သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းအခြေစိုက် မြန်မာ စစ်တပ်က ဝ နှင့် သျှမ်းရွာသား ၂ ဦးအား သတ် ဖြတ်ပြီး လျော်ကြေးငွေ အနည်းငယ်ကို မယူမနေရ လက်မှတ်ရေးထိုးယူခိုင်းကြောင်း မကျေနပ်ပါက ကျိုင်းတုံအထိ အမှုဖွင့်အရေးယူ နိုင်ကြောင်း မိုင်းခတ်စစ်ဗျူဟာမှ အရာရှိတဦးက ပြောသည်ဟု ဆိုသည်။
“ နိုဝင်ဘာလက စပါးသွားတင်ပြီးပြန်လာတဲ့ အိုက်ပေါက်နဲ့ အိုက်အင်းကို ဗမာစစ်တပ်က သျှမ်းစစ်သား အကြောင်း မေးရင်း နဲ့ သတ်လိုက်တာလေ။ သျှမ်းသံတော်ဆင့်က အဲ့ဒီသတင်း(၂၃၊ ၁၁၊ ၂၀၁၁ မှာ) ထွက်ပြီး ၃ ရက်အကြာ အဲ့ဒီ ခမရ ၂၈၁ က မှ တပ်မှူးတဦးက ကျန်ရစ်တဲ့မိသားစုတွေကိုခေါ်ပြီးပေးတာ။ အမိန့်နဲ့ လက်မှတ်ထိုးခိုင်းတာ။ လျော်ကြေးက ၂ ယောက် စလုံး အတွက် ရ သိန်း ၂ သောင်းပေးတယ်တဲ့” ဟု ကျိုင်းတုံ ရောက်မိုင်းခတ်ဒေသခံ တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ထိုင်းဘတ်ငွေ ၂ သောင်း ၈ ထောင်နှင့် တန်ဖိုးညီမျှသည့် အဆိုပါ လျော်ကြေးငွေအပေါ် မကျေနပ်ပါက မိုင်းခတ် တရားရုံး သို့လည်းကောင်း၊ ကျိုင်းတုံမြို့သို့လည်းကောင်း ကျန်ရစ်သူဆွေမျိုးများ သွားရောက် တိုင်ကြား နိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သေးသည်ဟု သေဆုံးသူနှင့်အမျိုးတော်စပ်သူတဦးကပြောသည်။
၎င်းနှင့်ပတ်သက်၍ အဆိုပါမိုင်းခတ်ဒေသခံက- “ အသတ်ခံရတဲ့သူတွေဟာ ဝ အမျိုးသားတွေဖြစ်တဲ့အတွက် ခုလို တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေချိန်မှာတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေ မကျေနပ်ရင် နေပြည်တော်အထိ တက်ပြီးပြဿနာရှာမှာ စိုးလို့နဲ့တူတယ်။ အဲ့ကြောင့် ပိုက်ဆံအနည်းငယ်သာ လျော် ကြေးပေးပြီး ခုလိုပြန်အကျပ်ကိုင်လိုက်တာဖြစ်တယ်”- ဟုသုံးသပ် ပြောဆိုသည်။
နိုဝင်ဘာ ၂၀ ရက် က မိုင်းယန်းအခြေစိုက် ခလရ ၂၈၁ တပ်က ကျိုင်းတုံမြို့ (အနောက်မြောက်ဘက် ၃၀ မိုင်) မုံးငဲန်း အုပ် စု အရှေ့မြောက်ဖက် ၁၂ မိုင်အကွာ ဝမ့်ဟိုဇင်း (ကျိုင်းတုံ - မုံးငဲန်း လမ်းမပေါ်၊ မုံးငဲန်း တောင် ဘက် ၁၂ မိုင်) ရွာမှ ဒေသခံ ရွာသား ၂ ဦးအား ဖမ်းဆီးကာ သူပုန်အကြောင်းမေးမြန်းရာ ‘ သျှမ်းသူပုန်များတခါမှရွာ ထဲမဝင်လာ’ ဟု ဖြေ သဖြင့် ပစ်သတ်လိုက်သည်ဟု သတင်းရရှိသည်။