ရန်ကုန်မြို့ သင်္ကန်းကျွန်းဈေး သစ်ကြီးတွင် စျေးဆိုင်အချို့အား ကားရပ်နားရန် ဆောက် လုပ်ထားသည့် မြေအောက်ထပ်၌ နေရာချ ထားပေးသည်ကို ဆိုင်ခန်းရှင် အချို့မှမကျေ နပ်ဖြစ်ကာ သင်္ကန်းကျွန်း မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၏ ရုံးခန်းတွင်တနင်္ဂနွေ နေ့က သတင်းစာ ရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ သည်။
မဇ္စျိမသတင်းဌာန ။ ။ ရန်ကုန်မြို့ သင်္ကန်းကျွန်းဈေးသစ်ကြီးတွင် စျေးဆိုင်အချို့အား ကားရပ်နားရန် ဆောက် လုပ်ထားသည့် မြေအောက်ထပ်၌ နေရာချထားပေးသည်ကို ဆိုင်ခန်းရှင် အချို့မှ မကျေနပ်ဖြစ်ကာ သင်္ကန်းကျွန်း မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၏ ရုံးခန်းတွင် တနင်္ဂနွေနေ့က သတင်းစာရှင်းလင်း ပွဲတရပ် ပြုလုပ်ခဲ့သည်။
၂ဝ၁ဝ ဖေဖေါ်ဝါရီလအတွင်းက မီးသင့်ခဲ့သည့် သင်္ကန်းကျွန်းဈေးမှ စျေးသည်များအား စည်ပင်သာယာရေးကပြန်လည် နေရာချထားရာတွင် ရောင်းချသည့် ကုန်အမျိုးအစားပေါ် မူတည်၍ ကုန်မာဆိုင်၊ သားငါးဆိုင်၊ စားသောက်ဆိုင် အပါအဝင် ဆိုင်ခန်းပေါင်း ၂၀၀ ခန့်ကို မြေအောက်ထပ်၌ ရောင်းချစေခြင်းကြောင့်ဆိုင်ခန်း ရှင် များက မကျေမနပ်ဖြစ်ကာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သတင်းမီဒီယာများကို ဖိတ်ကြားကာ ထုတ်ဖော် ပြောဆို ခဲ့ကြခြင်းဖြစ်သည်။
“ရောင်းကုန်ပစ္စည်းနဲ့ ခွဲတယ်ဆိုပြီး အောက်ကိုချလို့ မကျေနပ်ကြတာ။ နဂိုက မော်တော်ကားထားဖို့ ဆောက်ထားတော့ အလုံပိတ်ကြီးထဲမှာ ဝင်ပေါက်ထွက်ပေါက် တခုတည်းပဲရှိတယ်။ ဘယ်လိုမှ စျေးရောင်းလို့ အဆင်မပြေနိုင်ဘူး။” ဟု ဆိုင်ခန်းရှင် တဦးဖြစ်သည့် ဦးမြင့်သိန်းက မဇ္စျိမကိုပြောသည်။
ရွှေဆိုင်ပိုင်ရှင် အများစု ပါဝင်သော စျေးသာယာရေးအဖွဲ့နှင့် စျေးစည်ပင်တို့ ပူးပေါင်းကာ အချက်အချာ ကျသောစျေးမြေညီထပ် နေရာအား အပိုင်စီးသည်ဟု စျေးသူစျေးသားများက စွပ်စွဲပြောဆိုသည်။
“ရွှေဆိုင်ခန်းနေရာတွေဆိုရင် သိန်း တရာလောက် ပေါက်စျေးရှိတယ်၊ မြေအောက်ခန်းကို ၁၅ သိန်းပြောတာ တောင် ဝယ်မယ့်သူ မရှိဘူး။” ဟု စားသောက်ဆိုင်ပိုင်ရှင် တဦးက ပြောသည်။
ဆိုင်ရှင်များက စျေးဆိုင်ခန်းများကို မြေညီထပ်တွင် ပြန်လည်စီစဉ်ပေးရန် လိုလားကြပြီး ဆောင်ရွက်ပေးခြင်း မရှိပါက အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော်အမတ်များနှင့် ပူးပေါင်းကာ ဆန္ဒပြ တောင်းဆိုမည်ဟု ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စျေးများဌာနက သတင်းစားရှင်းလင်းပွဲ လက်ခံကျင်းပပေး ခဲ့သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော်အမတ် သုံးဦးထံ သင်္ကန်းကျွန်းစျေးအားလေ့လာ ကြည့်ရှုလိုပါက စီစဉ်ပေးမည်ဖြစ်ကြောင်း အင်္ဂါနေ့့တွင် စာပေးပို့ခဲ့ကြောင်း သိရသည်။
“သတင်းစာ ရှင်းလင်းပွဲပြီးတော့ ကျနော်တို့ စျေးကိုသွားကြည့်တော့၊ ဝင်ပေါက်တွေကို သွပ်ပြားတွေနဲ့ ပိတ်ပစ်လိုက် တယ်။ လုံခြံုရေးတွေကလည်း မပြေမလည်ဆက်ဆံလိုက်တယ်။” ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ သင်္ကန်းကျွန်း အမတ် ဦးကျော်က ပြောသည်။
ဧက ခြောက်သောင်းကျော် ကျယ်ဝန်းသည့်စျေးကို ဧက လေးသောင်းကျော်သာ ပြန်လည် တည်ဆောက်ခဲ့ပြီး
စျေးပတ်လမ်းနှင့် နားနေခန်းများ ထည့်သွင်းထားသဖြင့် ဆိုင်ခန်းမလုံလောက်ဟု စည်ပင်သာယာက သတင်း ထုတ်ပြန်ကြောင်း အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။
မူလက ဆိုင်ခန်းများအားလုံးကို မြေညီထပ်တွင် နေရာချထားရန် စီစဉ်ခဲ့သော်လည်း နေရာ မလောက်ငှသဖြင့်
မြေအောက်ထပ်ကို အသုံးပြုကာ အထပ်နှစ်ထပ် ခွဲ၍ နေရာချထားရခြင်းဖြစ်ကြောင်း စည်ပင်အရာရှိတဦးက
ပြောဆိုကြောင်း တုံ့ပြန်ထားသည်။
သို့သော် စျေးသူစျေးသားများကမူ “မြေညီထပ်မှာ အကုန်လုံးဆံ့တယ်၊ ဒါကို သူတို့က ပတ်လမ်းလို့ပြောပြီး ကျနော် တို့ကို မြေအောက်ပို့ပြီးတော့ ကော်မတီဝင်တွေ ယူကြမှာ။” ဟု ပြောသည်။မူလဆိုင်ခန်းအရေ အတွက် အပြင် ဆိုင်ခန်း ၈ဝ ခန့်ကို စျေးသစ်တွင် ထည့်သွင်းဆောက်လုပ်ထားသည်ဟု ဆိုသည်။
မူလက သင်္ကန်းကျွန်းစျေးမှာ တထပ်အဆောက်အဦးဖြစ်ပြီး ဆိုင်ခန်းပေါင်း ရ၈၆ ခန်းရှိပြီးဆယ်ပေပတ်လည် နှင့် ငါးပေပတ်လည် ဆိုင်ခန်းများဖြစ်ကြသည်။ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်မီးသင့်ခဲ့ပြီး နောက် စျေးနေရာတွင် အထပ် ၅ ထပ်ပါဝင်သည့် အဆောက်အဦး ပြန်လည် တည်ဆောက်နေပြီးမြေညီထပ် နှင့်မြေအောက်ထပ်ကို စျေးအဖြစ် အသုံးပြုမည် ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စျေးများဌာနက ရောင်းကုန်အလိုက် နေရာချထားရာတွင် မြေညီ ထပ်၌ ရွှေဆိုင်၊ အလှကုန်၊ အထည်၊ ဆေးဆိုင်နှင့် ကုန်မျိုးစုံဆိုင်များ၊ မြေအောက်ထပ်တွင် သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်၊ ကုန်မာနှင့် စားသောက်ဆိုင်ခန်းများ ထားရှိမည်ဖြစ်သည်။စျေးသစ်ဆောက်လုပ်နေ စဉ် ယာယီစျေးကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ ဘုရားအနီး မြေကွပ်လပ်တွင် ဖွင့်လှစ်ပေးထားသည်။
သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းပေါ်ရှိ သင်္ဃန်းကျွန်းစျေးမှာ လုံခြံုရေးအတွက် ထားရှိသော လျှပ်စစ်မီး ဝါယာရှော့ခ်ကြောင့် ဆိုင်ခန်းပေါင်း ၆၅ဝ ကျော်မီးသင့်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၄၇ သိန်းရှိ ကြောင်း ရန်ကုန် မီးသတ် ဦးစီးဌာနက တရားဝင် သတင်းထုတ်ပြန်ခဲ့သော်လည်း စျေးသူစျေးသားများကမူ ကျပ်သိန်းပေါင်း ထောင်ချီ ၍ ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။