အဓိက တပ်စခန်း ၄ ခု ရုပ်သိမ်းပေးရန် နေပြီတော်အား ဝမ့်ဟိုင်းတပ်ဖွဲ့ဆွေးနွေး

အဓိက တပ်စခန်း ၄ ခု ရုပ်သိမ်းပေးရန် နေပြီတော်အား ဝမ့်ဟိုင်းတပ်ဖွဲ့ဆွေးနွေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်မြောက်ပိုင်း ဟုလူသိများ သည့်  SSPP/SSA နှင့် မြန်မာစစ်တပ်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး ခဲ့ရာကျေးသီး မြို့နယ်ဝမ့်ဟိုင်းဌာန ချုပ် အနီး အခြေစိုက်သည့် မြန်မာတပ်စခန်း ၄ ခုဆုတ် ပေးရန် တောင်းဆို လိုက်သည် ဟု ပြည်တွင်းသတင်း ရပ်ကွက်က ဆိုပါသည်။

“ငြိမ်းချမ်းရေးအတွက် ပဏာမ ဆွေးနွေးဖို့ စဝ်နော်လိတ်ခေါင်းဆောင်တဲ့ ဝမ့်ဟိုင်းကိုယ်စားလှယ်အဖွဲ့ဝင် နှစ်ဦး နေပြည် တော်ကို ပြီးခဲ့တဲ့အပတ်ထဲမှာရောက်တယ်။ အောက်တိုဘာလ ၂၉ ရက်မှာ အစိုးရကိုယ်စား လှယ် တွေနဲ့ တွေ့ဆုံတယ်လို့ ကြားရတယ်။ ဝမ့်ဟိုင်းဌာနချုပ်နားက အဓိက ၄ နေရာမှာအခြေချတဲ့အစိုးရ တပ်တွေကို ရုပ်သိမ်း ပေးဖို့  SSPP  ဖက်က တင်ပြတာကို ဦးသိန်းဇော်တို့ဘက်က အမြန်ဆုံးရုပ်သိမ်းပေး နိုင်ဖို့ဆောင်ရွက် ပေးမယ်လို့ ကတိပေးတယ်” ဟု နီးစပ် သည့်အသိုင်းအဝိုင်းကပြောပါသည်။

ပြည်သူ့စစ်ခေါင်းဆောင် စဝ်ကိုင်ဖ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဝမ့်ဟိုင်းဌာနချုပ်ကိုယ်စားလှယ် စဝ်နော်လိတ် ခေါ် စိုင်းထွေး ဦးဆောင်သော အဖွဲ့ နှင့် နေပြည်တော်အစိုးရကိုယ်စားလှယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဉက္ကဌ ဦးသိန်းဇော် တို့ အောက်တိုဘာလ ၂၉ ရက် စနေနေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
000-_MAP_of_Wan_Hai_and_near
ယခုလ ၁၂ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်မှ လွှတ်မြောက်လာသည့် ဗိုလ်ချုပ်ဆေထဲန့်မှာထိုအစည်းအဝေး တွင် ပါဝင် မပါဝင် မသိရသော်လည်း ထိုနေ့ ညစာစားပွဲတွင်မူတွေ့ရကြောင်းကျားဖြူပါတီဝင်များသတင်းရပ် ကွက်က ဆိုပါသည်။

သို့သော် အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ဖက်ကမူအတည်ပြုဖြေကြားပေးခြင်းမရှိ သေးဘဲ မိမိတို့ ဘာမျှမကြားသိရသေးကြောင်းသာ ပြောခွင့်ရပုဂ္ဂိုလ်က ဗိုလ်မှူးစိုင်းလကသျှမ်းသံတော်ဆင့် အား ပြောကြား ပါသည်။

“ ဝမ့်ဟိုင်းဌာနချုပ်နားက အဓိက ၄ နေရာဆိုတာ နမ့်ပုတ်၊ ဝမ့်မိတ်၊ ခီ့ခပ်၊ ကျိန်းလိန် နဲ့ပါခီးတပ်စခန်း တွေဖြစ်နိုင် တယ်။ အဲ့ဒီတပ်စခန်းတွေ အခြေချထားတဲ့လမ်းက ဝမ့်ဟိုင်း အဝင်အထွက် အဓိက ကျတဲ့ လမ်းကိုး” ဟုသျှမ်းပြည် တပ်မတော် ကေဒါဟောင်းတဦးကလည်းပြောပါသည်။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့သည် နာဂစ်ဖွဲ့စည်းပုံအရ ဌာနေပြည်သူ့စစ်အသွင်ပြောင်းရန် စစ်အစိုးရ ဖိအား ပေးခဲ့ပြီးနောက်ပိုင်း ၂၀၁၀ နှစ်လည်ပိုင်းက နှစ်ခြမ်းကွဲသွားခဲ့သည်။ ဦးလွယ်မောဝ်၊ ဦးကိုင်ဖက ဌာနေပြည်သူ့ စစ်အဖြစ် အသွင်ပြောင်းသွားပြီး၊ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ အမှတ် ၁ ဝမ့်ဟိုင်း က အသွင်ပြောင်း ခြင်း လက်မခံသော ကြောင့် ၂၀၁၁ မတ်ခ်ျ ၁၃ ရက်က စပြီး မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ SSPP/SSA ၏စစ်တမ်းအရ ဩဂတ်စ် လကုန်အထိ မြန်မာစစ်တပ်နှင့်တိုက်ပွဲ ပေါင်း ၃၀၈ ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရတပ် ၅၃၇ သေ၊ ၆၄၉ ယောက်ဒဏ်ရာ ရကာ သျှမ်းတပ်ဘက်ကမူ ၃၃ ယောက်သေ၊  ၄၄ ယောက်ဒဏ်ရာရခဲ့သည်ဟုဆို၏။ အပြစ်မဲ့လူထု ဆယ်ဂဏန်း သတ်ဖြတ် ခံရကာ သုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်( SWAN  အစီရင်ခံစာမှ) ။