နယူးဒေလီ (မဇ္စျိမ) ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင် အား ဗိုလ်ချုပ်အောင်ဆန်းကဲ့သိုု့ပင်တိ ုင်းပြည် အတွက် အနစ်နာခံ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မကွေးပရိယတ္တိ ကျောင်းတိုက် ဆရာတော်မှ “သူရသတ္တိ” ရွှေတံဆိပ် ဆု ပေးအပ်မည်ဟု သိရသည်။
ပြည်တွင်းတွင် ပထမဦးဆုံးအကြိမ် ပေးအပ်ခံရမည့် “သူရသတ္တိ” ရွှေတံဆိပ်ဆုမှာ ရင်ထိုးအမျိုးအစားဖြစ်ပြီး အလေး ချိန် တကျပ်သားရှိ ရွှေပြားပေါ်တွင် “သူရသတ္တိ” ဟူသော စကားလုံးနှင့် “ခွပ်ဒေါင်းပုံ” ပါဝင်သည်။ ယင်းဆုကိုလည်း ဆရာတော်တဦးတည်းမှ အကုန်အကျခံသော ဆုတံဆိပ်ကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပေးအပ်မှာ ဖြစ်သည်။
အခမ်းအနားကို ကျောင်းတိုက်တည်ရှိရာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁ ရပ်ကွက်၊အနော်ရထာလမ်း တွင် ကျင်းပ မည်ဖြစ်ကာ တဆက်တည်းပင် စက်တင်ဘာ သံဃာ့ အရေးအခင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် သံဃာတော်များအား ပြန်လည် သိက္ခာထပ်ပွဲကိုု ပူးတွဲကျင်းပမည် ဖြစ်သည်။
“ဒီမိုုကရေစီသွားတဲ့ နေရာမှာ အကွေ့အကောက်၊ အတိမ်းအစောင်း၊ အကြောက်အရွံ့မရှိပဲနဲ့ ဦးဝင်းတင်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သိုု့ ရဲရဲဝင့်ဝင့်ဖြင့် ရင်ဆုုိင်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒါကြောင့်ဘုန်းကြီး က ဦးဝင်းတင်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်” ဟု မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော်အရှင် ပါမောက္ခက မဇ္စျိမကို မိန့်သည်။
“ခွပ်ဒေါင်းဆိုတဲ့ သဘောတရားက မဟုတ်ရင် ဘယ်သူ့ကိုမှ မခံဘူး။ သူက အကုန်လုံုး ခွပ်ပြီးတော့ သတ်မယ်ဆိုတဲ့ သဘောတရားကို ဆောင်တယ်။ မဟုတ်တဲ့နေရာမှာ ခွပ်ဒေါင်းဟာ သူ့အပေါ်မှာကျ ရောက်လာတဲ့ အန္တရာယ် မှန်သမျှကို အကုန်လုံး တိုုက်ခိုက်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိပါတယ်။ဦးဝင်းတင်က လည်း အဲဒီလို ခွပ်ဒေါင်းရုပ်နဲ့ ခွပ်ဒေါင်း စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်မို့လို့” ဟု ဆရာတော်ကဆက်လက်မိန့်ဆို သည်။
အသက် ၈၁ နှစ်အရွယ် ဦးဝင်းတင်မှာ သတင်းစာသမား ဘဝမှပင် တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် တစိုက် မက်မက် လုပ်ဆောင်ခဲ့သည့် အပြင် နိုင်ငံရေးသမားဘဝတွင်လည်း ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် NLD နှင့်အတူ စိုက်လိုက်မက်တပ် လုပ်ဆောင်ခဲ့သည်။
အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးခံခဲ့ရကာ ၁၉ နှစ်ကျော်ကြာပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
“အန်ကယ် ဦးဝင်းတင်က တကယ့်ကို ယုံမှားသံသယ မရှိကောင်းတဲ့ တကယ့်ဒီမိုကရက်တစ် တယောက် ဖြစ်တယ်။ ပုုဂ္ဂိုလ်ရေး ဘဝအရပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီရေး ခံယူချက်အရပဲ ဖြစ်ဖြစ် လူထုနဲ့ တသားတည်း ရှိပြီးတော့ ဒီကနေ့ အချိန်အထိ မားမားမတ်မတ် ရပ်တည်နေတဲ့အတွက် သူဟာ ဒီဆုနဲ့ ပတ်သက်ပြီး ထိုက်တန်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်” ဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက် တာဝန်ခံ ကိုအောင်ဇော်ထွန်းက မဇ္စျိမကို ပြောသည်။
ဦးဝင်းတင်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပေးအပ်သည့် Guillermo Canoကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ရေးဆု - Guillermo Cano World Press Freedom Prize၊ ကမ္ဘာ့သတင်း စာများ အသင်း၏ လွတ်လပ်ရေး အတွက် ရွှေကလောင်ဆု - Newspapers' Golden Pen of Freedom နှင့် နယ်စည်းမခြား သတင်းထောက်များဆု - Winner of Reporters Without Border များ ချီးမြှင့်ခံထား ရသူလည်း ဖြစ်သည်။
ဆုုပေးပွဲကို တခမ်းတနားဖြင့် မလုပ်ပေးစေလိုကြောင်း ဦးဝင်းတင်က အကြောင်းပြန်ခဲ့သည်ဟု သွားရောက် အကြောင်းကြားခဲ့သူ ကိုအောင်ဇော်ထွန်းက ပြန်ပြောပြသည်။
သိက္ခာထပ်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်၊ အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့နှင့် ဒီမိုကရေစီ အင်အားစုများက စုပေါင်းပြုလုပ်ခြင်းဖြစ်ကာ လက်ရှိတွင် သိက္ခာထပ်မည့် သံဃာတော် ၂၄ ပါး ရှိပြီဟု သိရသည်။ ယင်းအပြင် ပွဲသို့ လာရောက်မယ့် အကျဉ်းကျခံ မိသားစုများအတွက် စာအုပ် စာတမ်းနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများကို ကူညီသွားမည် ဖြစ်သည်။