ဒေဝူးကြောင့် ပျက်စီး လယ်များ အတွက် ကျောက်ဖြူ လယ်သမားများ လျော်ကြေး မရ

ဒေဝူးကြောင့် ပျက်စီး လယ်များ အတွက် ကျောက်ဖြူ လယ်သမားများ လျော်ကြေး မရ
by -
နိရဥ္စရာ

ဒေဝူး တောင်ကိုးရီးယား ကုမ္ပဏီမှဆောက် လုပ်နေသော အဆောက်အဦး များကြောင့် ကျောက်ဖြူမြို့နယ်မှ ပျက်စီးသွားသောလယ် မြေများ အတွက် ဒေဝူးမှ တစ်စုံတရာ လျော် ကြေးငွေများ ပေးဆောင်ခြင်း မရှိကြောင်း သတင်း ရရှိသည်။

Damaged-farms-in-Kyauk-Pru-Arakan-state

ဒေဝူးကြောင့် ပျက်စီးသွားသော မလကျွန်းမှ လယ်မြေများ ( ဓါတ်ပုံ- နိရဥ္စရာ)

အဆိုပါ လယ်များမှာ ကျောက်ဖြူမြို့ အနောက်ဖက် (၅)မိုင်ခန့် အကွာ လိပ်ခမော်ကျေးရွာအုပ်စု မလကျွန်း မြောက်ဖက် ကွင်းအမှတ် (၄၅ရ) မှ လယ်များ ဖြစ်ကြပြီး လိပ်ခမော် ကျေးရွာသားများ ပိုင်ဆိုင်ကြောင်း သိရသည်။

" ဒေဝူးက လျော်ကြေးပေးမယ် ပြောတယ်။ လက်တွေ့မှာ လျော်ကြေး မပေးဘူး။ ရွာသားတွေ သွားပြော တော့လည်း သူတို့က အရေး မစိုက်ဘူး။ ရွာသားတွေကို မတူ မတန် သလို၊ အဲသလို သဘောထားပုံ ရပါတယ်" ဟု ဒေသခံ ကျောင်းဆရာမ တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာ အုပ်စု မလကျွန်း ကျေးရွာ အနီးရှိ ကင်းပွန်းတောင်တွင် ဒေဝူးမှ အဆောက်အဦးများ ဆောက်လုပ်ရန် တောင်အား မြေထိုးစက်များဖြင့် ဖြိုချနေရာ အဆိုပါ တောင်မှ စီးကျလာသော ရွှံ့နွံအရည်များကြောင်း လယ်ဧက ၄၀ ကျော် ပျက်စီသွားခဲ့ရသည်။

" လယ်တွေက ဘာမှ စိုက်လို့ မရတော့ပါဘူး။ မိုးတွင်းကတည်းက ဖြိုချနေတဲ့ တောင်က စီးကျ လာတဲ့ ရွှံ့နွံ အရည်တွေကြောင့် လယ်တွေကို ရွှံ့နွံတွေ ဖုံးအုပ်သွားပြီး ဘာမှ စိုက်လို့ မရ ဖြစ်နေတာပါ။ ဒါကြောင့် ရွာသားတွေက သွားအရေးဆိုတယ်။ လျော်ပေးမယ် ပြောတယ်။ လက်တွေ့မှာ ဘာမှ အရေး မစိုက်ဘူး" ဟု သူမက ဆက်ပြောသည်။

တစ်ခြား ဒေသခံ လယ်သမား တစ်ဦးကလည်း သူတို့ရွာသားများ ကြံုတွေ့နေရသော အခက်အခဲများကို ယခုုလို ပြောသည်။

" လုံးဝ ပျက်စီးသွားတာက လယ်ဧက ၄၀ ကျော်ပါ။ တခြား ဧက ၂၀ ကျော်မှာ စိုက်ထားတဲ့ စပါးတွေလည်း ပျက်စီးသွားခဲ့ပါတယ်။ အဲဒီလယ်တွေက မိုးမှာ စပါး စိုက်တယ်။ နွေတက်လာရင် ခရမ်း၊ မုံလာ၊ ငရုတ်၊ ပဲ စတဲ့ သီးနှံတွေ စိုက်ပျိုးပါတယ်။ အခုတော့ စိုက်လို့မရတော့ပါဘူး။”

အဆိုပါ လယ်များကို ရွာသား (၁၀) ကျော်က ပိုင်ဆိုင်ပြီး ပိုင်ဆိုင်သူများထဲတွင် ဦးမောင်ဝေခင်၊ ဒေါ်မခင် ကြည်၊ ဦးသိန်းမောင်၊ ဦးဌေးနု၊ ဒေါ် ဝေကြိုင်မနှင့် ဦးစိန်ချေတို့ပါ၀င်ကြောင်း သူက ဆက်ပြောသည်။

“ ကျေးရွာသားတွေက ပျက်စီးသွားတဲ့ လယ်များ အတွက် ဒေဝူး ကုမ္ပဏီကို ၀ါခေါင် လပြည့်ကျော်(၇ရက် နေ့သွားရောက် တွေ့ဆုံပီး နစ်နာမှုအတွက် လျော်ကြေး ပေးဖို့ သွားရောက် အရေးဆိုပါတယ်။ လျော်ကြေးပေးမည်ဟု ပြောပြီး ပျက်စီးသွားသော လယ်မြေများကို တိုင်းတာရန် ကျောက်ဖြူ မြေတိုင်း ဦးစီးဌာနအား အကူအညီတောင်းထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မြေတိုင်းဌာနမှ အခုထက်ထိ လာရောက် စစ်ဆေးတာ မရှိသေးပါဘူး" ဟု သူက ဆက်ပြောသည်။

ပျက်စီးသွားသော လယ်မြေများကို တိုင်းတာရန် မြေတိိုင်း ဦးစီးဌာနမှ ဦးအေးဝင်းစိုးအား တာဝန်ပေးထား ကြောင်း သိရသဖြင့် ကျောက်ဖြူမြို့နယ် မြေစာရင်း ဦးစီးဌာနသို့ ဆက်သွယ်ရာ ဦးအေးစိုးဝင်းမှာခွင့်သွား နေသဖြင့် ကျန်သူများ အနေဖြင့် အဆိုပါ ကိစ္စကို မပြောနိုင်ပါကြောင်း အကြောင်း ပြန်ကြားသည်။

Most read this week