NLDမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ပြည်နယ်/တိုင်း အားလုံးထောက်ခံ

NLDမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ပြည်နယ်/တိုင်း အားလုံးထောက်ခံ
by -
မျိုးသိဏ်း

ရန်ကုန် (မဇ္ဈိမ) ။        ။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ မှတ်ပုံတင်၍ရွေးကောက်ပွဲဝင် ရန် ပြည်နယ်နှင့် တိုင်း ၁၃ ခုမှ ဗဟိုဦးစီးကော်မတီ ဝင်များ သောကြာနေ့ နေ့လည်ပိုင်းတွင် ထောက်ခံ ဆွေးနွေး ခဲ့ကြသည်။

ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်း၊ ကယား (ပူးပေါင်း) တို့၏ ဗဟိုဦးစီးအဖွဲ့ဝင် ၁၃ ဖွဲ့မှ ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

NLD ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး မဝင်ရေး အစည်းအဝေးကို ပါတီရုံးချုပ် ရန်ကုန်ရွှေဂုံတိုင်တွင် သောကြာနေ့ နံနက် ၁၀ နာရီမှ စတင်ကျင်းပနေခြင်း ဖြစ်သည်။

အစည်းအဝေးသို့ ဖိတ်ကြားထားသူ ၁၁၇ ယောက် ရှိသည့်အနက် ၁၀၃ ယောက်တက်ရောက်ပြီး၊ NLD မှ ဖွဲ့စည်း ထားသည့် NLD လူငယ်အဖွဲ့နှင့် NLD အမျိုးသမီး လုပ်ငန်းဖေါ်ဆောင်ရေး အဖွဲ့တို့ ဆက်လက် ဆွေးနွေးရန် ကျန်ရှိနေသေးသည်။

Most read this week