အစိုးရစစ်တပ်မှ မီးသွေးဖိုများ ဖျက်ဆီး၍ ပလောင်ရွာသားများ စားဝတ်နေရေး ခက်ခဲနိုင်

အစိုးရစစ်တပ်မှ မီးသွေးဖိုများ ဖျက်ဆီး၍ ပလောင်ရွာသားများ စားဝတ်နေရေး ခက်ခဲနိုင်
by -
နော်ဆဲကလယ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနောက် ဘက်ပိုင်းရှိ ဒွန့်ပုတ်(Dun Puk)ရွာတွင် မန်ဒတ်(Man Tat)အခြေစိုက် မြန် မာအစိုးရတပ်က ရွာသား များပိုင်ဆိုင်သည့် မီးသွေးဖိုများကို ၀င် ရောက်ဖျက်ဆီးခဲ့သဖြင့် စားဝတ်နေရေးအတွက် ပူပန်နေရ ကြောင်း ဒေသခံများက ပြောသည်။

map_of_Palaung_village_Don_Puk

ယခုလ ၂၄ရက်နေ့က မြန်မာအစိုးရတပ် ခြေမြန်တပ်ရင်း(ခမရ-၁၄၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်သူလှိုင်၏ လက်အောက် ခံတပ်သားများက အဆိုပါ ရွာသူရွာသားများ၏ မီးသွေးဖိုများကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ ဒေသခံတစ် ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီမှာက အဓိက စီးပွားရေးဟာ မီးသွေးဖုတ်တဲ့လုပ်ငန်း ဖြစ်တယ်။ အစိုးရစစ်သားတွေဟာမီးသွေး မဖြစ်သေးတဲ့ ဖို တွေကိုလည်း ဖွင့်လှန်ခဲ့တော့ မီးသွေးမဖြစ်ဘဲ ပြာအဖြစ် ပျက်စီးသွားလို့ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။”ဟု ကေအိုင် စီသို့ ပြောသည်။

ပလောင်လူမျိုးများ နေထိုင်ကြသည့် ဒွန့်ပုတ်ကျေးရွာသည် ယခင်က လက်ဖက်စိုက်ကြသော်လည်းလက်ဖက် စျေးကျလာ ပြီးနောက်ပိုင်း မီးသွေးဖုတ်ကြရခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါရွာရှိအမျိုးသားများ သည် ဘိန်းစွဲသူများသဖြင့် အမျိုးသမီး ကသာ အိမ်ထောင်ကို ဦးစီးကွပ်ကဲရသူများသည်ဟု ၎င်းကဆက် လက် ပြောဆိုသည်။

ထိုဒေသတွင် မီးသွေးစျေးမှာ တစ်ပိသာလျှင် မြန်မာငွေ ၂၀၀ကျပ်သာရှိပြီး ဆန်စျေးနှုန်းမှာ ဆန်ကြမ်း တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀နီးပါးရှိသည်။ ၎င်းအပြင် ဒေသခံများမှာ ဗမာစကားကို ပြောဆိုတတ်သူ နည်းပါးသဖြင့် သွားလာရာတွင်လည်း စစ် တပ်နှင့် ရင်ဆိုင်မိပါက နှိပ်စက်ခံရကြောင်းကိုလည်း ဒေသခံများက ပြောဆိုနေကြသည်။

ဒေသခံ အမျိုးသားတစ်ဦးက “အခြေအနေမကောင်းပေမယ့် တရွာနဲ့တရွာကူးဖို့ မလွယ်ဘူး။ စစ်တပ်က လမ်းဂိတ်တွေမှာ အရမ်းစစ်တာ။ မြန်မာစကားကလည်း မတတ်ကြတော့ စစ်သားတွေ မေးတဲ့အခါနားမ လည်ရကောင်းလားဆိုပြီး ထုရိုက် တာတွေ ရှိတယ်။ မေးမြန်းလို့မရရင် ထုရိုက်နေတော့ တော်ရုံလူက ရွာထဲကနေ ဘယ်မှမသွားရဲကြဘူး။”ဟု ပြောသည်။

ဒွန့်ပုတ်ရွာသည် တောင်ပေါ်ဒေသမှ ရွာတစ်ရွာဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်လျှက်ရှိသည့် အမှတ် (၁) ရွှေလီဆည်အနီး တွင် တည်ရှိသည်။

Most read this week