မောင်တော အထက တွင် ကျောင်းသားများထံမှ အပိုကြေးငွေအဖြစ် ကောက်ခံနေသည့်အတွက် ကျောင်းသူ/ ကျောင်းသား များအား ပညာရေးလမ်းကြောင်းမှ ဖယ်ထုတ်နေသည်ဟု မောင်တောမြို့မှ လူကြီးတဦးက ပြောပြသည်။
ဦးကျော်ဇော်ထွန်းသည် မောင် တော အထက၏ ကျောင်းအုပ်ဆရာကြီး ဖြစ်ပြီး၊ အချိန်ပို သင်ကြားပေးသည့် အတွက် ကျပ်ငွေ ၁၀၀၀ နှင့် လစဉ် စာမေးပွဲကြေး ၁၅၀၀ ကျပ်များကို ကျောင်းသူ /ကျောင်းသားများထံမှ ကောက်ခံနေ သည့် အတွက် ဆင်းရဲသားကျောင်းသူ /ကျောင်းသားများမတတ်နိုင်ကြောင်း ၎င်း လူကြီးကပင် ပြောဆိုသည်။
ဆင်းရဲသားကျောင်းသူ /ကျောင်းသားသည် အပိုကောက်ခံနေသည့် ငွေမျာကို မပေးနိုင်ကြောင်း၊ ကျောင်းတွင် ယခု ပညာသင်နှစ်အတွင်း မည်သည့် အပိုချိန် ပညာသင်သည်ကို မတွေ့ရကြောင်း၊ ဆိုက်ကားသမားတဦး၏ သားတယောက်မှ ပြောပြသည်။
ယခင်နှစ်များတွင် ကျွန်တော်တို့ မည်သည့်အချိန်ပို သင်ကြားခြင်းအတွက် မပေးခဲ့ပါ၊ လစဉ်စာမေးပွဲအတွက် လည်း မပေးခဲ့ပါဟု ၎င်း ကျောင်းသားကပင် ပြောပြသည်။
အပိုကြေး ကောက်ခံမှုသည် များစွာသော ကျောင်းသူ/ကျောင်းသားများအား ပညာရေးလမ်းကြောင်း မှ ဖယ်ထုတ် နေသည့်ဟု မြင်နေရကြောင်း၊ အပိုကြေးများကို ဆက်လက် ကောက်ခံနေပါက ကျောင်းသူ/ ကျောင်းသား အများအပြား အိမ်ပြန်နိုင်ကြောင်း ၎င်းကျောင်းသားမှ ပင် ဆင်လက် ပြောဆိုသည်။
ကျောင်းတွင် သင်ပြနေသော သင်ခန်းစာများမှာ အတန်းတင် စာမေးပွဲအတွက် မလုံလောက်သည့်ဟု ကျောင်း သူ/ကျောင်းသားများသည် မြို့တွင်းရှိ ကျူရှင်ကျောင်းများတွင် သွားရောက် စာသင်နေကြောင်း၊ ၎င်း ကျူရှင် ကျောင်းများတွင် ကျောင်းသူ/ကျောင်းသားများအား ဂရုတစိုက်သင်ပြပေးနေကြောင်း အစိုးရကျောင်းမှ ကျောင်းဆရာတဦး မှ ပြောပြသည်။