ပြန်ပေးဆွဲခံလမ်းပြုပြင် ဝန်ထမ်းများအတွက် တစ်ယောက်လျှင်ငွေ ၁၀ သိန်းတောင်းခံထား

ပြန်ပေးဆွဲခံလမ်းပြုပြင် ဝန်ထမ်းများအတွက် တစ်ယောက်လျှင်ငွေ ၁၀ သိန်းတောင်းခံထား
by -
မင်းသုတ

မင်းသုတ – ပြီးခဲ့သည့်အောက်တိုဘာ (၂၁) ရက် နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်ရွာအနီး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပြန်ပေးဆွဲခံခဲ့ရသည့် ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်းများအား တစ်ယောက်လျှင်ငွေ ၁၀ သိန်းဖြင့်ရွေးယူရန် အ ကြောင်းကြားထားကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။

KMW
“လေးယောက်ဖမ်းသွားတဲ့အထဲက တယောက်ကိုပြန်လွှတ်လာပြီး တစ်ယောက်ကို ငွေဆယ်သိန်းပေးရမယ်လို့ အဲဒီလူကတဆင့်အကြောင်းကြားလာတယ်၊ ကျန်သုံးယောက်ကိုတော့ တောထဲမှာဖမ်းချုပ်ထားတုန်း” ဟု အမည်ဖေါ်ပြခွင့်မပြုသော အထက်ပါနီးစပ်သူက ဆက်ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း မော်လမြိုင်-ရေး-မလွှဲတောင် မော်တော်ကားလမ်းကိုကံထရိုက်ရယူထားသောအေးကို မိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမိတက် လမ်းပြုပြင်ရေးအလုပ်စခန်းတစ်ခုအား နံနက်စောစောလင်းအား ကြီးအချိန် (နံနက်-၅ နာရီဝန်းကျင်) ခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဝန်ထမ်း (၄) ဦးတို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆောက်လုပ်ရေးကုမ္မဏီအလုပ်စခန်းတစ်ခုကို ၄င်းလက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ခဲ့စဉ် ရုံးအဆောက် အဦးနှင့် မော်တော်ကားများကိုပါ မီးတင်ရှိုခဲ့ပြီး သေနတ်များလည်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြော သည်။

၎င်းပြန်လည်လွတ်မြောက်လာသူအား ကမာဝက်ရဲစခန်းမှ လိုအပ်သောစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု သိရပြီး ယခုအခါမည်သည့်နေရာသို့ရောက်ရှိနေသည်ကို မသိရှိရပေ။

“ကမာဝက်ရွာဘုရားပွဲတော်မတိုင်ခင်ကလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ အနီးအနားရွာတွေမှာငွေလိုက်တောင်း နေတာရှိ ခဲ့တယ်၊ အချို့ခြံသမားတွေ ငွေပေးခဲ့ရတယ်” ဟု ကမာဝက်ရွာမှ ရာဘာခြံပိုင်ရှင်တစ်ဦးကပြော သည်။

ပြီးခဲ့သည့်အောက်တိုဘာ (၁၈-၂၀) ကမာဝက်ရွာ ဘုရားပွဲတော်ကျင်းပသည့်နေ့ရက်များ ဖြစ်သည်။အလား တူ အေးကိုဆောက်လုပ်ရေးကုမ္ပဏီအလုပ်သမားဝန်ထမ်းတစ်ဦးအား လွန်ခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့တွင် ဟပွေးသန်းလွင် ဦးစီးသည့် မွန်၊ ကရင်လက်နက်ကိုင် ပူးပေါင်းအဖွဲ့တစ်ဖွဲ့မှ ပြန်ပေးဆွဲခဲ့ကာ ငွေကျပ်သိန်း ၁၅၀ တောင်းဆိုခဲ့ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

မော်လမြိုင် – ရေး-မလွှဲတောင်အပိုင်း လမ်းမိုင်အရှည် ( ၁၁၂) မိုင် (၆) ဖာလုံကို အေးကိုမိသားစုဆောက်လုပ် ရေးကုမ္မဏီလီမိတက်သို့ ၁၆-၃-၂၀၁၁ ရက်နေ့မှစတင်၍ ဘီအိုတီစနစ်ဖြင့် လမ်းတံတားများပြင်ဆင်ထိန်းသိမ်း ခြင်းနှင့် အဆင့်မြှင့်တည်ဆောက်နိုင်ရန် လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့သည်။

၄င်းကုမ္ပဏီသည် ပြီးခဲ့သည့်မိုးရာသီကာလအတွင်း၌ ဒေသရှိလမ်းများကိုပြုပြင်ခြင်းရပ်နားခဲ့သဖြင့်မော်တော် ကားများသွားလာမှုခက်ခဲ့နေကြောင်း၊ လမ်းအသုံးပြုခများကိုသာ နေစဉ်မပြတ်ကောက်ခံခြင်းကိုသာ ပြုလုပ်နေကြောင်း ခရီးသည်များထံမှသိရသည်။

ယခုကဲ့သို့ မွန်ပြည်နယ်အချို့ဒေသများ၌ လက်နက်ကိုင်အဖွဲ့များမှ ဆက်ကြေးတောင်းခံခြင်းနှင့်ပြန်ပေး ဆွဲခြင်းများသည် ၂၀၁၀ ခုနှစ်အတွင်း စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲရေးပျက်ပြား ပြီးနောက်ပိုင်းတွင် ပိုမိုိုဖြစ်ပေါ်လာသည်ဟု လေ့လာသူများသုံးသပ်ကြသည်။

ယနေ့ဖြစ်ပေါ်ခဲ့သောအထက်ပါဖြစ်ရပ်ကို ဒေသရှိ မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင်ဌာနချုပ်မှစုံစမ်းနေဆဲ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက ပြောသည်။

Most read this week