သျှမ်းအရှေ့ ဝ ရွာသားနှစ်ဦးအား အစိုးရတပ် သတ်ဖြတ်

သျှမ်းအရှေ့ ဝ ရွာသားနှစ်ဦးအား အစိုးရတပ် သတ်ဖြတ်
by -
သျှမ်းသံတော်ဆင့်

အစိုးရသစ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များအား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း ဖိတ်ခေါ်နေချိန် သျှမ်းပြည် အရှေ့ပိုင်း မိုင်းယန်း မြို့နယ်အခြေစိုက် မြန်မာစစ်တပ် က၎င်းလှုပ် ရှားရာ နယ်မြေရှိဒေသခံများအား ဖမ်းဆီးရိုက်နှက် သတ်ဖြတ်နေကြောင်းဒေသတွင်းသတင်းရပ်ကွက် ကဆို ပါသည်။

နိုဝင်ဘာ ၂၀ ရက်   မိုင်းယန်းအခြေစိုက်   ခလရ ၂၈၁ တပ်က မုံးငဲန်း အုပ်စု အရှေ့မြောက်ဖက် ၁၂ မိုင်အကွာ ဝမ့်ဟိုဇင်း ရွာမှ ဒေသခံရွာ သား ၂ ဦးအား  ဖမ်းဆီးကာ သူပုန် အကြောင်း မေးမြန်းရာ ‘ သျှမ်းသူပုန်များ တခါမှရွာထဲမဝင်လာ’ ဟု ဖြေသဖြင့်  ပစ်သတ်လိုက်သည်ဟု  အသတ်ခံရသူ၏ နီးစပ်သည့်ဆွေမျိုးတော်စပ်သူ တဦးကပြောသည်။

“အိုက်ပေါက်နဲ့ အိုက်အင်း တို့ ၂ ယောက် လယ်ထဲက စပါးသွားတင်တာ။ အပြန်လမ်းမှာ  စစ်ကြောင်း တကြောင်းနဲ့တိုး မိပြီး စစ်ကြောင်းက သူတို့ကိုဖမ်းသွားတာ။ သျှမ်းသူပုန်အကြောင်း မေးတာ မသိဘူးဘဲ ပြောတယ်။ သျှမ်းသူပုန်ကိုထောက် ခံတဲ့လူ ၂ ယောက်ကို ပစ်သတ်လိုက်ပြီ လို့ ၂၁ ရက်မှာရွာထဲကိုဝင် လာပြီး အဲဒီစစ်ကြောင်း ကပြောတာ။ ရွာသားတွေ သွားကြည့်တော့မှ သူတို့ ၂ ယောက်ဖြစ်နေတာ” ဟု အဆိုပါ ဆွေမျိုးက ပြောသည်။

အသတ်ခံရသည့် ရွာသားနှစ်ဦးမှာ ၀ အမျိုးသားစစ်စစ်  အိုက်ပေါက် နှင့် ၀ သွေးနည်းနည်းပါသည့် အိုက်အင်း   တို့ဖြစ်ကြ သည်။ အိုက်ပေါက်နှင့် အိုက်အင်းတို့သည် သူငယ်ချင်းများဖြစ်ကြပြီး လယ်မှအထွက် ရွာမရောက်ခင် အဖမ်းခံကြရခြင်းဖြစ် သည်။ ၎င်းတို့၏ နွားလှည်းနှင့် စပါးများကိုမူ လမ်း၌ပစ်ထားခဲ့ကြ၏။ ၎င်းတို့ ၂ ဦး   ပစ် သတ်ခံရခြင်း   နှင့်ပတ်သက်၍ တစုံတရာအရေးယူပြောဆိုမှုမရှိသေးကြောင်း အဆိုပါအမျိုးကဆက်လက် ပြောပြသည်။

ထို့အတူ ယခုလ ၁၈ ရက်ကလည်း အဆိုပါစစ်တပ်မှ တပ်ခွဲမှူးက နင်းနှိပ်ပေးမည့် မိန်းခလေးရှာပေးရန် ပန်ဆေရွာ သူကြီး အား ဆင့်ဆိုခဲ့သည်။ လိုက်မည့်သူမရှိသဖြင့် ပန်ဆေရွာသူကြီးအား ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ပြီး မနက် မိုးလင်းမှ ရွာသား များ ပိုက်ဆံစုကာ ကျပ်ငွေ ၆ သောင်းဖြင့် ရွာသူကြီးအားသွားရောက် ရွေးယူခဲ့ရကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံ ၀ မျိုးသားတစ်ဦးက သျှမ်းသံ တော်ဆင့်အားဆက်လက် ပြောပြသည်။

“  ခလရ ၂၈၁ တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး ဉာဏ်မြင့်ကျော်။ ပန်ဆေရွာ  ရွာသူကြီးကိုဖမ်းဆီးကြိုးတုပ် တာက တပ်ခွဲမှူး   ဗိုလ်ကြီး ဇော်ဇော် ဌေး   ” ဟု အမည်မဖော်လိုသည့် ကျိုင်းတုံရောက်ဒေသခံ တဦးကပြောသည်။

ဝမ့်ဟိုဇင်းရွာသည် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (မိုင်းပေါက်) ဒေသအနောက်တောင်ဘက်၊ ကျိုင်းတုံမြို့ အနောက် မြောက် ဘက် မိုင် ၃၀ ခန့်ဝေးသည့် မုံးငဲန်းကျေးရွာအုပ်စုဝင်ဖြစ်သည်။ ဝ နှင့် သျှမ်းလူမျိုးတို့ ရောနှောနေထိုင် သည့် ရွာဖြစ်သည်။

ဤဒေသတဝိုက်တွင် ဗမာ့တပ်မတော် တပ်ရင်း တပ်ဖွဲ့များမှလွဲ၍ အပစ်ရပ် ၀ နှင့် မိုင်းလားတပ်များသာရှိပြီး သျှမ်းပြည် တပ်မတော်  SSA  မှလာရောက်လှုပ်ရှားခြင်းမရှိကြောင်း ဒေသခံများကဆိုသည်။