ဗန်းမော်နယ်တစ်ဝိုက်ဧရာဝတီမြစ်ကြောင်းရှင်းလင်း ရေး ဆောင်ရွက်နေသည့် ကုမ္ပဏီများက မြစ်အတွင်း ရွှေလုပ်ငန်းလုပ် ကိုင်နေမှုကြောင့် မြစ်ကြောင်းတစ် လျှောက် သဘာဝပတ်ဝန်းကျင် ဆိုးဝါးစွာထိခိုက် နေကြောင်း စုံစမ်း သိရသည်။
ဗန်းမော်မြို့နယ် ဗူးတောင်းကျေးရွာမှ မြစ်အထက်ပိုင်း မိုင်းကာရွာအထိ သလ္လာရွှေစင်ကုမ္ပဏီနှင့် မိုင်းကာရွာမှ ဆင်ဘိုမြို့ နယ် အထက်မြစ်ကျဉ်းဝအထိ for luck ကုမ္ပဏီတို့မှ မြစ်ကြောင်းရှင်းလင်းရေး တာဝန်ယူထား ခြင်း ဖြစ်သည် ။
အဆိုပါ ကုမ္ပဏီနှစ်ခုက ရွှေတူးဖေါ်သူများထံမှ စက်လှေတစ်စီး တစ်လကျပ် ၁၅ သိန်းနှုန်းအခကြေးငွေ ယူကာ မြစ်အတွင်း ရွှေတူးဖေါ် ခွင့် ပြုထားခြင်း ဖြစ်ပြီး မြစ် အတွင်း ဗြုန်းမြေများစည်းကမ်းမဲ့စွန့်ပစ်ခြင်း ရေစီးကြောင်း ပြောင်းလဲခြင်း ကျေးရွာ ကမ်းပါးများ ရေတိုက်စားခြင်းတို့ ဖြစ်ပေါ်နေကြောင်းဒေသခံ များကသျှမ်းသံတော်ဆင့် သို့ ပြောသည် ။
“သလ္လာရွွှေစင်ကုမ္ပဏီနဲ့ for luck ကုမ္ပဏီက မြစ်ကြောင်းရှင်းလင်းရေးဆိုပြီး ရွှေလုပ်တဲ့ လူတွေဆီကနေ စက်လှေတစ်စီး တစ်လ ၁၅ သိန်းယူပြီး ရွှေရှာနေတာ။ ဆီလည်း ကုမ္ပဏီမှာပဲ ၀ယ်ရတယ် သလ္လာရွှေစင် ကုမ္ပဏီက တော့ ရွှေတော်တော် ရတယ်။ တစ်လကို ကျပ်သိန်း ၄၀၀၀ အထက်ရတယ် ” ဟုဒေသခံ တစ်ဦးက ဆိုသည် ။
မြစ်အတွင်းမှ သဲနှင့်ကျောက်များကို စက်လှေပေါ်မှ ဗြုန်းစုတ်စက်ဖြင့် စုတ်တင်ကာ မျောတိုက်ချ၍ ရွှေရှာ ဖွေခြင်း ဖြစ်ပြီး ထွက်ပေါ်ထာသည့် ပစ်စာများကို မြစ်အတွင်း စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် မြစ်လယ်တွင် သဲကျောက်တန်းကြီးများ ဖြစ် ပေါ် နေကြောင်း သိရသည် ။
ရေစီးကြောင်းပြောင်းလဲမှုများလည်း ဖြစ်ပေါ်နေကာ ရေတိုက်စားမှုကြောင့် မြစ်အနောက်ဘက်ကမ်းကောင်း စင့် ၊ နောင် ကာ ၊ ရေလဲ ကျေးရွာများတွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေကြောင်း သိရသည် ။“ရွှေလုပ်နေ တာတော့ နှစ်နှစ်လောက်ရှိပြီ။ ဟိုတစ်လောက သတင်းထွက်လို့ ခဏနားသွားတယ်။
အခုပြန်ဆက်လုပ်နေတာ ။ လုပ်တဲ့လူတွေက အောက်ပိုင်းက များတယ် ။ မြစ်ထဲမှာ သွားရေးလာရေးခက် ရွာတွေလည်း ကမ်းပါးပြိုတော့ ဒေသခံတွေ မကျေနပ်လို့ ဓါးခုတ်မှုတွေအထိ ဖြစ်တယ်။အခုတော့မထူးဘူး ဆို ပြီး ဒေသခံတွေရော ရွှေရှာတဲ့ အလုပ်ဝင်လုပ် နေကြ တယ် ” နောက်ထပ် ဒေသခံတစ်ဦးက ဆိုသည် ။
အဆိုပါ ကုမ္ပဏီနှစ်ခုသည် မြစ်ကြောင်းရှင်းလင်းရေး ဆောင်ရွက်သည်ဟု ဆိုသော်လည်းမြစ်ကြောင်း ရှင်းလင်း ရေးနှင့် ပတ်သက်သည့် လုပ်ငန်းလုပ်ဆောင်ခြင်းမရှိပဲ အခငွေယူ၍ ရွေရှာဖွေနေခြင်းသာ ဖြစ်ကြောင်းသိရသည် ။