ဦး သံတွဲတွင် ဖမ်းဆီးခံရ

ချဲထီ ဒိုင်ကိုင်သူ (၃) ဦး သံတွဲတွင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ

သံတွဲ ရဲတပ်ဖွဲ့မှ ချဲထီဒိုင်ကိုင်သူ (၃) ဦးကို များမကြာမှီက ဖမ်းဆီး တရားစွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။

Ngapali-beach-Arakan
ဖမ်းဆီး ခံရသူများမှာ သံတွဲ အမှတ် ၃ရပ် ကွက် (ဒွါရဝတီ)မှ ကိုမြင့်ဦး ၄၈နှစ်ဖြစ်သည်။ သူ့အား ဖေဖေါ်ဝါရီလ (၆) ရက်နေ့က ဖမ်းဆီးခြင်း ဖြစ်ပြီး သူ့ထံမှ နှစ်လုံးထီ စာရွက် စာတမ်းများနှင့် ငွေကျပ် ၁၃၀၅၀ကို သိမ်းဆည်းရမိကြောင်း သံတွဲရဲက ပြောသည်။ သူ့အား သံတွဲ ရဲစခန်းက (ပ) ၉/ ၂၀၁ လောင်းကစား ပုဒ်မ ၁၅(က) /၁၆(က)နဲ့ အရေးယူထားကြောင်း သိရသည်။

တခြား တစ်ဦးမှာ သံတွဲ အမှတ်(ခ) ရပ်ကွက်မှ မလင်းလင်းသော် ၃၄နှစ် ဖြစ်သည်။ သူမထံမှ နှစ်လုံးထီ စာရွက် စာတမ်းများနှင့် ငွေကျပ် ရ၅၅၀ကို သိမ်းဆည်း ရမိကြောင်း ရဲက ပြောသည်။ သူမအား (ပ) ၁၀/၂၀၁၂ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က)နဲ့ အရေးယူထားကြောင်း သိရသည်။

နောက်တစ်ဦးမှာ အမှတ် ၃ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဒွါရဝတီစျေးရှေ့က မကြည်ကြည်မြင့် ၄၅နှစ် ဖြစ်သည်။ သူမထံမှ လောင်း ကစား စာရွက်စာတမ်းများနှင့် ငွေကျပ် ၁၂၅၀၀ကို သိမ်းဆည်းရ မိကြောင်း ရဲက ပြောသည်။ ရဲက (ပ)၁၁/၂၀၁၂လောင်းကစား ပုဒ် မ ၁၅(က)/၁၆ (က)အရ အရေးယူထားသည်ဟု ပြောသည်။

လောင်းကစား စာရွက်စာတမ်း များနှင့်အတူ အဖမ်းခံထားရသော သူများမှာ ရဲတပ်ဖွဲ့အား လစဉ် ငွေပေးသွင်း ဒိုင်ကိုင်နေသူများ ဖြစ်ကြပြီး ငွေပေးသွင်းရန် ပျက်ကွက်ရာမှ အမူဆင်ကာ ဖမ်းဆီး ခံရသူများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သာမန် ရဲသားတဦး၏ လစာမှာ ကျပ် ၃သောင်းခွဲသာရှိပြီး ရိက္ခာစရိတ်နှင့် ပါဆိုလျှင် ကျပ် ၅သောင်းဝန်း ကျင်အထိသာ ရရှိကြသဖြင့် စားဝတ်နေရေး အဆင်မပြေဖြစ်နေသော ရဲတပ်ဖွဲ့ဝင်များမှာ တရားမဝင် ဒုစရိုက် သမားများနှင့် ဆက်စပ်ကာ အခွန်အကောက်များ ယူခြင်း လာဘ်ငွေများ တောင်းခံခြင်း စသည့် ရဲကျင့်ဝတ်ကို ဖေါက်ဖျက်၍ စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်ဟု သိရသည်။

Most read this week