ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ မပါဝင်ရန်ရာခိုင် နှုန်းများ ကြောင်း ရန်ကုန်ရုံးမှ တာဝန်ခံတဦးကပြောသည်။
“အစက ဝင်ရောက်အရွေးခံဖို့ ပြင်ဆင်ထားပါတယ်။ သျှမ်းပြည်မှာ ၂ မြို့နယ်ဘဲ နေရာလွှတ်တဲ့အပြင် ပြည်မ မှာလဲ အပြောင်းအလဲတွေ အရမ်းများနေတော့ တိုင်းရင်းသားပါတီတွေအနေနဲ့ လက်လှမ်းမီဖို့ အခွင့်အလမ်းနဲ တယ်။ ဝင်မပြိုင် တော့ဘူးလို့တော့ တရားဝင်မကြေငြာရသေးပါဘူး။ ဒါပေမယ့်အခွင့် အလမ်းနဲ တယ်လို့တော့ ပြောလို့ရတယ် ” ဟု ရန်ကုန် ရုံးမှ ကျားဖြူတာဝန်ခံတဦးကပြောသည်။
သျှမ်းပြည်အတွင်း လစ်လပ်နေသည့် ၂ မြို့နယ်သာရှိရာ သျှမ်းပြည်တောင်ပိုင်း ကလောမြို့ပြည်သူ့လွှတ် တော် အမတ် (ဦးတင်နိုင်သိန်း နေရာ) နှင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမျိုးသားလွှတ်တော်အမတ်(ဒေါက်တာ စိုင်းမောက်ခမ်း နေရာ) တို့ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။
“ အစက လစ်လပ်တဲ့နေရာ ၁၄ - ၁၅ နေရာအားလုံး ဝင်ပြိုင်ဖို့ ကျနော်တို့ စီစဉ်ထားတယ်။ ဒါပေမယ့် အင်အား ကြီး နိုင်ငံရေးပါတီတွေ မှတ်ပုံတင်၊ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ပြည်မမှာ ကျနော်တို့ တိုင်းရင်း သားတွေ လူခံလဲနည်း တယ်။ တိုးဝင် နေရာ ရယူနိုင်ဖို့အခွင့်အလမ်းသိပ်မရှိဘူး ။ သျှမ်းပြည်ထဲ တောင်မှ ကလောဆိုရင် အစိုးရဝန်ထမ်းများတယ်။ စစ်တပ်များတယ်။ လားရှိုးဆိုရင်လဲ အမျိုးသား လွှတ်တော် တခုထဲ လစ်လပ်တယ်။ ဒုသမ္မတ ရဲ့နေရာလဲ ဖြစ်နေတယ်ဆိုတော့ကျနော်တို့စဉ်း စားရမယ့် ရှုဒေါင့်ကများနေတယ်” ဟု ဆို၏ ။
သို့သော် ကျားဖြူပါတီ ဒု-ဥက္ကဌ စိုင်းဆောင်ဆီကမူ - ‘ကျားဖြူပါတီက လားရှိုး၌ လစ်လပ်နေသောနေရာ၌ ဝင်ပြိုင်ရန် လွှတ်တော်အမတ် အရည်အချင်းရှိသော ပါတီဝင်တဦးကို ရွေးချယ်ထား ပြီးဖြစ်ကြောင်း၊ယခင် လူ ဟောင်း (စိုင်းခမ်းလှိုင်) တော့ မဟုတ်ကြောင်း’ - ပြောသည်။
အလားတူ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်ရက်လည်း နိုဝင်ဘာ ပထမပတ်ဟု ထုတ်ပြန်ထားရာမှ အမျိုးသားဒီမို ကရေ စီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်မည့်ကိစ္စကြောင့် ရက်ရွှေ့ ထားကြောင်း၊ ရွေးကောက်ပွဲကျင်းပ မည့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာမည်ဖြစ် ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိပြီး ပြည်သူ့လွှတ်တော် ၄၀ နေရာ ၊ အမျိုးသား လွှတ် တော် ၆ နေရာ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ ရှိကြောင်း သိရသည်။