နိုင်ငံရေး အကျဉ်းသားများ လျှော့ရက်ရရေး အစာငတ်ခံ ဆန္ဒပြ

နိုင်ငံရေး အကျဉ်းသားများ လျှော့ရက်ရရေး အစာငတ်ခံ ဆန္ဒပြ
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။      ။ ထောင်ဒဏ် လျှော့ရက် ရရှိရေးအတွက် ရန်ကုန်မြို့ အင်းစိန် အကျဉ်း ထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက  ဗုဒ္ဓဟူးနေ့ မွန်းတည့်မှစ၍ အစာငတ်ခံ ဆန္ဒပြမှု စတင်နေပြီဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်က ထုတ်ပြန်လိုက်သည်။

innseinအဆောင် ၅ ဒုထောင်မှူး ဦးမြင့်မောင်မှ တဆင့် ထောင်တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင်အား နေ့လည်စာ ထမင်း မစားတော့ဘဲ အစာငတ်ခံ ဆန္ဒပြမှု စတင်ကြောင်း အကြောင်းကြားလိုက်ပြီး ဖြစ်သည်ဟု ကြေငြာ ချက်တွင် ဖော်ပြ ထားသည်။

သာမန်အကျဉ်းသားများကို လျော့ရက် ခံစားခွင့်ပေးချိန်တွင် နိုင်ငံရေး အကျဉ်းသားများကို လျော့ရက် ခံစားခွင့် မပေးဟု ကွန်ယက်အဖွဲ့၏ တာဝန်ခံ ကိုအောင်ဇော်ထွန်းက ပြောသည်။

“သူတို့ရဲ့ တောင်းဆိုချက်ကို မရမချင်း အစာငတ်ခံ ဆန္ဒပြမယ် ဆိုတာကို ထုတ်ပြန်ထား တာ ဖြစ်တယ်။ သူတို့ ရည်ရွယ်ချက်ကို ဘယ်လောက် အတိုင်းအတာအထိ အကောင်အထည် ဖော်ပေး သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ရှည်ကြာသွားမှာပါ” ဟု ကိုအောင်ဇော်ထွန်းက ပြောသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ် ၃၄၇ တွင်  “နိုင်ငံတော် သည် မည်သူ့ကို မဆို ဥပဒေအရာတွင်တန်းတူညီ မျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်း တူညီမျှစွာ ရယူပိုင်ခွင့်ပေးရ မည်။”ဟု ဖော်ပြထားကြောင်းလည်း သူက ညွှန်းဆိုလိုက်သည်။

အကျဉ်းဦးစီး၏ ထောင်လက်စွဲအရလည်း သေဒဏ်ကျ အကျဉ်းသားများ၊ နှစ်အကန့်အသတ် မရှိနှင့်ထောင်တ သက် တကျွန်း ကျခံနေရသော အကျဉ်းသားများမှလွဲ၍ အကျဉ်းသားတိုင်း လျှော့ရက် ခံစားခွင့်ပေးရန်ပြဋ္ဌာန်း ထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို လျှော့ရက်ခံစားခွင့် ပိတ်ပင်မှုကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ခဲ့ သည်။
sandapya

sandapya1

Most read this week