လှည်းတန်းလမ်းဆုံ ဗုံးပေါက်ကွဲမှု သေကြေဒဏ်ရာရမှုရှိ

လှည်းတန်းလမ်းဆုံ ဗုံးပေါက်ကွဲမှု သေကြေဒဏ်ရာရမှုရှိ
by -
ကေအိုင်စီ

ရန်ကုန်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံတွင် ယနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်၌ ဗုံးတစ်လုံးပေါက် ကွဲရာ သေဆုံးသူနှင့် ဒဏ်ရာရရှိ သူများ ရှိသည်ဟုသိ ရသည်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ လှည်းတန်းလမ်းဆုံအနီးရှိ အများသုံး ပုဂ္ဂလိက သန့်စင်ခန်း၏ အမျိုးသမီး အိမ်သာဘက်ခြမ်း၌ ဖြစ်ပွား ခြင်းဖြစ်ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသမီး ၁ ဦးမှာ ဒဏ်ရာရ ရှိသွားခဲ့ကြောင်း ကိုယ်တိုင်သွားရောက် မြင်တွေ့ခဲ့သူ ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောသည်။

“ဗုံးပေါက်တာ အမျိုးသမီး ၁ ဦးသေတယ်။ ဒဏ်ရာရတဲ့သူ အမျိုးသမီးကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပြီ။ အိမ်သာက တော့ အမိုးပါ လန်ထွက်သွားတယ်။”ဟု ဆိုသည်။

7Day News ဂျာနယ်သတင်းတွင် အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း လုံခြံုရေးတာဝန်ရှိသူ အချို့က အတည်ပြုပြောကြားသည်ဟု ဖော်ပြထားသည်။

ထိုပေါက်ကွဲသည့် ဗုံးမှာ မည်သူ့လက်ချက်ဖြစ်သည်ကို အတည်မပြုနိုင်သေးသော်လည်း လက်ရှိအချိန်တွင် ဦးခေါင်းနှင့် ခြေလက်များ၌ ဒဏ်ရာရရှိသွားသူကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လုံခြံုရေးတပ်ဖွဲ့များက နောက်ထပ် ပေါက်ကွဲရန် ဗုံးတစ်လုံး ကျန်ရှိနေသေးကြောင်း ယူဆကြသဖြင့်ရှင်းလင်း လုပ်ဆောင်နေ ဆဲဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောဆိုနေကြသည်။