နှစ် ၄၀ ကျော်ကြာ ပြည်ပရောက်နေသည့် ညောင်ရွှေ စော်ဘွားမျိုးဆက်ပထမဆုံးအကြိမ် ပြန်တော်ပြန်ရာ၌ မိမိမွေးရပ် ဇာတိ ညောင်ရွှေသို့ ခရီးထွက်နေကြောင်းသျှမ်းသံတော်ဆင့်သို့ပြော သည်။
“ ကျနော့်သမီးနဲ့အတူတူပေါ့။ ဒီနေ့ညောင်ရွှေတက်မယ်။ အင်းလေးအထိသွားမယ်။အလည်သက်သက်ဘဲ ခင်ဗျ။ နောက်ပြီး ကျနော့ဇာတိက လူထုဘယ်လိုနေထိုင်စား သောက်နေကြတာလဲ။ အမျိုးတွေအဆွေတွေ ဘယ်လို နေထိုင်စားသောက်နေ ကြတာလဲ စသဖြင့်ပေါ့။ ဇာတိကနေ ထွက်လာတာ ကျနော့အသက် ၁၀နှစ် ဝန်းကျင်က တည်း ကလေဗျာ” ဟု စဝ်ဟန်က ပြောသည်။
နှစ်ပေါင်း ၅၀ ကျော်ကြာမှ ပထမဆုံးအကြိမ် ပြည်တော်ပြန်သည့်ကိစ္စမှာ နိုင်ငံရေးကိစ္စကြောင့်မဟုတ်ဘဲ မွေးရပ်မြေသို့ အလွမ်းပြေအလည်သက်သက်သာဖြစ်ကြောင်း စဝ်ဟန်ယောင်ဟွေ့ကပြောသည်။
ဖေ့စ်ဘုခ်နှင့် အွန်လိုင်းစာမျက်နှာများတွင် ပျံ့လွှင့်နေသော သတင်းများနှင့်ပတ်သက်၍ ထိုသို့ပြောခြင်းဖြစ်သည်။
“ဦးသိန်းစိန်ရဲ့ ပြည်ပရောက်နေသူတွေကို ဖိတ်ခေါ် တဲ့အချက်ကြောင့်ရယ်၊ ကျနော်နေလာခဲ့ဖူးတဲ့ဒေသကိုပြန် ကြည့် ချင်တာရယ် သာမာန်အလည်သက်သက်ပြန်တာပါ။ ဘာနိုင်ငံရေး ဆွေးနွေးရေးကိစ္စ ကြောင့်မှမဟုတ် ပါဘူး။ ကျနော့်ကိုပြန် ဖို့လဲ ဘယ်သူမှ ဖိအားမပေးရပါဘူး” ဟု ရန်ကုန်ရောက် စဝ်ဟန်ယောင်ဟွေ့က သျှမ်းသံတော်ဆင့် အားပြောပြသည်။
စဝ်ဟန်ပြည်တော်ပြန်သည့်ကိစ္စကြောင့် “ အစိုးရနှင့် နိုင်ငံရေးကိစ္စဆွေးနွေးရန်၊ပြည်တော်ပြန်အကျိုးစီးပွါး ရှာရန်” စသဖြင့် ဝေဖန် သံသယရှိနေမှုအပေါ် စဝ်ဟန်၏ ထုတ်ပြန်ကြေငြာချက်တစောင်အား EBO Euro Burma Office ရုံးမှထုတ်ပြန် ခဲ့ သည်။
စဝ်ဟန်၏ ထုတ်ပြန်ကြေငြာချက်မှာ- သမ္မတကြီး ဦးသိန်းစိန်၏ ပြည်ပရောက်နေသူများအား ဖိတ်ခေါ်ချက် ကြောင့် မြန်မာ ပြည်သို့ ပြန်သွားလည်ရခြင်းဖြစ်ကြောင်း၊ မွေးရပ်ဇာတိရှိ လူထု မည်သို့နေထိုင် စားသောက်နေ မည်ကို လေ့လာသိရှိလို သဖြင့် ပြန်ခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံရှိ တခြားသော ပြည်နယ်နှင့် တိုင်းများ၌သွား ရောက်လည်ပတ်ရန် ဆန္ဒရှိကြောင်း၊ မိမိအနေနှင့်မူ နိုင်ငံရေးနှင့်ပတ်သက်၍ တစုံတယောက် (အဖွဲ့ အစည်း) နှင့်တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိကြောင်း၊ မိမိ၏ခရီးစဉ်မှာအဖွဲ့အစည်းတခုခု၏ကိုယ်စားပြု သည့် ခရီး စဉ်မဟုတ်သကဲ့သို့ အဖွဲ့အစည်းတခုခုအားကိုယ်စားပြု၍ နိုင်ငံရေးအကြောင်းဆွေးနွေးမည်မဟုတ်ကြောင်း -စသဖြင့်ပါရှိသည်။
အလားတူ EBO အနေဖြင့်လည်း ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့သည်။ ၎င်း၏ ကြေငြာချက်မှာ- စဝ်ဟန်ယောင်ဟွေ့ သည်မိမိကိုယ်ရေးကိုယ်တာကိစ္စဖြင့်သာ မြန်မာပြည်ပြန်ခြင်းဖြစ်သည်။ ၎င်းအား မိမိတို့အနေဖြင့်(အစိုးရနှင့်ဆွေးနွေးရေး ကိစ္စအပါအဝင်) မည်သည့်အာဏာမှ ပေးမထားသဖြင့် ၎င်း၏ ပြည်တော်ပြန်သည့်ကိစ္စ အဖွဲ့အစည်းအားထိခိုက် နစ်နာ စေ မည်မဟုတ် စသဖြင့် ပါရှိသည်။
ဟန်ယောင်ဟွေ့ဟု လူသိများသော စဝ်ဆေဟန်ဖှ (အသက် ၆၃ နှစ်) သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ အငယ်ဆုံးသား၊ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းက ၁၉၄၈ ခုနှစ် ၌ မွေးဖွားခဲ့သည်။ ၁၉၆၃ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတနှစ်အကြာ (အသက် ၁၅ နှစ်အရွယ်ခန့်က) မိခင်နှင့်အတူ ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး ဘန်ကောက်မြို့ ကျူလားလုံးကောန်းတက္ကသိုလ်၌ ပညာဆည်းပူးခဲ့သည်။
ကနေဒါနိုင်ငံအခြေပြု Associates to Develop Democratic Burma ADDB နှင့် ၎င်းမှချမှတ်သည့်လုပ်ငန်း တာဝန် များဖော်ဆောင်သည့် ဘယ်လ်ဂျီယမ်အခြေပြု Euro Burma Office EBO ရုံးကိုလည်းတည်ထောင်ခဲ့ သည်။ ထို့မှ ဒီမိုကရေစီရေးလှုပ်ရှားနေသည့် မြန်မာနိုင်ငံသား အဖွဲ့အစည်းများအားဒါရိုက်တာ အဖြစ် တာဝန်ယူ ကူညီထောက်ပံ့ပေးခဲ့ သည်။
အစ်ကိုကြီးဖြစ်သူ ဆေခန်ဖှ( Tiger Yawnghwe )၂၀၀၅ မှာ ခုနှစ်က Federal Shan Government ကြေငြာခဲ့သည်။ ဒုတိယအစ်ကိုဖြစ် သူ စဝ်ဇန့် ယောင်ဟွေ့ Chao Tzang Ywanghwe (၁၉၃၉ - ၂၀၀၄) မှာမူ ၁၉၆၃ မှ ၁၉၇၆ အထိ သျှမ်းပြည်တော်လှန်ရေး လုပ်ငန်း၌ ပါဝင်ခဲ့ဖူးသကဲ့သို့ (ယနေ့အထိ တည်ရှိနေဆဲဖြစ် သော) SSPP သျှမ်းပြည်တိုးတက် ရေးပါတီ ကို စတင်တည် ထောင်သူဖြစ်သဖြင့်တိုင်းရင်းသားတော်လှန်ရေး အသိုင်းအဝိုင်းများက ကြည်ညိုလေးစား ကြသည်။