သျှမ်းပြည်မြို့တော် တောင်ကြီးသို့ရောက်ရှိနေသော သျှမ်းပြည်တပ်မတော် RCSS/ SSA ကိုယ်စားလှယ် များနှင့် အစိုးရ ကိုယ်စားလှယ်တို့ဆွေးနွေးရာတွင် ၎င်းတို့၏ တင်ပြချက် ၄ ချက်ကို အစိုးရ ကိုယ်စားလှယ် ဖက်ကမူအရ လက်ခံ ကြောင်း RCSS/ SSA ခေါင်း ဆောင်က ပြောပါတယ်။
“ကျနော်တို့တောင်းဆိုတဲ့ အချက်တွေကို သျှမ်းပြည်နယ်အစိုးရက မူအရ လက်ခံတယ်” လို့ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် ကပြောပါတယ်။
ကျန်အသေးစိတ်အချက်အလက်ကိုတော့ အစိုးရကိုယ်စားလှယ်တွေ နေပြည်တော်ပြန်ဆွေးနွေးဦး မယ်လို့ပြော ဆိုသလို သျှမ်းပြည်တပ်မတော်ဖက်လည်း ထပ်မံဆွေးနွေးကြဦးမယ်လို့ပြောပါတယ်။
သို့ပေမယ့် “ နှစ်ဦးနှစ်ဖက် တင်ပြတောင်းဆိုချက်တွေကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း” ဧရာဝတီ သတင်းဌာန ကရေးသားပါတယ်။
နိုဝင်ဘာ ၁၉ ရက်တွေ့ဆုံပွဲမှာ အစိုးရကိုယ်စားလှယ်ဘက်က - အပစ်ရပ်ရေး၊ ကိုယ်စားလှယ်ရုံးဖွင့်လှစ် ရေး၊ အခြား တဘက်နယ်မြေဖြတ်သန်းရာတွင်လက်နက်မကိုင်ဆောင်ရေး၊ ထပ်မံတွေ့ဆုံရင်အချိန်နေရာ သတ်မှတ် ရေး စသဖြင့် ပါရှိပါ တယ်။ သျှမ်းပြည်တပ်မတော်ဘက်ကလည်း -အပစ်ရပ်ရေးအပြင်နိုင်ငံရေး အရတွေ့ဆုံ ဆွေး နွေးရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ နယ်မြေသတ်မှတ်ရေး၊မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး စတဲ့ အချက် ၄ ချက်ကို တင်ပြခဲ့ပါတယ်။