ရန်ကုုန် လိူင်သာယာမီး အိမ် ၈ လုံးလောင်ကျွမ်း

ရန်ကုုန် လိူင်သာယာမီး အိမ် ၈ လုံးလောင်ကျွမ်း
by -
နိရဥ္စရာ

ရန်ကုန်တိုင်း လိူင်သာယာတွင် ယနေ့နေ့လည်က မီးလောင်မူ ဖြစ်ပွားရာ အိမ် (၈) လုံး မီးထဲ ပါသွားကြောင်း သတင်း ရရှိသည်။

Arakan-fire
မီးမှာ လိူင်သာယာ စက်မူဇုံ အမှတ် (၂၀) ရက်ကွက်တွင် လောင်ကျွမ်းခြင်း ဖြစ််ပြီး လျှပ်စစ်ဝါယားကြိုး ချော့့ဖြစ်ရာမှာ စတင်လောင်းကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

" မီးက နေ့လည် တစ်နာရီခွဲမှာ စလောင်ကျွမ်းပါတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေ ၀ုိင််းငြိမ်းသတ်တော့ မီးက ငြိမ်းသွားခဲ့ပါတယ်" ဟု လိူင်သာယာရပ်ကွက်မှ ဒေသခံ ပြည်သူ တစ်ဦးက ပြောသည်။

မီးမှာ တနာရီခန့် လောင်ကျွမ်းပြီး ဒဏ်ရာ ရသူ တချို့ရှိကာ ဘေးအနီးအနားမှ အိမ် (၅) ဆောင်ကိုလည်း ဖြိုဖျက်လိုက်ရကြောင်း သူက ဆက်ပြောသည်။

" မီးလောင်တဲ့ အထဲမှာ ရခိုင်အိမ် သုံးဆောင်ပါသွားပါတယ်။ အကုန်လုံး အိမ်ပေါင်း ၁၀ ကျော် ပျက်စီးပြီး လူပေါင်း ၁၀၀ နီးပါး အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ မီးဘေးဒုက္ခသည်များကို သက်ဆိုင်ရာမှ နီးစပ်ရာ အဆောက်အဦးများတွင် နေရာချပေးထားကြောင်း သိရသည်။

လွန်ခဲ့သော အင်္ဂါနေ့မနက်ပိုင်းကလည်း တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း၊ တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံး လောင်ကျွမ်းသွားပြီး လူပေါင်း ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။

Most read this week