သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ (RCSS/ SSA) နှင့် မြန်မာအစိုးရသစ်တို့ ဆွေးနွေးမည်ဟု သတင်း များထွက်ပေါ် နေချိန် တောင်ပိုင်း ဝ တပ် ဖွဲ့ စစ်ရေးပြင်ဆင်နေကြောင်းဒေသခံသတင်းရပ် ကွက် က ပြောပါသည်။
တနင်္ဂနွေနေ့က အမှတ် ၁၇၁ စစ်ဒေသဌာနချုပ် (တောင်ပိုင်းဝ တပ်ဖွဲ့ ) အခြေစိုက်ရာမိုင်းတုံမြို့နယ် ဟွေ့အော့် သို့ ဝ စစ်သည်များ တင်ဆောင်လာသည့် စစ်ကား အစီးရေ ၃၀ ခန့် ရောက်ရှိလာကြောင်း၊ ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ဝိန်းဟိုင် အုပ်စုနှင့်မျက်နှာ ချင်းဆိုင်ရှိ လွယ်လမ် သျှမ်းတပ်စခန်းသို့ ဦးတည်ဖွယ် ရှိသည်ဟုကြားရကြောင်းလည်း နယ်စပ်သတင်းရပ်ကွက်ကလည်း ပြောသည်။
နယ်စပ်တလျှောက်ရှိ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် စခန်းချထားသည့်နေရာများ ၎င်းတို့ထိန်းချုပ် နယ်မြေ များ အားလုံးကို SSA ကအလိုရှိကြောင်း မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် သျှမ်းပြည်ပြန် လည်ထူ ထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်က တင်ပြတောင်းဆိုထားသည်ဟု မြန်မာအာဏာပိုင် အသိုင်း အဝိုင်း၏ ယုံကြည် စိတ်ချရ သောသတင်းအချက်အလက်များကို အမှတ် ၁၇၁ စစ်ဒေသမှူး ဝေ့ရှော် ကန်း က ရရှိထားသဖြင့် RCSS/ SSA အပေါ် သဘောထားတင်းမာနေခြင်းဖြစ်ကြောင်း - ဝ တပ်ဖွဲ့ အရာရှိများ နှင့် ဝင်ဆန့်နိုင်သူတဦးက သျှမ်းသံတော် ဆင့်အား ပြော သည်။
“မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကျနော်တို့ ၂၀ ရက်နေ့က လူထုဆီက အကြံဉာဏ်တောင်းတဲ့စာပို့ ထားပါ တယ်။ ငြိမ်းချမ်းရေးစကားဝိုင်း တကယ်ဖြစ်မြောက်ခဲ့မယ်ဆိုရင် မြန်မာအစိုးရကိုဘာအချက်အလက် တွေတင်ပြ မယ် တောင်းဆို မယ်ဆိုတာ ကျနော်တို့အဖွဲ့အစည်းထဲမှာတောင်အစည်းအဝေးမလုပ်ရသေးပါ ဘူး။ ရှင်းရှင်း ပြောရ ရင် သိန်းစိန်အစိုးရ နဲ့ ဘာမှ မဆွေးနွေးရသေးဘူး။ ဆွေးနွေးရင်လဲ နယ်မြေလုဖို့ဆိုတာ မရှိဘူး လို့အသိ ပေးလိုပါတယ်။” - ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ကသျှမ်းသံတော် ဆင့်အားပြော သည်။
ဩဂတ်စ်လ ၁၈ ရက်က မြန်မာအစိုးရခေါင်းဆောင် ဦးသိန်းစိန်က ငြိမ်းချမ်းရေးစကားဝိုင်းဖြစ်မြောက်ရေး အတွက် လက် နက်ကိုင်တိုက်ခိုက်နေသော တိုင်းရင်းသားတပ်ဖွဲ့များအား ကမ်းလှမ်းခဲ့သည်။ ထို့အတွက် မိုင်းလားတပ်ဖွဲ့ NDAA-ESS နှင့် ဝ တပ်ဖွဲ့UWSA တို့က စက်တင်ဘာလတွင်တကြိမ်အောက်တိုဘာလတွင် တကြိမ်တွေ့ဆုံ ဆွေးနွေး သဘောတူ လက် မှတ်များရေးထိုးသကဲ့သို့ သျှမ်းပြည်တပ်မတော် (တောင်/ မြောက်) နှစ်ဖွဲ့လုံးနှင့် တွေ့ဆုံ နေသည် ဆိုသည့် သတင်းများ လည်း ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်ကလည်း - “ ၂၀၀၇ ခုနှစ် တွေ့ဆုံဖို့ နအဖ ဘက် ကတိဖျက်ခဲ့ တဲ့နောက်ပိုင်း ခုထိထပ်မတွေ့ဆုံရသေးပါဘူး။ ဒီတခေါက် ဆွေးနွေးဖို့လဲ အစိုးရဖိတ်ခေါ်ချက်ပါ ဘဲ။ ဘယ်နေ့၊ ဘယ်နေရာ မှာ ဘာကိစ္စတွေ ဆွေးနွေး မယ်ဆိုတာလဲ ကျနော်တို့ ဘာမှမစီစဉ်ရသေးဘူး ” - ဟု ပြော သည်။
၂၀၀၅ ခုနှစ်ကလည်း မြန်မာစစ်တပ် နှင့် ဝ တပ်ဖွဲ့တို့ပူးပေါင်းပြီး သျှမ်းပြည်တပ်မတော် (တောင်ပိုင်းတပ်ဖွဲ့) ဌာနချုပ် လွယ်တိုင်းလျဲန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတလကျော် တိုက်ပွဲမပြီးမီ ဝတပ်ဖွဲ့ကဆုတ် ခွာ ရန် ဆုံးဖြတ်မှု ကြောင့် ဗမာ့တပ်မတော်နှင့် ဝ တပ်ဖွဲ့ကြား တင်းမာမှု စတင်ခဲ့သည်မှာယခုနှစ်အထိဖြစ် သည်။