ကျိုးကျခဲ့သည့် နှစ်ရှည်တံတားအစား ယာယီတံတားကို ဖြတ်သန်းခပေး၍ လှိုင်းဘွဲဒေသခံများ သွားလာနေရ

ကျိုးကျခဲ့သည့် နှစ်ရှည်တံတားအစား ယာယီတံတားကို ဖြတ်သန်းခပေး၍ လှိုင်းဘွဲဒေသခံများ သွားလာနေရ
by -
နန်းသူးလေ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အဝင်နားရှိ နှစ်ရှည် သံတံတားမှာ ယခုလ ၂၅ရက်နေ့က ကျိုးကျသွား ခဲ့ပြီးနောက် လှိုင်းဘွဲဒေ သခံ ရပ်မိရပ်ဖများ ဦး ဆောင်ကာ ယာယီ ဆောက်လုပ်ထားသည့်တံတား ငယ်များကို ဒေသခံများကဖြတ်သန်းခပေး၍သွား လာနေရသည်ဟု သိရသည်။

Border_area_between_Hlaingbwe_and_Paan
လှိုင်းဘွဲမြို့ရှိ ရပ်မိရပ်ဖများက ကျိုးကျသွားသည့် တံတားအနီးတွင် ယာယီတံတားများအဖြစ် ၀ါးတံတား ၂ စင်း နှင့် သစ်သားတံ တား ၁စင်းကို ဆောက်လုပ်ထားခဲ့ကြပြီး တိုင်ကီပုံးများပေါ်တွင် ပျဉ်ပြားများခင်းထား သည့် သစ်သားတံတားကို လူတဦးလျှင် ၁၀၀ကျပ်နှင့် ဆိုင်ကယ်တစီးလျှင် ၅၀၀ကျပ် ပေးဆောင်ကာသွားလာ နေကြရသည်ဟု လှိုင်းဘွဲမြို့ခံတဦးက ပြောသည်။

“အခု ဆိုင်ကယ်ဖြတ်လို့ရတဲ့ တံတားကလည်း အခွန်ပေး(ငွေ)ဆောင်နေရတော့ လူတွေလည်း သယ်ရပိုး ရတာတွေ များပြီး အကုန်အကျတွေလည်း များတယ်။ အခု လောလောဆယ်တော့ ထိုင်းဘက်ကနေ ရေကြီးလို့ ပြန်လာတဲ့သူတွေကလည်း သိပ် များနေတော့ သွားလာဖို့ ဒုက္ခတွေ ဖြစ်နေကြလို့ ယာယီ ဆောက်ထားတာ။”ဟု ၎င်းက ပြောသည်။

တံတားဖြတ်သန်းခကို တည်ဆောက်ပေးခဲ့သည့် ရပ်မိရပ်ဖများက ကောက်ခံခဲ့ခြင်းဖြစ်ပြီး ရရှိလာသည့် ငွေများကို လှိုင်းဘွဲမြို့ ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများအတွက် ရန်ပုံငွေအဖြစ်အသုံးပြုသွားမည် ဟု ဒေသခံများက ပြောဆိုကြသည်။

သက်တမ်းနှစ် ၁၀၀ကြာမြင့်ပြီဖြစ်သည့် ၎င်းသံတံတားမှာ အောက်တိုဘာလ (၂၄)ရက်နေ့ညက အလိုလို ကျိုးကျပျက်စီးသွားခဲ့ ပြီး လူအများ သွားလာနိုင်သည့် ယာယီ တံတားဆောက်လုပ်သွားရန်ဒေသအာဏာပိုင် များ နှင့် ရပ်မိရပ်ဖများက ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြပြီးဖြစ်သော်လည်း မည်သည့်အချိန်တွင် စတင်တည် ဆောက်မည်ကို မသိရှိရသေးချေ။

ဂျပန်ခေတ်က တံတားဟု ဒေသခံများက ခေါ်ဆိုနေသည့် အဆိုပါ သံတံတားမှာ လှိုင်းဘွဲချောင်းကိုဖြတ်ကာ တည်ဆောက် ထားခြင်းဖြစ်သည်။

Most read this week