“ရွှေဂက်စ်က ထွက်တဲ့ လျှပ်စစ်မီးကို လူတိုင်း လိုလားတယ်ရှင့်”

“ရွှေဂက်စ်က ထွက်တဲ့ လျှပ်စစ်မီးကို လူတိုင်း လိုလားတယ်ရှင့်”
by -
မဇ္ဈိမ

(ရခိုင်ပြည် ၂၄ နာရီ မီးလင်းရေး ဦးဆောင်လှုပ်ရှားသူ မမာမာကျော်ဇော နှင့် အင်တာဗျူး)

ရခိုင်ပြည်နယ် လျှပ်စစ်မီး ရရှိသုံးစွဲနိုင်ရေးအတွက် သမ္မတ ဦးသိန်စိန်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တို့ထံ အိတ်ဖွင့်ပေးစာ တစောင်ကို ရက္ခအလင်းတန်းအဖွဲ့မှ ဇန်နဝါရီ ၁၆ ရက်နေ့က ပေးပို့ခဲ့သည်။ မီးလင်းရေး လှုပ်ရှားမှုတခုကို ထိုနေ့ မနက်ပိုင်းတွင် ရခိုင်ကျောင်းသား လူငယ်များက စတင်ပြုလုပ်ခဲ့သည်။

ရခိုင်ကမ်းလွန်ဒေသ ရွှေဂက်စ် သဘာဝဓါတ်ငွေ့မှ ထွက်ရှိိသည့်စွမ်းအင်များမှ ရခိုင်ပြည်နယ်တွင်း ၂၄ နာရီ လျှပ်စစ်မီးရရှိရေးနှင့် မီတာခ သက်သက်သာသာဖြင့် သုံးစွဲခွင့် ရရှိရေး တောင်းဆိုကြသည်။

ပြည်ထောင်စုလွှတ်တော်တွင် ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့များ ရခိုင်ပြည်နယ်အတွက်လည်း အသုံးချရေးအတွက် ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ တင်ပြခဲ့သော်လည်း နှစ်ကြိမ်တိုင်တိုင် ပယ်ချခြင်းခံခဲ့ရသည်။

ရက္ခအလင်းတန်းအဖွဲ့ လျှပ်စစ်မီးလင်းရေး လှုပ်ရှားမှုတွင် ဦးဆောင်လှုပ်ရှားခဲ့သူ တဦးဖြစ်သည့် မမာမာကျော်ဇော အား မဇ္စျိမက ဆက်သွယ်မေးမြန်းထားသည်။
rightforlight
ရခိုင်ပြည်နယ်တခုလုံး လျှပ်စစ်မီးရရှိရေး T- Shirt ၀တ်တဲ့ campaign ပြုလုပ်နေသည့် လူငယ်တစုကို မြင်တွေ့ရစဉ် (photo : ရက္ခအလင်းတန်းအဖွဲ့)

ဘယ်အချိန်မှာ campaign ကို စတင်တာလည်းခင်ဗျ။

မနေ့က ညနေက စတယ်ရှင့်။ sticker campaign ရယ်၊ T- Shirt ဝတ်တဲ့ campaign ရယ်ပေါ့။ ပြီးတော့ ဝန်ကြီးနဲ့ သမ္မတကိုပေးတဲ့ အိတ်ဖွင့်ပေးစာ။

ဘယ်နေရာတွေမှာ လုပ်တာလဲခင်ဗျ။

မြောက်ဦးမှာ ည ၁၁ နာရီလောက်မှာ စတစ်ကာ လိုက်ကပ်တယ်။ ၁ နာရီလောက်မှာ သူတို့ လိုက်ခွာတာ
တွေ့ရတယ်ရှင့်။ တဘက်က ခွာနေချိန်မှာ တဘက်က တမြို့လုံး အနှံ့ လိုက်ကပ်တယ်ရှင့်။ စစ်တွေမှာလည်း လုပ်ပါတယ်ရှင့်။

အိတ်ဖွင့်ပေးစာကို သမ္မတနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ဖက်စ်နဲ့ ပို့လိုက်တယ်။ မြို့ခံလူတွေ အကုန်လုံးကို အိတ်ဖွင့်
ပေးစာတွေ ဝေတယ်ရှင့်။ ပြီးတော့ T-Shirt တွေ အကုန်လုံး လိုက်ပြီးတော့ ဝေတယ်ရှင့်။ အခုလညး် အဲဒီ အကျင်္ီကို မချွတ်ကြဘူး။ သူတို့ တနေကုန် ဝတ်ကြတယ်။

အနှောက်အယှက် ရှိသလားခင်ဗျ။

အခုအချိန်ထိတော့ ကျနော်တို့လူတွေကို ကိုယ်ထိလက်ရောက် လိုက်နှောက်ယှက်တာတော့ မရှိသေးဘူးရှင့်။

ရက္ခအလင်းတန်းအဖွဲ့ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထားလဲခင်ဗျ။

ရက္ခအလင်းတန်း အနေနဲ့ ကျောင်းသား တက္ကသိုလ်ကျောင်းသားလည်း ပါတယ်။ တခြား အလုပ်လုပ်နေသူတွေ လည်း ပါတယ်ရှင့်။

တနေ့တာ လျှပ်စစ်မီးသုံးစွဲနိုင်ချိန် ဘယ်လောက်ရှိသလဲခင်ဗျ။

မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) နောက်ပိုင်းမှာဆိုလို့ရှိရင် ကျနော်တို့ဆီမှာ မီးဆိုတာ လာရုံလောက်ပဲပေါ့။ တနေ့ခြားလာတာ ရှိတယ်။ ထူးခြားတာ တခုကတော့ မီးတချက် ပွင့်လာတယ်ဆိုလို့ရှိရင် တမြို့လုံးကို အသံတွေ ဆူသွားတယ်ရှင့်။ လက်ခုပ်လက်ဝါး တီးပြီး သြဘာပေးတယ်ရှင့်။ လျှပ်စစ်မီးကို ကြိုဆိုကြတဲ့အသံပေါ့၊ ညနေ ရ နာရီလောက် မီးလာပြီး ည ၉ နာရီ၊ ၁ဝ နာရီလောက် မီးပျက်ရင် ပျက်တယ်။ မီးအားနည်းတဲ့အတွက် ဘာမှကို သုံးစားလို့ မရဘူး။ အဲလိုအခြေအနေရှိတဲ့အတွက် ကျနော်တို့ ၂၄ နာရီ မီးရှိရေးကို တော်တော့်ကို တောင့်တ
နေကြတယ်ရှင့်။ ၂ဝ၁ဝ ခုနှစ်ကဆိုလို့ရှိရင် ကျနော်တို့ အိမ််ထောင်ရှင် အမျိုးသမီးတွေက လမ်းပေါ်ထွက်ပြီး ၂၄ နာရီ မီးရရှိရေးကို တောင်းဆိုခဲ့တယ်။
rightforlight1
ရခိုင်ပြည်နယ်တခုလုံး လျှပ်စစ်မီးရရှိရေး T- Shirt ၀တ်တဲ့ campaign ပြုလုပ်နေသည့် လူငယ်တစုကို မြင်တွေ့ရစဉ် (photo : ရက္ခအလင်းတန်းအဖွဲ့)

မြောက်ဦးမြို့မှာ ပုဂ္ဂလိက မီးပေးစက်တွေနဲ့ ၂၄ နာရီ မီးပေးလာခဲ့တယ်။ ဒါပေမယ့် အဲဒီမီး၊ မီတာခက တမိနစ်ကို ၄၄ဝ နှုန်း ကောက်တယ်ဆိုတော့ ကျနော်တို့ မီတာခကို မပေးနိုင်ကြဘူးရှင့်။

အဲဒီအတွက် ကျနော်တို့ အမျိုးသမီးတွေ ၂၄ နာရီ မီးရရှိရေး တောင်းဆိိုလိုက်တဲ့ အချိန်မှာ မီတာခက ၂၅ဝ အထိ လျော့ကျသွားတယ်။ ပုဂ္ဂလိက ပေးတဲ့အတွက် ၂၄ နာရီ ရနေခဲ့တယ်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှာ မီတာခက ၄၆ဝ ကို ပြန်တက်သွားတယ်ရှင့်။ ဒါပေမယ့် ဒီနေ့လုပ်တဲ့ campaign မှာ ရွှေဂက်စ်က ထွက်တဲ့ စွမ်းအင်ကို သုံးစွဲခွင့်ရရှိဖို့အပြင် မီတာခကို စျေးသက်သက်သာသာနဲ့ သုံးစွဲခွင့်ရရှိရေးပါ ပါဝင်တယ််ရှင့်။

ပြည်သူလူထု ပူးပေါင်းပါဝင်မှုကို သိပါရစေခင်ဗျ။

ပြည်သူလူထု အကုန်လုံးက ဒီဟာကို အားထားနေကြတာရှင့်။ တခြား campaign နဲ့ မတူဘူးရှင့်။ ရခိုင်ပြည်နယ် တခုလုံးကလည်း ဒီလျှပ်စစ်မီးရရှိရေးကိုပဲ လုံးပမ်းနေရတာရှင့်။ ရခိုင်ပြည်မှာရှိတဲ့ လူတွေဟာ လက်လုပ်လက်စား ဆင်းရဲသားများတယ်ရှင့်။ အဲဒါကြောင့် ရွှေဂက်စ်က ထွက်တဲ့လျှပ်စစ်မီးကို လူတိုင်း လိုလားတယ်ရှင့်။ ပြည်သူတွေ အကုန်ပါတယ်ရှင့်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ပါတီတွေက  campaign ကို ပူးပေါင်းသလားခင်ဗျ။

၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ မှာ campaign ကို အကြီးအကျယ် လုပ်မယ်လို့ စီစဉ်တုန်းက သတင်းပေါက်သွားလို့ ရဲကနေ တားဆီးတာ ခံခဲ့ရဖူးတယ်။ ပါတီထဲက RNDP ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီပေါ့၊ သူတို့အနေနဲ့ ရှေ့ကနေ
ပြီး ဦးဆောင်ပြီး မပါဝင်နိုင်ရင်တောင်မှ ရခိုင်တမျိုးသားလုံး ရပိုင်ခွင့်မို့ သူတို့အနေနဲ့ အားပေးတယ်ဆိုတဲ့ စကားကို ပြောဆိုခဲ့တယ်။ ပြီးတော့ ဒီလုပ်ရပ်ဟာ ရခိုင်ပြည်သူတွေ တင််မကဘူး မြန်မာနိုင်ငံ တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကိုလည်း ရခိုင်ပြည်သူတွေက ခံယူထားတယ်ရှင့်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ သမ္မတက တောင်းဆိုချက်တွေကို ဖြည့်ဆည်း ပေးမယ်လို့ မျှော်လင့်သလား ခင်ဗျ။

မျှော်လင့်တယ်ရှင့်။ ဘယ်လောက်အထိမျှော်လင့်သလဲဆိုရင် အဆိုးဆုံး အခြေအနေ ကနေပြီးတော့၊ အခု ၁ဝ ရာခိုင်နှုန်း သုံးစွဲခွင့် ပေးမယ်ဆိုပြီး လိုက်လျောခဲ့တာ ရှိတယ်လေ။ အခုလိို ဆက်ပြီး တောင်းဆိုလာကြတယ် ဆိုလို့ရှိရင် သူတို့အနေနဲ့ အကောင်းဆုံး လုပ်ပေးမယ်လို့ ယူဆတယ်။ အကောင်းဆုံးအခြေအနေ ဖြစ်လာလိမ့်လို့ ယူဆထားပါတယ်။