အသိမ်းခံ ရေနံတွင်းဟောင်းများ ပြန်လည်ရရှိရန် တောင်းဆို ဆန္ဒပြ

အသိမ်းခံ ရေနံတွင်းဟောင်းများ ပြန်လည်ရရှိရန် တောင်းဆို ဆန္ဒပြ
by -
ခိုင်သော်က

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တို ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်ကကမ်းနား လမ်းရှိ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ကော်ပိုရေး ရှင်းရုံး ရှေ့တွင် ရေနံတွင်းများ အသိမ်းခံ ထားရသူ  ၄၀ ကျော်ခန့် က ရေနံတွင်း  ပြန်လည်ရရှိရရန် အတွက် ဆန္ဒပြခဲ့သည်ဟု ကျောက်ဖြူမြို့ခံမျက်မြင် တဦးမှ ပြောပြသည်။

ဆန္ဒပြသူ ရေနံတွင်းပိုင်ရှင်တို့မှာ ကျောက်ဖြူမြို့နှင့် ၁၅ မိုင်ခန့်အကွာ မှ  မင်းပြင် ၊ ရေနံတောင် ၊ အူချေ ၊ လမ်းကွဲ ၊ မင်းတက်တောင် ကျေးရွားသားများဖြစ်၍ ကားတစီးငှါးပြီးလာရောက်ခဲ့ကြကြောင်း၊ မိမိတို့ ပိုင်ဆိုင်သော ရေနံတွင်းများ အသိမ်းခံရသည့် အတွက် ပြန်လည် ရရှိရန် ယခုလို့ လာရောက် ဆန္ဒပြ တောင်းဆိုခြင်းသာ ဖြစ်သည်ဟု ကိုယ်တိုင်ပါ၀င်ခဲ့သူ ရေနံတွင်းပိုင်ရှင်တဦးမှပြောပြသည်။

ကျွန်တော်တို့ ဆန္ဒပြနေစဉ် ခဏအကြာတွင် ရဲ တပ် တဖွဲ့ ရောက်ရှိ လာပြီး ဒီနေရာ ဟာ  နိုင်ငံခြားသားများ နေတဲ့နေရာ ဖြတ်တယ်၊  မလုပ်ကြနဲ့ ကားပေါ်တက်ပြန်သွားကြပါ လို့ဟန့်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့က မသွားဘူး၊ အသိမ်းခံထားရသော ကျွန်တော်တို့ရေနံတွင်းများကိုပြန််လည်လုပ်ပိုင်ခွင့်ပြုပေး ဖို့ တောင်းတာ ဖြစ်တယ် လို့ပြန််ပြောတယ်၊ ခင်ဗျာတို့ ပြန်မသွားရင် အရေးယူခံရမယ် ဆိုပြီး ကားပေါ်သို့ အတင်း အတင်း တက်ခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ ရေနံတောင် ကျေရွာသားတဦးမှ ပြောပြသည်။

ကျွန်တော်တို့ ဒေသခံ ပြည်သူအများစုက  နွေရာသီမှာ ရေနံတွင်းတူခြင်းလုပ်ငန်း နဲ့သာ ငွေရယူ နေကြ တာဖြစ်တယ်၊  အဲဒါကို အစိုးရက ရေနံတွင်း တူးဖေါ်မည့်နေရာ အတော်များများ နဲ့  တူးဖေါ်ဆဲ ၊တူးဖေါ် ပြီးသာ ရေနံတွင်း ၄၀၀ ကျော် ကို တစုံတရာ အခကြေးငွေ မပေးဘဲ အဓမ္မသိမ်းဆည်းထား တာကြောင့် ဒေသခံ ပြည်သူများမှာ  နွေရာသီတွင် အလုပ်လက်မဲ့ဖြစ်ပြီး အတော့ကို အခံရခက်သည့်အတွက် ယခု ဒီမိုကရေစီ အစိုးရသစ်တွင် ပြန်လည် ရလို့မှု့ကြောင်း ယခုလို့တောင်းဆိုဒါပါဟု မင်းပြင်ကျေးရွာလူကြီးတ ဦင်္းမှ ပြောပြသည်။

မြန်မာ့ ရေနံ နဲ့သဘာဝဓါတ်ငွေ့တူးဖေါ်ရေး ကော်ပိုရေးရှင်းမှ လွန်ခဲ့သည် ၆ နှစ်ကပင် ရခိုင်ပြည် ကျောက်ဖြူ မြို့နယ်တွင်  ကုန်းတွင်းရေနံလုပ်ကွက် အဖြစ ်သတ်မှတ်ကာ ဒေသခံ ပြည်သူများ ပိုင်ဆိုင်သော ရေနံထွက် နေရာများနှင့် တူးဖေါ်ထားသည့်ရေနံတွင်းများကို အစိုးရပိုင်အဖြစ်သိမ်းဆည်းထားသည်ဟုသိရသည်။

Most read this week