နိုင်ငံရေးအကျဉ်းသားမလွှတ်လျှင် ရွေးကောက် ပွဲမဝင်ဟု ၈၈ ပြော

နိုင်ငံရေးအကျဉ်းသားမလွှတ်လျှင် ရွေးကောက် ပွဲမဝင်ဟု ၈၈ ပြော
by -
ထွန်းထွန်း

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် များအပါအဝင် နုုိင်ငံရေးအကျဉ်းသားအားလုံုး မလွတ်မချင်း အစိုးရမှ ကျင်းပသည့်ရွေးကောက် ပွဲများ၌ မည်သည့်နည်းနှင့်မျှ ပါ၀င်ယှဉ်ပြိုင်မည် မဟုုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ကြေညာချက်ထုုတ် ပြောဆိုုလိုုက်သည်။

နယူးဒေလီ (မဇ္စျိမ) ။ ။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအပါအဝင် နုုိင်ငံရေးအကျဉ်း သားအားလုံုး မလွတ်မချင်း အစိုးရမှ ကျင်းပသည့် ရွေးကောက်ပွဲများ၌ မည်သည့်နည်းနှင့်မျှ ပါ၀င်ယှဉ်ပြိုင်မည် မဟုုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကြေညာချက်ထုုတ် ပြောဆိုုလိုုက်သည်။

 အားလုံုးပါ၀င်သည့် နုုိင်ငံရေးဖြစ်စဉ်ပေါ်ထွန်းရေးအတွက် လိုုလားပြီး ကျောင်းသား ခေါင်းဆောင်များ အပါအဝင် တိုင်းရင်းသား၊ သံဃာနှင့် နုုိင်ငံရေးအကျဉ်းသားအားလုံုး လွတ်မြောက်ခြင်းမရှိသေးသည့် အတွက် ယခုုကဲ့သိုု့ ဆုံုးဖြတ်လိုုက်ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၅ ရက်ရက်စွဲဖြင့် ထုုတ်ပြန်ချက်တွင် ပါရှိသည်။ 

“၈၈ မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့” ကိုု ရှစ်လေးလုံုးအရေးတော်ပုံုအတွင်း ပါ၀င်ခဲ့သည့်
ကျောင်းသားခေါင်းဆောင်များဖြင့် ၂၀၀၅ ခုုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နုုိင်ငံရေးလှုပ်ရှားမှုများ ကြောင့် ၂၀၀၇ ခုုနှစ်တွင် ကိုမင်းကိုနိုင်အပါအဝင် ခေါင်းဆောင်အချို့ ဖမ်းဆီးခံခဲ့ရသည်။

အကျဉ်းထောင်ပြင်ပတွင် ကျန်ရစ်ခဲ့သူများမှာ မြေအောက်လှုပ်ရှားမှုပုံုစံဖြင့်သာ လှုပ်ရှားနုုိင်ခဲ့ပြီး အကျဉ်းထောင်များတွင် အဖွဲ့ဝင် ၂၆ ဦး ကျန်ရှိနေဆဲ ဖြစ်သည်။

သိုု့သော်လည်း  ၈၈ မျိုးဆက်များအတွင်း တသီးပုုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲ ၀င်ရောက်မည်ဆိုုပါက ကန့်ကွက်သွားမည် မဟုုတ်သလိုု တစုံုတရာ မှတ်ချက်ပေးခြင်းမျိုးကိုုလည်း လုုပ်ဆောင်သွားမည် မဟုုတ်ဟုု ထုုတ်ပြန်ချက်မှ တဆင့် ပြောဆိုထားသည်။

၈၈ မျိုးဆက်အနေဖြင့် ရွေးကောက်ပွဲ ၀င်မည်မဟုုတ်သော်လည်း လူထုုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ် NLD မှ ရွေးကောက်ပွဲဝင်မည့်အပေါ် ထောက်ခံ ကြောင်း ထုုတ်ပြန်ချက်၌ ပါရှိသည်။

NLD ၏ ဆုံုးဖြတ်ချက်မှာ ဒီမိုုကရေစီစနစ်အရ အများသဘောတူ ဆုံုးဖြတ်ခြင်းဖြစ်ကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အထွေထွေ သဟဇာတဖြစ်ရေးအတွက် အသင့်တော်ဆုံုးလမ်းကြောင်းကိုု ရွေးချယ်ခြင်းဖြစ်ပြီး ၎င်းတိုု့၏ ဒီမိုုကရေစီဖော်ဆောင်ရေး လုုပ်ငန်းများကိုုဝုုိင်းဝန်းကူညီသွားမည်ဟုု လည်း ပါရှိသည်။  

ယခုုလအစောပိုုင်းက မြန်မာနုုိင်ငံသိုု့ ရောက်ရှိခဲ့တဲ့ အမေရိကန်နုုိင်ငံခြားရေးဝန်ကြီး  ဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွင်း အကျဉ်းသားအားလုံုး လွှတ်ပေးရန်အတွက် တိုုက်တွန်းခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းကလည်း လွှတ်ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ 

ပြည်ထောင်စုု လွှတ်တော်နာယက ဦးခင်အောင်မြင့်ကမူ “နုုိင်ငံရေးအကျဉ်းသားဆိုုတာ သူ့အချိန်စေ့ရင် ထွက်သွားမှာပဲ” ဟုု လွှတ်တော်ကိုုယ်စားလှယ်များအား ပြောဆိုုခဲ့သည်။

အစိုုးရမှ ခင်းပေးသည့် ရွေးကောက်ပွဲလမ်းကြောင်းသိုု့ ၀င်ရန်အတွက်မူ ယခုုချိန်ထိ ဆုံုးဖြတ်ထားခြင်း မရှိသေးဘဲ အကျဉ်းထောင်တွင်း ကျခံနေရဆဲဖြစ်သည့် ရဲဘော်ရဲဘက်များ လွှတ်မြောက်လာမှသာလျှင် ထပ်မံညှိနှိုင်းဦးမည်ဟုု ပြင်ပရှိ ၈၈ ကျောင်းသားအဖွဲ့က ဆုံုးဖြတ်ထားသည်။

“ကျနော်တုုိ့ ညီအစ်ကုုိတွေ ထွက်လာတော့မှပဲ စဉ်းစားဆုံုးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်ဗျ။ အခုုက ကျနော်တိုု့ ညီအစ်ကိုုတွေအားလုံုး မဆုံုကြသေးဘူးပေါ့နော်။ ဒါတွေက အဖွဲ့ထဲက တဦးတယောက် တည်းနဲ့ ဆုံုးဖြတ်လိုု့ ရတဲ့ကိစ္စ မဟုုတ်ဘူး” ဟု ကိုုစိုုးထွန်းက ပြောဆိုုသည်။

နိုုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်နယ် ကျိုင်းတုံုထောင်ရှိ ကိုုမင်းကိုုနုုိင်အား မကွေးတုုိင်း သရက်ထောင်သိုု့ ပြောင်းရွှေ့ခြင်းအပါအဝင် ရှမ်းတိုုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၂၀၀၇ သံဃာ့ အရေးအခင်းခေါင်းဆောင် ရှင်ဂမ္ဘီရအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့အားထောင်ပြောင်း ရွှေ့မှုများပြုလုုပ်ခဲ့သည်။

Most read this week