သျှမ်းပြည်အစိုးရဝင်ငွေအတွက် သွင်းကုန်စည်းကြပ်ခွန် စတင်ကောက်ခံ

သျှမ်းပြည်အစိုးရဝင်ငွေအတွက် သွင်းကုန်စည်းကြပ်ခွန် စတင်ကောက်ခံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အစိုးရဝင်ငွေအတွက်ထိုင်းနယ်စပ်တာချီ လိတ်-မယ်ဆိုင် ချစ်ကြည်ရေးချောင်းကူးတံတား၌ သွင်းကုန်အပေါ်  အခွန်စတင်ကောက်ခံနေမှုအား ကုန်သည်များ ငြီးငြူနေကြောင်း တောင်ကြီး တာချီ လိတ် ကုန်သည်တဦးကပြောသည်။

mae-sai-myanmar-thailand-border

“ကျမတို့ကို တာချီလိတ်တံတားမှာ အခွန်ကောက်နေတာ ဌာနဆိုင်ရာ အများကြီးဘဲ။ အများစုကတော့ တရားဝင် မဟုတ် ဘူး။ ဒါပေမယ့် ပေးမှ ကျွေးမှ ဖြတ်သန်းခွင့်ရတာလေ။ ကျမတို့ သျှမ်းပြည်အစိုးရအတွက် ပေးဖို့တော့ ဝန်မလေးဘူး။ ဒါပေမယ့် တရားမဝင်ဘဲပေးရတဲ့ ဒေသခံအဖွဲ့အစည်းကိုတော့ တင်းကျပ်ဖယ်ရှား ပေးဖို့တော့ တောင်းဆိုချင်တာပေါ့” ဟု တောင်ကြီးကုန် သည် ပီနန်းပီးကပြောသည်။

သွင်းကုန်တန်ဖိုး၏ ၃ ရာခိုင်နှုန်းကို သျှမ်းပြည်အစိုးရဝင်ငွေအဖြစ် အခွန်ကောက်ခံမည်ဖြစ်ကြောင်း မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် ၁ ကယခုလဆန်းပိုင်းက ကြေငြာကာ ကောက်ခံခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါအမှတ် ၁ တံတား၌ ပို့ကုန်ခွန်အပေါ် ကောက်ခံခြင်းမရှိသေးသော်လည်း တံတားအမှတ် ၂ ၌ မူ ပြည်ထောင် စုအစိုးရအတွက် ပို့ကုန်စည်းကြပ်ခွန်ကောက်ခံ ရန်ရှိသည်ဟုလည်းတာချီလိတ်ဒေသခံ အမျိုးသား တဦးကပြောသည်။

“ ပို့ကုန်စည်းကြပ်ခွန် ဘယ်လောက်ကောက်လဲဆိုတာတော့ ကျနော်တို့မသိရသေးဘူး။ သွင်းကုန်ကိုတော့ ၃ ရာခိုင်နှုန်း ကောက်တယ်။ ကိုယ့်ပြည်နယ်ဝင်ငွေအတွက်တော့ ကုန်သည်တွေကမငြိုငြင်ဘူး။သို့ပေမယ့် အဲဒီမှာ အမြဲတမ်းစောင့် ကောက် နေတာက ရဲ၊ လဝက၊ အကောက်ခွန်၊ နတလ၊ စ သုံးလုံးအပါအဝင်ဌာန ပေါင်း စုံဘဲ။ ဆိုတော့အဲဒီအတွက် ပေးရတာနဲ့ ကုန်သည်တွေအတွက် မကိုက်ဘူးပေါ့နော်” ဟုလည်း ဆို၏။2_bridge

တာချီလိတ်တံတား၌ ကုန်စည်တန်ဖိုး၏ ၃ ရာခိုင်နှုန်း အခွန်မပေးသွင်းရပါက ကျိုင်းတုံ၌ ၄ ရာခိုင်နှုန်းပေး သွင်း ရန် သို့မဟုတ် လွယ်လင်၌ ၅ ရာခိုင်နှုန်းပေးသွင်းရန် အခွင့်အရေးပေးထားပြီးတောင်ကြီးရောက် သွားသော ကုန်စည်များ တနေရာမျှအခွန်မပေးသွင်းခဲ့ရပါက သျှမ်းပြည်အစိုးရက သိမ်းယူမည်ဟုစည်းကမ်း ချက်၌ပါရှိ ကြောင်း တာချီလိတ်ရှိ နိုင်ငံရေးပါတီတခု၏ အမတ်တဦးကပြောသည်။

“ လက်ဆွဲအိပ်လေးတွေလောက်တော့မပေးရဘူးပေါ့။ လက်ဆွဲအိပ်ထက်များရင်တော့ ဂိတ်မှာဝင်မပေးချင်ရင် အာဏာပိုင် တွေချထားတဲ့ ဆိုက်ကား၊ ဆွဲလှည်းကိုငှားပြီးတင်ရတယ်။ကိုယ့်အစီအစဉ်နဲ့ကိုယ်သယ်ချင်လို့ မရဘူး” ဟုလည်း ပီနန်းပီး ကပြောသည်။

လာမည့် နိုဝင်ဘာလ တွဲဖက်ချုပ်ကိုင်မှု ၆ လ ပြီးဆုံးပါက သျှမ်းပြည်အစိုးရအနေဖြင့်ကိုယ်ထူကိုယ်ထနည်း ဖြင့် မိမိပြည် နယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ ရံပုံငွေနှင့်ပါတ်သက်သည့်အကြောင်းအချက်များ၊အခွန် ကောက် ခံမှု စနစ်၊ ပြည်နယ် အစိုးရအား ခွဲဝေပေးမည့်ရာခိုင်နှုန်း (ဥပမာ မူဆယ်  ၁၀၅ မိုင်ဂိတ်နှင့်တာချီ လိတ် မယ့်ဆိုင် ဂိတ်မှ အကောက်ခွန်များ) လူထုပိုင်လယ်ယာများအားပိုင်ဆိုင်မှုဂရမ်လုပ်ပေးခြင်းစသည်တို့ကို အကောင်အထည် ဖော်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကျားဖြူပါတီ၏ပြည်သူ့လွှတ်တော်အမတ်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဩဂတ်စ်လကစတင်သည့် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးမှာ လာမည့်နိုဝင်ဘာလ ပထမပတ်အထိ ကူးသွားနိုင် ဖွယ်ရှိ ကြောင်း သျှမ်းအမတ်တဦးကလည်းပြောသည်။

Most read this week