အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ပဏာမ အဆင့်ဆွေးနွေးသွားခဲ့ကြသော တိုင်းရင်း သားလက်နက် ကိုင်တပ်ဖွဲ့ များက သဘောတူ လက်မှတ်ရေးထိုး ထားချက်အတိုင်းမြန်မာအစိုးရ ဖက်မှလက်တွေ့ အကောင်အထည် မဖော်နိုင်သေး သဖြင့်စိတ်မချ ရသေး၊ လက်လွတ်စပယ်နေ၍ မရသေး ဟုမိုင်းလားအရာရှိများအသိုင်းအဝိုင်း က ပြောသည်။
“ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးတာ ၃ လ ရှိတော့မယ်။ ခုချိန်ထိ ကျနော်တို့တောင်းဆိုချက်တွေ အနက် တိုးချဲ့အခြေချ လာတဲ့ ဗမာ့တပ်မတော် တပ်စခန်းတွေ ပြန်ဆုတ်ပေးဖို့ ဆိုတဲ့အချက် ဒီနေ့ထိ ပြန်ဆုတ်တာ မတွေ့ရသေးဘူး။ ဥပမာ တပ်မဟာ ၉၁၁ လှုပ်ရှားတဲ့ မိုင်းယောင်းနယ်ထဲက ဝမ့်ခိုးတပ်စခန်းပုံဟက်တပ် စခန်း တွေ မဆုတ်ဘူး။ တပ်မဟာ ၃၆၉ ထိန်းချုပ်နယ် မြေထဲကို မကြာခင်က တိုးဝင်လာပြီးလွယ်ကောင်း ဆန်း၊ ဟွေ့ဟျိုး၊ ဟွေ့မူးတွေမှာ တပ်စခန်းထပ်ချတဲ့ အပြင် သတ္တုတူးဖို့ လာကြတဲ့ တရုတ်လောပန်း တွေဆီက ပိုက်ဆံစောင့်ကောက် နေကြတယ်” ဟု မိုင်းလားမှ အရာရှိ တဦးက သျှမ်းသံ တော်ဆင့်အား ပြောပြသည်။
စက်တင်ဘာလဆန်းပိုင်းက မိုင်းလားတပ်ဖွဲ့၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တို့ မြန်မာအစိုးရ၏ ငြိမ်းချမ်း ရေးဖော် ဆောင်ရေးကော်မတီနှင့်တွေ့ဆုံဆွေးနွေးခဲ့ရပြီး- ဝ တပ်ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးစဉ် လက်ရှိတိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့များအား အစိုးရစစ်တပ်က ထိုးစစ်ဆင်နေမှုကိုရပ်တန့်၍ တွေ့ဆုံဆွေးနွေးမှုစတင် သွားရန် ဟူသည့်အချက် ကို လည်းကောင်း၊ မိုင်းလားနှင့် အစိုးရကြား စက်တင်ဘာလကတည်းကသဘောတူညီ မှုရရှိထားသော အစိုးရဖက်မှ မိုင်းလား နယ်မြေထဲသို့ ဝင်ရောက်သည်ဖြစ်စေ၊ မိုင်းလားဖက်မှ အစိုးရနယ်မြေထဲ သို့ ဝင်ရောက် သည်ဖြစ်စေ လက်နက်ယူဆောင် လာပါက ကြိုတင်အကြောင်းကြားရန်ဟူသည့် အချက်များ အကောင်အထည်ဖော်ခြင်းမရှိသေးကြောင်း အဆိုပါ မိုင်းလားအရာရှိက ထောက်ပြသည်။
“ ဒါကြောင့် ကျနော်တို့ မြန်မာအစိုးရနဲ့ဆွေးနွေးပြီးပြီ အရာရာအဆင်ပြေပြီဆိုပြီးလက်လွတ်စပယ်နေလို့မရ ဘူး။ သတိ တော့မြဲမြဲရှိနေမှ တော်ကာကျမယ်။ အစိုးရဲ့နဲ့သဘောတူညီချက်လက်မှတ်ထိုး ပြီးတာတောင်မှ တပ်ကမ ဆုတ်ပေး သေး ဘူး ဆိုတာဟာ အစိုးရနဲ့ တိုင်းရင်းသားကြားက ယုံကြည်မှုတည်ဆောက်ရေး အတွက် လုံးဝထိ ခိုက်စေတဲ့အချက်ဖြစ်တယ်။ ဆိုတော့ အစိုးရနဲ့ဆွေးနွေးပြီး လက်မှတ်မထိုးရသေးတဲ့ တခြားအဖွဲ့တွေ ပိုပြီး သတိထားသင့်တယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောသည်။
အလားတူ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ အောက်တိုဘာလ ၁၉ ရက်က တွေ့ ဆုံဆွေးနွေးကာ SSPP ၏ ဝမ့်ဟိုင်းဌာနချုပ်အနီး အခြေချထားသော အဓိက မြန်မာစစ်တပ်၏ တပ်စခန်းများရုပ်သိမ်း ပေးရန် တောင်းဆိုခဲ့သော်လည်း ယနေ့တိုင် တပ်ရုပ်ပေးခြင်းမရှိသေးကြောင်း SSPP ၏ ကေဒါတဦးကလည်း ပြောသည်။
“ဝမ့်မိတ်၊ နမ့်ပုတ်၊ ရ မိုင်၊ နမ့်ကိုင်ဖိတ်၊ လွယ်ကုန်လွယ်ကျိုင်း၊ ပါခီးတပ်စတဲ့တပ်တွေ မဆုတ်သေးတဲ့အပြင် တပ်စခန်း တွေ ခိုင်မာအောင်ဆောက်ဖို့ ပိုက်ဆံကောက်နေသေးတယ်။ ဘယ်လိုလုပ်ယုံကြည်နိုင်မလဲ” ဟု ပြောသည်။
မြန်မာအစိုးရနှင့် နေပြည်တော်၌ဆွေးနွေးစဉ် သျှမ်းပြည်တပ်မတော်မှ ၁-ဝမ့်ဟိုင်းဌာနချုပ်အနီးသို့တိုးဝင် နေ ရာယူသော မြန်မာတပ်စခန်းများ ဆုတ်ခွါပေးရန် ၂- ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက်ဗဟိုကော်မတီ အစည်း အဝေးလုပ်ဖို့ အချိန် ပေးရန် ဟူသည့်အချက် ၂ ချက်ကို တောင်းဆိုခဲ့သည်။
“ တခြားတပ်ဖွဲ့တွေကို တင်ပြသလိုဘဲ ကျနော်တို့ကိုလဲ အစိုးရက အချက် ၄ ချက်တင်ပြတယ်။ဒီအချက်တွေ ကို ဆုံး ဖြတ် ပြီး ပြန်ဖြေပေးဖို့ အတွက် အစိုးရစစ်တပ်ရဲ့ တပ်စခန်းတွေ ပြန်ဆုတ်တာကိုစောင့်နေတယ်။ တပ်ဆုတ်ပြီးမှ အဖြေ ပေးမယ်လို့လဲ ကျနော်တို့ ပြောထားတာကိုး” ဟုလည်း SSPP ၏အကြီးအကဲတဦး က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်ကိုယ်စားလှယ် မီးရထားဝန်ကြီးနှင့်အဖွဲ့အား သျှမ်းပြည် တပ်မတော်(တောင်ပိုင်း) တပ်ဖွဲ့ RCSS/SSA အပြင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF တို့ က အပစ်ရပ်ရန် ပဏာမ အဆင့် ဆွေးနွေးသဘောတူညီမှုရခဲ့ပြီး၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ KNPP တို့ကလည်း ထပ်မံတွေ့ဆုံဆွေးနွေးမည်ဟု သဘောတူညီမှု ရရှိခဲ့သည်။