မြန်မာစစ်တပ်အတွင်း သျှမ်းပြည်တပ်မတော်နှင့် အပစ်ရပ်ရန် ယခုလ ၃ ရက်နေ့ကထုတ်ပြန်လိုက် ပြီဖြစ်သဖြင့် သျှမ်းပြည် တပ်မတော်ကလည်း မိမိတပ်တွင်းနှင့် လက်အောက်ခံတပ်များအား အလားတူ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း RCSS ခေါင်းဆောင် ကသျှမ်းသံတော်ဆင့်အားပြောပြ သည်။
“ကျနော်တို့ မူအရသဘောတူထားချက်အတိုင်း အပစ်ရပ်ကြဖို့ မြန်မာစစ်တပ်ရဲ့ တပ်တွင်းပိုင်းမှာ ထုတ်ပြန်တဲ့အမိန့်စာ ကျနော်တို့ ဆီ ကနေ့ ရောက်လာတယ်။ ကျနော်တို့လဲ ဒီနေ့ တပ်တွင်းနဲ့ လက်အောက်ခံတပ်တွေကို ညွှန်ကြားလိုက်ပြီဖြစ် တယ်။ ကျန်တဲ့အသေးစိတ်ကိုတော့ မျက်နှာစုံညီ အစည်းအဝေးထိုင်ပြီးမှ လူထုကိုချပြမှာဖြစ်ပါတယ်” ဟု သျှမ်းပြည် တပ်မတော်ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကပြော သည်။
သျှမ်းပြည်နယ်မြို့တော် တောင်ကြီး၌ ပြည်နယ်အစိုးရနှင့်သွားရောက်ဆွေးနွေးသည့် သျှမ်းပြည် တပ်မတော် တောင်ပိုင်းမှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် ဗိုလ်မှူးကြီး စိုင်းလှတို့ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဌာနချုပ် သို့ပြန် လည်ရောက်ရှိလာပြီး ဆွေးနွေးချက်များအား RCSS ဗဟိုဦးစီးကော်မတီဝင်များနှင့် မျက်နှာစုံညီ အစည်းအဝေး ၂ ရက် ကျင်းပကာ ယခုတပတ် အတွင်း လူထုထံ အကြောင်းစုံပြန် လည် ချပြမည်ဖြစ်ကြောင်း -ဆက်လက်ပြောပြ ပါသည်။
သမ္မတ အထူးကိုယ်စားလှယ် ဦးအောင်မင်းက နိုဝင်ဘာ ၁၉ ရက်၌ ပြောကြားသည့် အပစ်ရပ်ရေး၊ နယ်မြေ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပင်လုံကဲ့သို့ ညီလာခံ ကျင်းပရေးဟူသောအချက်များကိုတရားဝင်ထုတ် ဖေါ်မှုမှာကား ယနေ့တိုင်မရှိသေးသည် ကိုတွေ့ရသည်။
ယနေ့တိုင် မြန်မာအစိုးရကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေး သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့ ကြသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှာ ၀ ပြည်သွေးစည်းရေးတပ်မတော်နှင့် မိုင်းလား တပ်ဖွဲ့တို့မှာ (စစ်ရေးအရ တင်းမာချိန် အနည်းငယ် သာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ယုံမှလွဲ၍) တိုက်ပွဲကြီး များ တကြိမ် တခါမျှမဖြစ်ပွါးခဲ့ပါ။ ကလိုထူးဘောဟု နာမည်ပြောင်းခဲ့ သည့်တိုးတက်သော ကရင်ဗုဒ္ဓ တပ်မတော် DKBA ကမူ (နိုဝင်ဘာ ၄ ရက်) ပဏာမအဆင့်ဆွေ့ဆုံစဉ် နိုဝင်ဘာ ၆ ရက်နေ့မှစ၍ အပစ်ရပ်ကြမည်ဟုတရားဝင် ကြေငြာခဲ့၏။